Celebrities

သင်ဇာဝင့်ကျော်နဲ့ အတူ အမိုက်စားကြော်ငြာတစ်ခု ရိုက်ကူးခဲ့တဲ့ဖိုးချစ်

ပရိသတ်ကြီးရေ .. သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်ပြီး ညို့အားပြင်းပြင်းနဲ့ ဆက်ဆီကျကျ နဲ့အမိုက်စား ဘော်ဒီကောက်ကြောင်းတွေကြောင့် ပရိသတ်တွေကြားမှာ အထူးရေပန်းစားအောင်မြင်နေတဲ့သူတစ်ယောက်ပါ ။ ဖက်ရှင် နဲ့ပတ်သက်လာရင် ပရိသတ်တွေ ကြားမှာ ရေပန်းစားသလို သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အချိန်နဲ့တပြေးညီစောင့်ကြည့်နေကြတာပါ ။

လတ်တလောမှာတော့ ပရိသတ်တွေ တွဲမြင်ရလေ့ မရှိတဲ့ ဇာတ်မင်းသား ဖိုးချစ်နဲ့အတူ ဆက်ဆီမော်ဒယ်လ်သင်ဇာဝင့်ကျော်က ကြော်ငြာလေးတစ်ခုရိုက်ကူးခဲ့ပါတယ် ။ ဇော်ဂျီမြန်မာ တိုင်းရင်းဆေး ရဲ့ ကြော်ငြာလေးကို ရိုက်ကူးနေတာဖြစ်ပြီး ဒါရိုက်တာ သျှံထွန်း က ခေတ်မီဆန်းသစ်တဲ့ ပုံစံတစ်ခုနဲ့ရိုက်ကူးနေတာဖြစ်တယ်လို့သိရပါတယ် ။ ပရိသတ်တွေကတော့ ဇာတ်မင်းသားနဲ့ ဆက်ဆီမော်ဒယ်လ်တို့ ဘယ်လို အမိုက်စား ရိုက်ကူးထားတဲ့ ကြော်ငြာမျိုးဖြစ်မလဲလို့ အရမ်းကိုစိတ်ဝင်စားနေကြပါတယ် ။

ပရိသတ်တွေကတော့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စား ပုံရိပ်ကြောင့် ဇော်ဂျီတော့ ဈာန်လျှောတော့မှာ ပဲ ဆိုပြီး စနောက်မှတ်ချက်တွေရေးသားထားကြတာလည်းတွေ့ရပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒီကြော်ငြာလေးကို ကြည့်ချင်နေကြမယ်ထင်ပါတယ်နော် ။ ပရိသတ်ကြီးအတွက်ရိုက်ကူးရေး ပုံရိပ်တွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော် ။
credit