Lifestyle

ဘုန်းကြီးကျောင်းနားက ‌ဘေးမဲ့ပေးထားတဲ့ ဘုရားငါးကြီးတွေတောင်မချန်တဲ့ လူတွေရဲ့လောဘ

Zawgyi

ထိုင်းနိုင်ငံ (Tak) တခ်ခရိုင် ” ဘန့်တခ် ” မြို့နယ်က ” ဖရဘရုမ်ထတ် ” ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ” နောင်လဲမ့် ” ရှေးသမိုင်းဝင်ရေကန်ကြီးထဲမှာ ယမန်နေ့

၂၁-၈-၂၀၂၀ ဒေသခံတွေ ငါးဖမ်းပြိုင်ပွဲကြီး ပြုလုပ်ကြတယ်။ လူတွေကြိတ်ကြိတ်တိုးနေကြတဲ့မြင်ကွင်းက ကုန်းပေါ်မှာမဟုတ်ပါဘူး ၊ ရေကန်ကြီးထဲမှာ ပိုက်ကွန်တွေနဲ့ အလုအယက်

ဖမ်းယူနေကြတဲ့ မြင်ကွင်းတွေပါ။ ဘေးမဲ့ပေးထားတဲ့ သက်တမ်းရင့် ဧရာမ (Pangasianodon Gigas) ငါးကြီးတွေ၊ ကီလို ၁၅၀ ကနေ ၂၅၀ အထိရှိတဲ့ငါးတွေ တစ်ကောင်မှမကျန်လို့

ထိုင်းလူမှုကွန်ယက် စာမျက်နှာရော၊ ရုပ်သံမှာပါ တာဝန်ရှိသူ အုပ်ချုပ်ရေးနဲ့ ခရိုင်အဆင့်အဖွဲ့ကို မသိရကောင်းလားဆိုပြီး ဝေဖန်မှုတွေ၊ ဖြန့်ဝေမှုတွေ မြင့်တက်နေပါတယ်။

ဒါ မဖြစ်သင့်ဘူးလို့လည်း ဆိုကြပါတယ်။ ဒီငါးကြီးတွေဟာ ဘေးမဲ့ပေးထားတာ ကြာခဲ့ပြီလို့လည်း သိရပါတယ်။ အခုမှ မည်သူကလေလံဆွဲသလဲဆိုတာ စုံစမ်းမှုတွေပြုလုပ်နေပါပြီ။

နောက်ကွယ်က အဓိက ကြိုးကိုင်ပြီး လေလံဆွဲသူကို အရေးယူပေးဘို့ ဝိုင်းဝန်းတောင်းဆို ထားကြပါတယ်။ တချို့ငါးကြီးတွေဆိုရင် ကြီးလွန်းလို့ သယ်တောင် မသယ်နိုင်ကြပါဘူးတဲ့။

Unicode

ထိုင်းနိုင်ငံ (Tak) တခ်ခရိုင် ” ဘန့်တခ် ” မြို့နယ်က ” ဖရဘရုမ်ထတ် ” ဘုန်းကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ” နောင်လဲမ့် ” ရှေးသမိုင်းဝင်ရေကန်ကြီးထဲမှာ ယမန်နေ့
၂၁-၈-၂၀၂၀ ဒေသခံတွေ ငါးဖမ်းပြိုင်ပွဲကြီး ပြုလုပ်ကြတယ်။ လူတွေကြိတ်ကြိတ်တိုးနေကြတဲ့မြင်ကွင်းက ကုန်းပေါ်မှာမဟုတ်ပါဘူး ၊ ရေကန်ကြီးထဲမှာ ပိုက်ကွန်တွေနဲ့ အလုအယက်ဖမ်းယူနေကြတဲ့ မြင်ကွင်းတွေပါ။ ဘေးမဲ့ပေးထားတဲ့ သက်တမ်းရင့် ဧရာမ (Pangasianodon Gigas) ငါးကြီးတွေ၊ ကီလို ၁၅၀ ကနေ ၂၅၀ အထိရှိတဲ့ငါးတွေ တစ်ကောင်မှမကျန်လို့ထိုင်းလူမှုကွန်ယက် စာမျက်နှာရော၊ ရုပ်သံမှာပါ တာဝန်ရှိသူ အုပ်ချုပ်ရေးနဲ့ ခရိုင်အဆင့်အဖွဲ့ကို မသိရကောင်းလားဆိုပြီး ဝေဖန်မှုတွေ၊ ဖြန့်ဝေမှုတွေ မြင့်တက်နေပါတယ်။ဒါ မဖြစ်သင့်ဘူးလို့လည်း ဆိုကြပါတယ်။ ဒီငါးကြီးတွေဟာ ဘေးမဲ့ပေးထားတာ ကြာခဲ့ပြီလို့လည်း သိရပါတယ်။ အခုမှ မည်သူကလေလံဆွဲသလဲဆိုတာ စုံစမ်းမှုတွေပြုလုပ်နေပါပြီ။နောက်ကွယ်က အဓိက ကြိုးကိုင်ပြီး လေလံဆွဲသူကို အရေးယူပေးဘို့ ဝိုင်းဝန်းတောင်းဆို ထားကြပါတယ်။ တချို့ငါးကြီးတွေဆိုရင် ကြီးလွန်းလို့ သယ်တောင် မသယ်နိုင်ကြပါဘူးတဲ့။credit