Lifestyle

NLD ပါတီ တံဆိပ် ပါ MASK များတပ်ဆင် ခဲ့သည့် ရဲ အရာရှိ (၃)ဦး နယ်ပြောင်းရွှေ့ အရေးယူခံရကြောင်း သတင်းထွက်ပေါ်

Zawgyi

NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦး ကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေး ယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါသတင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ ကတော့ “ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံ ဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။

သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော် ၌ တာဝန်ကျ ရဲအရာရှိ (၃) ဦးသည် အလုပ်မှ အပြန်ဟုဆိုကာ NLD ပါတီ အမှတ်တံဆိပ်ပါသည့် Mask တပ်ဆင်၍ ဖေ့စဘွတ်ပေ်သို့ ဓါတ်ပုံများ တင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာဦးအောင်ရှင်ကတော့…

“ဒီကိစ္စကပြောရတာအကြောင်း ၂ ချက် ရှိတာပေါ့လေ။ တစ်အချက်ကတော့ NLD ရဲ့နှာခေါင်းစည်းကိုတပ်တာပေါ့လေ။ နှာခေါင်းစည်းကို တပ်တာကတော့ ဒါသူ့ရဲ့လွတ်လပ်ခွင့်ပဲလေ။ အဲဒါကို မတပ်ရဘူးလို့ ဘယ်သူကမှတားမြစ်တာ မျိုးမရှိဘူး။ နောက်တစ်ခုက အဲဒီလိုတပ်ခြင်းအားဖြင့် သူက ပါတီနိုင်ငံရေးကိုလုပ်တယ်လို့လည်း ပြောလို့မရဘူး။ သူ့လွတ်လပ်ခွင့်ပဲ။

နောက်တစ်ချက်ကတော့ သူကရဲတပ်ဖွဲ့ဝင်ဖြစ်တော့ ပြည်ထဲရေးလက်အောက်ခံဖြစ်တယ်လေ။ ပြည်ထဲရေးဥပဒေအရ အရေးယူတာမျိုးတော့လုပ်ရင်ရတာပေါ့လေ။ အပြစ်တစ်ခုအနေနဲ့အရေးယူရင်ရတာပေါ့လေ။ ကျွန်တော်တို့အမြင်တော့ ဒါသူ့လွတ်လပ်ခွင့်အရတပ်တာပဲ” လို့ မုံရွာဦးအောင်ရှင်က ပြောကြားခဲ့သည်

Unicode

NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦး ကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေး ယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါသတင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ ကတော့ “ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံ ဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။

သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော် ၌ တာဝန်ကျ ရဲအရာရှိ (၃) ဦးသည် အလုပ်မှ အပြန်ဟုဆိုကာ NLD ပါတီ အမှတ်တံဆိပ်ပါသည့် Mask တပ်ဆင်၍ ဖေ့စဘွတ်ပေ်သို့ ဓါတ်ပုံများ တင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာဦးအောင်ရှင်ကတော့…

“ဒီကိစ္စကပြောရတာအကြောင်း ၂ ချက် ရှိတာပေါ့လေ။ တစ်အချက်ကတော့ NLD ရဲ့နှာခေါင်းစည်းကိုတပ်တာပေါ့လေ။ နှာခေါင်းစည်းကို တပ်တာကတော့ ဒါသူ့ရဲ့လွတ်လပ်ခွင့်ပဲလေ။ အဲဒါကို မတပ်ရဘူးလို့ ဘယ်သူကမှတားမြစ်တာ မျိုးမရှိဘူး။ နောက်တစ်ခုက အဲဒီလိုတပ်ခြင်းအားဖြင့် သူက ပါတီနိုင်ငံရေးကိုလုပ်တယ်လို့လည်း ပြောလို့မရဘူး။ သူ့လွတ်လပ်ခွင့်ပဲ။

နောက်တစ်ချက်ကတော့ သူကရဲတပ်ဖွဲ့ဝင်ဖြစ်တော့ ပြည်ထဲရေးလက်အောက်ခံဖြစ်တယ်လေ။ ပြည်ထဲရေးဥပဒေအရ အရေးယူတာမျိုးတော့လုပ်ရင်ရတာပေါ့လေ။ အပြစ်တစ်ခုအနေနဲ့အရေးယူရင်ရတာပေါ့လေ။ ကျွန်တော်တို့အမြင်တော့ ဒါသူ့လွတ်လပ်ခွင့်အရတပ်တာပဲ” လို့ မုံရွာဦးအောင်ရှင်က ပြောကြားခဲ့သည် credit