News

ကိုဗစ် ကို ရင်ဆိုင် နိုင်ဖို့ ဖောင်ကြီး ခံတပ် ကို အသင့် ပြင်ထား ပြီ၊ ပုဒ်မ ၁၄၄ ပါထုတ် ပြန်ထား

ကိုဗစ် လူနာများ ထားရှိကုသ နိုင်ရေး အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်၊အောက်မြန်မာပြည် (ဖောင်ကြီး)ကို ပုဒ်မ ၁၄၄ အရ တားမြစ်နယ်မြေ အဖြစ် သတ်မှတ်

ကိုဗစ် လူနာများ ထားရှိ ကုသပေးနိုင်စေရေး အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အောက်မြန်မာပြည် (ဖောင်ကြီး)ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ၂၀၂၀ပြည့်နှစ် သြဂုတ်လ(၂၀)ရက်မှ စတင်ကာ (၂)လတာ အတွင်း တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်-

“ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ကျေးရွာ အုပ်စုရှိ ဗဟို ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ကျောင်းဝင်း အတွင်း ကိုဗစ် အဖြေထွက်ရှိသည့် လူနာများအား အမြန်ဆုံး ထားရှိနိုင်ရေး လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် လူနာများအား ကုသရာတွင် မလိုလားအပ်သည့် အနှောင့်အယှက်များ မဖြစ်ပေါ်စေရေး၊ မလိုအပ်ဘဲ ဖြတ်သန်းသွား လာမှု မရှိစေရေး၊ လူနာများနှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ လုံခြုံမှု ရှိစေရေး၊ အများပြည်သူ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေးတို့အတွက် တာဝန်မဲ့ ဝင်/ထွက် သွားလာခြင်းအား တားဆီး ပိတ်ပင်သတ်မှတ်ပေးရန် လိုအပ်ပါတယ်။

သို့ဖြစ်ပါ၍ ဗဟို ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ကျောင်းဝင်း၏ သတ်မှတ် ဧရိယာအတွင်း တာဝန်ရှိ၊ ခွင့်ပြုချက် ရရှိသူမှတပါး အခြားဝင်/ထွက် သွားလာခြင်းများ မပြုလုပ်ရန် ဤအမိန့်အား ထုတ်ပြန်သည့် ရက်နေ့မှစ၍မှ (၂) လတာကာလအတွင်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အရ တားမြစ် နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။”

ကိုဗစ် ကို ရင်ဆိုင် နိုင်ဖို့ ဖောင်ကြီး ခံတပ် ကို အသင့် ပြင်ထား ပြီ၊ ပုဒ်မ ၁၄၄ ပါထုတ် ပြန်ထား

ကိုဗစ် လူနာများ ထားရှိကုသ နိုင်ရေး အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ်၊အောက်မြန်မာပြည် (ဖောင်ကြီး)ကို ပုဒ်မ ၁၄၄ အရ တားမြစ်နယ်မြေ အဖြစ် သတ်မှတ်

ကိုဗစ် လူနာများ ထားရှိ ကုသပေးနိုင်စေရေး အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အောက်မြန်မာပြည် (ဖောင်ကြီး)ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ၂၀၂ဝပြည့်နှစ် သြဂုတ်လ(၂၀)ရက်မှ စတင်ကာ (၂)လတာ အတွင်း တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ သတင်းထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်-

“ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ကျေးရွာ အုပ်စုရှိ ဗဟို ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ကျောင်းဝင်း အတွင်း ကိုဗစ် အဖြေထွက်ရှိသည့် လူနာများအား အမြန်ဆုံး ထားရှိနိုင်ရေး လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် လူနာများအား ကုသရာတွင် မလိုလားအပ်သည့် အနှောင့်အယှက်များ မဖြစ်ပေါ်စေရေး၊ မလိုအပ်ဘဲ ဖြတ်သန်းသွား လာမှု မရှိစေရေး၊ လူနာများနှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ လုံခြုံမှု ရှိစေရေး၊ အများပြည်သူ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေးတို့အတွက် တာဝန်မဲ့ ဝင်/ထွက် သွားလာခြင်းအား တားဆီး ပိတ်ပင်သတ်မှတ်ပေးရန် လိုအပ်ပါတယ်။

သို့ဖြစ်ပါ၍ ဗဟို ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ကျောင်းဝင်း၏ သတ်မှတ် ဧရိယာအတွင်း တာဝန်ရှိ၊ ခွင့်ပြုချက် ရရှိသူမှတပါး အခြားဝင်/ထွက် သွားလာခြင်းများ မပြုလုပ်ရန် ဤအမိန့်အား ထုတ်ပြန်သည့် ရက်နေ့မှစ၍မှ (၂) လတာကာလအတွင်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အရ တားမြစ် နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။”credit