Celebrities

ရိုက်ကူးရေးလုပ်ပြီး အနုပညာရှင်တွေကို ကန်တော့ရတဲ့ ပီတိက ဘာနဲ့မှမလဲနိုင်ဘူးဆိုတဲ့ ဖြူဖြူထွေး

ကျောင်းကပွဲတစ်ခုကနေတဆင့် ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်အဖြစ်နာမည်ကျော်လာတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ ကြော်ငြာတွေ ဇာတ်လမ်းတိုတွေရိုက်ကူးရင် ပရိသတ်အားပေးမှု အတော်လေးရလာခဲ့ပြီဖြစ်ပါတယ် ။ မကြာခဏ ဆိုသလို သူမရရှိတဲ့ အနုပညာကြေးလေးနဲ့ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေ လေးစားချစ်ခင်နေကြရတဲ့ အနုပညာရှင် တစ်ယောက်လို့တောင်ပြောရမှာပါ ။

ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ အနုပညာရှင် ဇာတ်ပို့ဇာတ်ရံတွေကို သူမရိုက်ကူးရေးမှာ ပါဝင်စေပြီး အနုပညာကြေးအဖြစ် ရိုက်ကူးရေးပြီးတိုင်း ကန်တော့ တတ်တဲ့ သူမရဲ့အကျင့်လေးကတော့ တကယ်ကိုချစ်စရာပါ ပရိသတ်ကြီးရေ ..။ လတ်တလောမှာတော့ ရိုက်ကူးရေးတွေနဲ့ လူလဲပင်ပန်း စိတ်လဲပင်ပန်းပေမယ့် ပီတိလေးတွေက ရင်ထဲကိုအေးချမ်းစေတယ် ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကူးရေးအပြီး အနုပညာရှင်တွေကို ကန်တော့နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။.

ဖြူဖြူထွေးရဲ့ အမာခံ ပရိသတ်ကြီးကတော့ အခုလိုရိုးသားဖြူစင်ပြီး လိုအပ်နေတဲ့သူတွေအတွက် လှူဒါန်းရတဲ့အကျိုးကြောင့် ဖြူဖြူ့ရဲ့ ရှေ့ဆက်လျှောက်ရမယ့် အနုပညာခရီးလမ်းမှာအမြဲသာယာဖြောင့်ဖြူးပါစေလို့ ကြည်နူးဖွယ်ဆုမွန်ကောင်းလေးတွေပေးထားကြတာတွေ့ရပါတယ် ။ ဖြူဖြူထွေးကို အားပေးကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း သူမရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

#credit