Celebrities

မိဘတွေတည်တဲ့ စေတီမှာ စိန်ဖူးတော် လှူဒါန်းပေးခဲ့တဲ့ ငွေဇင်လှိုင်း

ငွေဇင်လှိုင်းကတော့ မြန်မာအိုင်ဒေါ Season-3 ပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာခဲ့သူတစ်ယောက်ပါ။ တမူးသူလေးဖြစ်ပြီး အလှူဒါနအမြဲမပြတ်ပြုလုပ်တတ်တဲ့မိဘတွေကို ပိုင်ဆိုင်ထားသလို ကိုယ်တိုင်လည်း အမြဲလိုလိုလှူဒါန်းနေသူတစ်ယောက်ပါ။

ဒီတစ်ခေါက်မှာလည်း မိဘတွေနဲ့အတူ ကောင်းမှုကုသိုလ်လေးပြုလုပ်ဖြစ်တဲ့အကြောင်း ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။ တမူးမြို့၊ ပညာရာမကျောင်းတိုက်အတွင်းမှာ သူ့ရဲ့မိဘတွေက ပညာရတနစေတီတော်ကို တည်ထားလှူဒါန်းခဲ့ပြီး မိဘတွေတည်ထားတဲ့ဘုရားမှာ စိန်ဖူးတော်လေး လှူဒါန်းပေးဖြစ်ခဲ့တဲ့အကြောင်း သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ်။

ဒီအလှူလေးကိုတော့ မိခင်ကြီးရဲ့လမ်းပြမှုနဲ့ လှူဒါန်းပေးဖြစ်ခဲ့တာဖြစ်ပြီး မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေပွဲတွေကနေရရှိလာတဲ့ အနုပညာကြေးတချို့နဲ့ အလှူဒါနပြုခဲ့တာမို့ ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရား၊ကျောင်း ဒါယိကာမဖြစ်နေတဲ့ ငွေဇင်လှိုင်းကတော့ လေးစားအတုယူစရာပါပဲနော်။

Source – Ngwezin Hline
Rainbow- Cele Gabar

#credit