Lifestyle

COVID-19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန် တိုင်း ကင်မရာ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ တီထွင် စမ်းသပ် အောင်မြင်

ကချင် ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန်တိုင်း ကင်မရာအား ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)ကျောင်းသားများက တီထွင် စမ်းသပ်အောင်မြင်ခဲ့ပြီး တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့က သိရသည်။

COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန်တိုင်း တာသည့် ကင်မရာသည် အလွန် သက်သာသည့် ငွေကျပ်ခြောက်သောင်းကျပ်ဖြင့် အောင်မြင်စွာ တီထွင်ဖန်တီးခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TVဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်သည့်အပြင် TVနှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့် လည်း တိုင်းတာမှုရလဒ်များ ပုံရိပ်များကိုလည်း ကြည့်ရှုနိုင်ကာ SD Cardဖြင့်လည်း မှတ်တမ်းတင်စောင့်ကြည့်နိုင်သည်။

“COVID-19ကာလ အတွင်း ကျောင်းများ၊ရုံး အဖွဲ့အစည်းများ အတွင်း လူတစ်ဦးမှနေ၍ ကင်မရာအား ကိုင်တွယ်ပြီး အပူချိန်တိုင်းတာ စရာမလိုဘဲ ကင်မရာရှေ့ ရပ်ရုံဖြင့် အပူချိန်တိုင်းတာ မှတ်တမ်းတင်နိုင်ခြင်း၊ အင်တာနက်လိုင်းရရှိပါက ဖုန်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ လူလူချင်း ထိတွေ့မှု မရှိစေခြင်း၊ အချိန် လုပ်သားအင်အား ငွေကုန်ကြေးကျ သက်သာစေခြင်း၊ လျှပ်စစ်မီးမရသည့် နေရာများ၌ ဓာတ်ခဲဖြင့် အသုံးပြုနိုင်ခြင်း စသည့်တို့အပြင် သတ်မှတ်အပူချိန် ကျော်လွန်ပါက သတိပေးစနစ်လည်း တီထွင်ထည့်သွင်းပါရှိပါတယ်”ဟု ကျောင်းအုပ်ဆရာမကြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာမေဖြိုးဦး က ပြောသည်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်း အုပ်ကြီး ဒုတိယပါ မောက္ခချုပ် ဒေါက်တာမေဖြိုးဦး ဦးဆောင် ကြီးကြပ်၍ ကျောင်းသားများဖြစ်သည့် မောင်နိုင်ဝင်းအောင်၊ မောင်ပိုင်ဝေယံခန့်၊ မောင်ထက်ယံကျော်၊မောင်ယဉ်အောင်နှင့် မောင်ဂွမ်ဂူလတ် တို့က သုံးလကြာ တီထွင် ဖန်တီးကြိုးစားခဲ့ပြီး လိုအပ်သည့် ဆက်စပ်ပစ္စည်းများ အား မြတ်မင်း အီလက် ထရောနစ်ဆိုင်(ဗန်းမော်)က ပံ့ပိုးကူညီပေးခဲ့သည်။

အပူချိန်တိုင်းတာ သည့် ကင်မရာ တီထွင်အောင်မြင် ခဲ့ပြီးနောက် အချိန်တစ်လ အတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်များ၊ စာသင်ကျောင်းများ၊မြို့အဝင် အထွက်ဂိတ်များ၌ အခမဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အပူချိန်တိုင်းတာ သည့် စက်ရုပ်ကိုလည်း တီထွင်ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန် တိုင်း ကင်မရာ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ တီထွင် စမ်းသပ် အောင်မြင်

ကချင် ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန်တိုင်း ကင်မရာအား ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)ကျောင်းသားများက တီထွင် စမ်းသပ်အောင်မြင်ခဲ့ပြီး တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့က သိရသည်။

COVID-19ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု အပူချိန်တိုင်း တာသည့် ကင်မရာသည် အလွန် သက်သာသည့် ငွေကျပ်ခြောက်သောင်းကျပ်ဖြင့် အောင်မြင်စွာ တီထွင်ဖန်တီးခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TVဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်သည့်အပြင် TVနှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့် လည်း တိုင်းတာမှုရလဒ်များ ပုံရိပ်များကိုလည်း ကြည့်ရှုနိုင်ကာ SD Cardဖြင့်လည်း မှတ်တမ်းတင်စောင့်ကြည့်နိုင်သည်။

“COVID-19ကာလ အတွင်း ကျောင်းများ၊ရုံး အဖွဲ့အစည်းများ အတွင်း လူတစ်ဦးမှနေ၍ ကင်မရာအား ကိုင်တွယ်ပြီး အပူချိန်တိုင်းတာ စရာမလိုဘဲ ကင်မရာရှေ့ ရပ်ရုံဖြင့် အပူချိန်တိုင်းတာ မှတ်တမ်းတင်နိုင်ခြင်း၊ အင်တာနက်လိုင်းရရှိပါက ဖုန်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ လူလူချင်း ထိတွေ့မှု မရှိစေခြင်း၊ အချိန် လုပ်သားအင်အား ငွေကုန်ကြေးကျ သက်သာစေခြင်း၊ လျှပ်စစ်မီးမရသည့် နေရာများ၌ ဓာတ်ခဲဖြင့် အသုံးပြုနိုင်ခြင်း စသည့်တို့အပြင် သတ်မှတ်အပူချိန် ကျော်လွန်ပါက သတိပေးစနစ်လည်း တီထွင်ထည့်သွင်းပါရှိပါတယ်”ဟု ကျောင်းအုပ်ဆရာမကြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာမေဖြိုးဦး က ပြောသည်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်း အုပ်ကြီး ဒုတိယပါ မောက္ခချုပ် ဒေါက်တာမေဖြိုးဦး ဦးဆောင် ကြီးကြပ်၍ ကျောင်းသားများဖြစ်သည့် မောင်နိုင်ဝင်းအောင်၊ မောင်ပိုင်ဝေယံခန့်၊ မောင်ထက်ယံကျော်၊မောင်ယဉ်အောင်နှင့် မောင်ဂွမ်ဂူလတ် တို့က သုံးလကြာ တီထွင် ဖန်တီးကြိုးစားခဲ့ပြီး လိုအပ်သည့် ဆက်စပ်ပစ္စည်းများ အား မြတ်မင်း အီလက် ထရောနစ်ဆိုင်(ဗန်းမော်)က ပံ့ပိုးကူညီပေးခဲ့သည်။

အပူချိန်တိုင်းတာ သည့် ကင်မရာ တီထွင်အောင်မြင် ခဲ့ပြီးနောက် အချိန်တစ်လ အတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်များ၊ စာသင်ကျောင်းများ၊မြို့အဝင် အထွက်ဂိတ်များ၌ အခမဲ့တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အပူချိန်တိုင်းတာ သည့် စက်ရုပ်ကိုလည်း တီထွင်ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။credit