Health & Knowledge

မဲနေတဲ့ ဒူးခေါင်းတွေ တံတောင်ဆစ်တွေကို ခဏလေးနဲ့ ပြန်လည်ဖြူဝင်းလာစေမယ့် နည်းလမ်း(၅)မျိုး

Zawgyi

မဲနေတဲ့ ဒူးခေါင်းတွေ တံတောင်ဆစ်တွေကို ခဏလေးနဲ့ ပြန်လည်ဖြူဝင်းလာစေမယ့် နည်းလမ်း(၅)မျိုး။ ဒူးခေါင်းတွေ တံတောင်ဆစ်တွေ မဲနေလို့ သင်အရမ်းစိတ်ညစ်နေလား။ ဒူးခေါင်းတွေ

တံတောင်ဆစ်တွေ မဲနေတာကြောင့် ပျိုမေတွေက လက်ပြတ်အကျင်္ီ၊ ဘောင်းဘီတို၊ စကပ်တိုဝတ်တဲ့နေရာမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒီလိုမဲနေတဲ့ အကြောင်းအရင်းတွေကတော့

ဆဲလ်သေတွေ စုပုံးနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒူးခေါင်းမဲ တံတောင်မဲနေတာတွေကို ဖြေရှင်းပေးဖို့အတွက် လိုအပ်တဲ့ နည်းလမ်း(၅)မျိုးကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ သခွားသီး – သခွားသီးဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နေရာမှာတော့ အရမ်းထိရောက်တဲ့ပစ္စည်းတစ်ခုပါပဲ။ သခွားသီးကို မဲနေတဲ့ ဆဲလ်သေတွေအပေါ်မှာ ၁၅မိနစ်လောက်

ကပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး တံတောင်ဆစ် ဒူးခေါင်းတွေကို အစိုဓာတ် ရရှိစေပါတယ်။ တစ်ရက်မှာ တစ်ခါလုပ်ပေးခြင်းအားဖြင့် တစ်လအတွင်း သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။

၂။ အုန်းဆီ – အုန်းဆီမှာ ဗီတာမင် E နဲ့ အခြားအက်ဆစ်ဓာတ်တွေ ပါဝင်နေတဲ့အတွက် မဲနေတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းတောက်ပစေမှာပါ။ ရေချိုးပြီးတဲ့အခါ အုန်းဆီကို မဲနေတဲ့နေရာတွေမှာ

စက်ဝိုင်းပုံစံပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် လိမ်းထားပါ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ ဒီအတိုင်း နေ့စဉ် ၅မိနစ်ခန့် လိမ်းပေးခြင်းဖြင့် မဲနေတဲ့နေရာတွေ ၁လအတွင်း ဖြူဝင်းလာစေမှာပါ။

၃။ သကြားနဲ့ သံလွင်ဆီ – အရင်ဦးဆုံး သကြားနဲ့သံလွင်ဆီကို ရောသမမွေပြီးတော့ မဲနေတဲ့ ဒူးခေါင်းနဲ့ တံတောင်ဆစ်တွေကို စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။ ပြီးရင် ၅မိနစ်ခန့်

အနည်းဆုံး လိမ်းထားပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီအတိုင်း နေ့စဉ်ပြုလုပ်ပေးခြင်းအားဖြင့် ၁လအတွင်း မဲနေတဲ့နေရာတွေ သိသိသာသာ ဖြူဝင်းလာစေမှာပါ။

၄။ သံပုရာသီးနဲ့ မုန့်ဖုတ်ဆိုဒါ – သံပုရာသီးမှာ ဗီတာမင် C ပါဝင်တဲ့အတွက် အသားအရည်ကို ဖြူဝင်းစေပါတယ်။ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီးတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ထည့်ပြီးတော့ ရောမွေပါ။

ပြီးရင် မဲနေတဲ့နေရာတွေမှာ သုတ်လိမ်းပြီးတော့ ၁၅မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီအတိုင်းကို နေ့စဉ် ၁ရက် ၂ခါ လုပ်ပေးခြင်းအားဖြင့် သိသာတဲ့ရလဒ်ကို ထင်ထင်ရှားရှားရရှိစေမှာပါ။

၅။ ပျားရည် – ပျားရည်က အသားအရည်ကို နူးညံ့စေပြီးတော့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ မဲနေတဲ့ ဒူးခေါင်တွေ မဲနေတဲ့တံတောင်ဆစ်အပေါ်ကို ပျားရည် တစ်ပတ် ၃ခါလောက်

လိမ်းပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နူးညံ့ဖြူဝင်းလာနိုင်စေပါတယ်။ အားလုံးပဲ ဒူးခေါင်းဖြူဖြူလေးတွေ တံတောင်ဆစ်ဖြူဖြူလေးတွေ အမြဲဖြစ်နိုင်ကြပါစေ။ ခရက်ဒစ်

Unicode

မဲနေတဲ့ ဒူးခေါင်းတွေ တံတောင်ဆစ်တွေကို ခဏလေးနဲ့ ပြန်လည်ဖြူဝင်းလာစေမယ့် နည်းလမ်း(၅)မျိုး။ ဒူးခေါင်းတွေ တံတောင်ဆစ်တွေ မဲနေလို့ သင်အရမ်းစိတ်ညစ်နေလား။ ဒူးခေါင်းတွေတံတောင်ဆစ်တွေ မဲနေတာကြောင့် ပျိုမေတွေက လက်ပြတ်အကျၤီ၊ ဘောင်းဘီတို၊ စကပ်တိုဝတ်တဲ့နေရာမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးနေတတ်ပါတယ်။ ဒီလိုမဲနေတဲ့ အကြောင်းအရင်းတွေကတော့ဆဲလ်သေတွေ စုပုံးနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒူးခေါင်းမဲ တံတောင်မဲနေတာတွေကို ဖြေရှင်းပေးဖို့အတွက် လိုအပ်တဲ့ နည်းလမ်း(၅)မျိုးကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။

၁။ သခွားသီး – သခွားသီးဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နေရာမှာတော့ အရမ်းထိရောက်တဲ့ပစ္စည်းတစ်ခုပါပဲ။ သခွားသီးကို မဲနေတဲ့ ဆဲလ်သေတွေအပေါ်မှာ ၁၅မိနစ်လောက်ကပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး တံတောင်ဆစ် ဒူးခေါင်းတွေကို အစိုဓာတ် ရရှိစေပါတယ်။ တစ်ရက်မှာ တစ်ခါလုပ်ပေးခြင်းအားဖြင့် တစ်လအတွင်း သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။

၂။ အုန်းဆီ – အုန်းဆီမှာ ဗီတာမင် E နဲ့ အခြားအက်ဆစ်ဓာတ်တွေ ပါဝင်နေတဲ့အတွက် မဲနေတဲ့ အသားအရေကို ပြန်လည်ဖြူဝင်းတောက်ပစေမှာပါ။ ရေချိုးပြီးတဲ့အခါ အုန်းဆီကို မဲနေတဲ့နေရာတွေမှာစက်ဝိုင်းပုံစံပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် လိမ်းထားပါ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ ဒီအတိုင်း နေ့စဉ် ၅မိနစ်ခန့် လိမ်းပေးခြင်းဖြင့် မဲနေတဲ့နေရာတွေ ၁လအတွင်း ဖြူဝင်းလာစေမှာပါ။

၃။ သကြားနဲ့ သံလွင်ဆီ – အရင်ဦးဆုံး သကြားနဲ့သံလွင်ဆီကို ရောသမမွေပြီးတော့ မဲနေတဲ့ ဒူးခေါင်းနဲ့ တံတောင်ဆစ်တွေကို စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။ ပြီးရင် ၅မိနစ်ခန့်အနည်းဆုံး လိမ်းထားပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီအတိုင်း နေ့စဉ်ပြုလုပ်ပေးခြင်းအားဖြင့် ၁လအတွင်း မဲနေတဲ့နေရာတွေ သိသိသာသာ ဖြူဝင်းလာစေမှာပါ။

၄။ သံပုရာသီးနဲ့ မုန့်ဖုတ်ဆိုဒါ – သံပုရာသီးမှာ ဗီတာမင် C ပါဝင်တဲ့အတွက် အသားအရည်ကို ဖြူဝင်းစေပါတယ်။ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီးတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ထည့်ပြီးတော့ ရောမွေပါ။ပြီးရင် မဲနေတဲ့နေရာတွေမှာ သုတ်လိမ်းပြီးတော့ ၁၅မိနစ်လောက်ထားပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီအတိုင်းကို နေ့စဉ် ၁ရက် ၂ခါ လုပ်ပေးခြင်းအားဖြင့် သိသာတဲ့ရလဒ်ကို ထင်ထင်ရှားရှားရရှိစေမှာပါ။

၅။ ပျားရည် – ပျားရည်က အသားအရည်ကို နူးညံ့စေပြီးတော့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ မဲနေတဲ့ ဒူးခေါင်တွေ မဲနေတဲ့တံတောင်ဆစ်အပေါ်ကို ပျားရည် တစ်ပတ် ၃ခါလောက်လိမ်းပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နူးညံ့ဖြူဝင်းလာနိုင်စေပါတယ်။ အားလုံးပဲ ဒူးခေါင်းဖြူဖြူလေးတွေ တံတောင်ဆစ်ဖြူဖြူလေးတွေ အမြဲဖြစ်နိုင်ကြပါစေ။ ခရက်ဒစ်