Lifestyle

ရန်ကုန်မှာ ကိုယ့်အသိစိတ်နဲ့ Qလာဝင်တဲ့ ဧရာဝတီသားရဲ့ လေးစားဖွယ်စိတ်ဓာတ်…

ရန်ကုန် မှာ mask မတပ် ဘဲ လေကျယ်နေ သူတွေ ထက် အများကြီးသာတဲ့ စစ်တွေပြန် ကောင်လေး

နေ့ လည် ၄နာရီခွဲလောက် ၊ အားလုံးပြိုင်းကုန်ကြပီ ခနတဖြုတ်ကိုယ့်အခန်းကိုယ် အနား ပြန်ယူ အိပ်သူကအိပ် (မနက်က swab ယူတဲ့နေ့မို့စောထရတာကိုး) အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့ ၁ယောက်ရောက်လာတယ် အားလုံးအလုပ်ရှုပ် ယောက်ယှက်ခပ်ကုန်ကြရော ၊ဘာလို့ဆို သူကသူ့အစီစဉ်နဲ့သူရောက်လာတာ ကိုယ်ကတော့ သူ့ကိုစပ်စုလိုက်မိတယ် ။

စစ်တွေကပြန်လာတာတဲ့ လမ်းမှာကားနဲ့၁ရက်ကြာတယ်တဲ့ ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာအလုပ်သွားလုပ်တာတဲ့ သူပြန်လာပီး အနောက်မှာနောက်နေ့ လော့ဒေါင်းတဲ့ သူကလည်းကူးစက်ပိုးကြားကြားချင်း အခြေနေမဆိုးခင်လုပြန်လာရှာတာ ရန်ကုန်အရောက်ဟိုကလော့ဒေါင်းကြေငြာ သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှ အိမ်ပြန်လာပါတဲ့

တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ ၁ယောက်ရဲ့ အသိစိတ်လေး ဘလောက်ချစ်ဖို့ကောင်းသလည်း သူ့ယောက်ကျားကို ကွာရန်တင်းနေဖို့သိသလောက် ဖုန်းနဲ့ပြောပြနေတာရယ် ကဲ ပြောချင်တဲ့လိုရင်းက အခုမှ စမှာ ။ အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်ဂလာကားကြီးကွင်း သူက ပေါ့စတစ်များနေသည့်အရပ်က ပြန်လာတာ ဒါပေမယ့် maskအနွမ်းလေးတော့ တပ်လျက်ပါ။

ပြီးတော့ လက်ဖျားခါလောက်မိပါရဲ့ အံ့သြမှု ၁ခုကလေ ဒီညီလေး (ကိုယ့်ထက်ငယ်ပုံပါအလုပ်ကြမ်းဒဏ်ကြောင့်အသက်ကြီးပုံ) သူက သူစစ်တွေကပြန်လာကြောင်း ကွာရန်တင်း သွားဝင်ရမှာဖြစ်သည့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောရှာပီး taxiတွေကိုငှါးတယ်တဲ့ အက်လိုပြောတော့ ဘယ်taxiကလိုက်မှာတုန်း (ပို့မှာတုန်း) ဒီအစီးတွေမရရင် နောက်အစီးတွေကျ လိမ်ညာငှါးလို့ရပါလျှက် ခုလိုပဲ အမှန်တိုင်းပြောငှါးရှာတယ်။

ဒီလိုနဲ့ပဲ မနက် ၈နာရီလောက်က လမ်းလျှောက်လာလိုက်တာ ညနေ ၄နာရီစွန်းစွန်းမှာ ကျတော်ရှိတဲ့ လှိုင်တက်ကသိုလ်ဝန်း ဟိုး လမ်း၁ပတ်ကြီးရှိတဲ့ စင်တာဂိတ်ဆုံးဆီရောက်လာခဲ့တယ် ဗိုက်အရမ်းဆာနေရှာပုံပါပဲ ရော့ညီလေး ဒီထမင်းဗူးလေးအရင်စား အက်နားမှာပဲ အက်ဘေးကပုံးထဲ ဗူးခွံပစ်နော် ညီလေးဆိုပီး ခပ်လှမ်းလှမ်းကနေ အကာအကွယ်ဝတ်စုံဝတ်ထားပီး သူ့ကိုလှမ်းပေးလိုက်တယ်

ဟုတ်အကိုရီးတဲ့ စားနေလိုက်တာ ခေါင်းမဖော်ဘူးရယ် ကျောပိုးအိတ်လေး၁လုံးရယ် ၊ လျှာဦးထုပ်လေးဆောင်းပီး ဆွဲသားဘောင်းဘီကြပ်ကြပ်နဲ့ ကွင်းထိုးဖနပ်မဲလေးစီး အင်းကျီကွက်လက်ရှည်လေးဝတ်ထားတဲ့ အဆင်အယင်ဟာ မြန်မာပလာဇာ၁ခုရဲ့ အတွင်းထဲမှာတွေ့မိကြရင် လူကုန်ထံတွေကြား တောသားလေးအတွက် အထင်သေးစရာအကြည့်တွေအောက် ရောက်နေမှာကျိန်ပြောရဲပါတယ်

ရန်ကုန်မှာ တချို့ဝတ်ကောင်းစားလှတွေဝတ်ပီး Maskလေးတပ်ဖို့ခဲယည်းနေချိန်မှာ ဒီတောသားလေးရဲ့ အသိစိတ်လေးကိုချစ်လိုက်တာ ပြီးတော့ သူ့မိန်းမတောသူမလေးကလည်း အသိစိတ်လေးကောင်းလိုက်တာ ဟိုး….အောင်မင်ဂလာကနေ ဒီ လှိုင်တက်ကသိုအဝန်းထဲမက အတွင်းလမ်းမတဆုံးအထိ ဝိုင်ဘီအက်မစီးပဲ taxiတွေကိုမလိမ်ညာပဲ ငှါးမရလို့ လမ်းလျှောက်လာခဲ့ရှာသတဲ့

သူပြောတာနားထောင်ပီး တကယ်ဘုရားစူး ကျတော်မျက်ရည်ဝဲမိတာ(PPEဝတ်စုံကဖုံးကွယ်ထားပေးတယ်) ကျတော်တို့အားလုံး ဒီတောသားလေး လင်မယားရဲ့ အသိစိတ်လေးမျိုးမွေးကြရအောင်ကွာ …. (သူ့ကို ကျတော်ကိုယ်တိုင်အခန်းလိုက်ပြပေး အဲကွင်းဖွင့်ပေး ရေမီးအစုံ အခင်း ခေါင်းအုံး စောင် ရေချိုးဆပ်ပြာ ဆပ်ပြာမှုန့် သေချာအခန်းထဲထည့်ပေးလိုက်ပါတယ်)

24.August.20 8:25 p.m. Skyboy