Health & Knowledge

ကူးစက်နှုန်းများပေမယ့် သေဖို့ မလွယ်တော့တဲ့ ဗိုင်းရပ်စ်

ကြောက်စရာမလိုတဲ့ D614G ကိုဗစ်ရောဂါ အကြောင်း…
ကြောက်စရာမလိုတဲ့ D614G ကိုဗစ်ရောဂါ အကြောင်း…အားလုံးအတွက် ဝမ်းသာစရာပါ ……။ဒေါက်တာခင်ခင်ကြီးက ပိုပြီး ကူးစက်လွယ်တဲ့ D614G ဘာညာဆိုတော့ လွှတ်ကြောက်နေကြလို့ ကြောက်စရာ မလိုကြောင်းကို သေချာရှင်းပြပါမယ် …။တွဲထားတဲ့ ပုံကတော့ ကျနော့်လို ဖွတ်ကြားကောင်ပြောရင် မင်းက ဘာကောင်မို့ ယုံရမှာလဲ ထင်မှာစိုးလို့ သက်သေတွဲထားတာပါ။ အရင်ကတည်းက ကျနော် ယုံကြည် ယူဆထားတာနဲ့ ထပ်တူမို့ပါပဲ …။D614G ဟာ ဆယ်ဆ ပိုပြီး ကူးစက်လွယ်တာ ဟုတ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက အဆိုပါ မျိုးကွဲဟာ ဖေဖေါ်ဝါရီလ အစပိုင်းကတည်းက ပေါ်နေတာဖြစ်ပြီး ဥရောပမှာ အဲဒီ D614G ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သေဆုံးနှုန်းကျသွားပါတယ်တဲ့ …။
ကူးစက်နှုန်းများပေမယ့် သေဖို့ မလွယ်တော့တဲ့ ဗိုင်းရပ်စ်ဟာ ပိုကောင်းလားမကောင်းလား ……။သက်သေအနေနဲ့ကတော့ အခု ရခိုင်မှာ ရောဂါတွေ့တဲ့သူတွေ ဖျားတဲ့သူ အရမ်းနည်းပါတယ်။ ဖျားလို့သိတာမဟုတ်ဘဲ contact tracing ကြောင့် ဒီလောက်များများ ပေါ်သွားတာပါ။ ရောဂါ ဘယ်လောက်ပျော့လဲဆိုတာရဲ့ သက်သေပါ …။ကာကွယ်ဆေးမျှော်နေတဲ့သူတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိ ရှာနေတဲ့ ကာကွယ်ဆေး Vaccine တွေဟာ D614G ကို ကာကွယ်နိုင်မလား မသေချာပါဘူးတဲ့ …။

ဗိုင်းရပ်စ်တွေရဲ့ ထုံးစံအတိုင်း အခုလို ဆက်ပြီး Mutate ပြောင်းလဲသွားမယ်ဆိုရင် ဖြစ်လာနိုင်တာ တုတ်ကွေးလိုမျိုး လူများများမှာ ကူးပြီးတော့ ရောဂါပြင်းထန်မှုနှုန်း ကျသွားတာ၊ ရောဂါလက္ခဏာ မပြဘဲနဲ့ အကြာကြီးကိုယ်ထဲမှာ ရှိနေနိုင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်တဲ့ …။ကျွန်တော် အရင်ပြောဖူးသလိုပဲ ဗိုင်းရပ်စ်ဆိုတာ တခြားကမ္ဘာက ဂြိုလ်သားလို့ တင်စားရတဲ့ အကောင်ပါ၊ သူ့ကို သတ်မယ့်ဆေးပေါ်လာရင် နောက်တစ်မျိုးကို ပြောင်းဖို့ အရမ်းမြန်ဆန်တတ်ပါတယ်။ ဒါကို တကယ်လိုက်ပြောင်းပြီး တိုက်ခိုက်နိုင်တာ လူခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ပဲရှိပါတယ်။ဒီတော့ ကျန်းမာအောင်နေပါ။ ဆီးချို သွေးတိုး ကင်ဆာစတာတွေမဖြစ်အောင် အစားအစာ ဆင်ခြင်ပါ။ အဝမလွန်ပါစေနဲ့။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အိပ်ချိန်မှန်မှန်အိပ်ပါ။ဒီနည်းထက် ကောင်းတဲ့ ဗိုင်းရပ်စ်ကာကွယ်နည်း မရှိပါဘူး။ အိမ်ထဲနေပါ လက်ဆေးပါ Mask တပ်ပါ ဆိုတာတွေက ရေရှည် ဘယ်သူမှ မှန်မှန်မလုပ်နိုင်ပါဘူး …

Dr. Kyaw Kyaw Sai (M.B.,B.S. IM1)

(Edited – တစ်ယောက်မှ မဖျားသေးဘူးဆိုတဲ့ အသုံးအနှုန်းပြင်လိုက်ပါတယ်။ ဦးဆုံးစသိတဲ့သူက အဖျားပြင်းလို့လာပြရင်း သိတာဆိုတာ မေ့သွားလို့ပါ။ ကျွန်တော့်အမှားပါ)ကြောက်စရာမလိုတဲ့ D614G ကိုဗစ်ရောဂါ အကြောင်း…အားလုံးအတွက် ဝမ်းသာစရာပါ ……။

ဒေါက်တာခင်ခင်ကြီးက ပိုပြီး ကူးစက်လွယ်တဲ့ D614G ဘာညာဆိုတော့ လွှတ်ကြောက်နေကြလို့ ကြောက်စရာ မလိုကြောင်းကို သေချာရှင်းပြပါမယ် …။တွဲထားတဲ့ ပုံကတော့ ကျနော့်လို ဖွတ်ကြားကောင်ပြောရင် မင်းက ဘာကောင်မို့ ယုံရမှာလဲ ထင်မှာစိုးလို့ သက်သေတွဲထားတာပါ။ အရင်ကတည်းက ကျနော် ယုံကြည် ယူဆထားတာနဲ့ ထပ်တူမို့ပါပဲ …။D614G ဟာ ဆယ်ဆ ပိုပြီး ကူးစက်လွယ်တာ ဟုတ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက အဆိုပါ မျိုးကွဲဟာ ဖေဖေါ်ဝါရီလ အစပိုင်းကတည်းက ပေါ်နေတာဖြစ်ပြီး ဥရောပမှာ အဲဒီ D614G ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သေဆုံးနှုန်းကျသွားပါတယ်တဲ့ …။

ကူးစက်နှုန်းများပေမယ့် သေဖို့ မလွယ်တော့တဲ့ ဗိုင်းရပ်စ်ဟာ ပိုကောင်းလားမကောင်းလား ……။သက်သေအနေနဲ့ကတော့ အခု ရခိုင်မှာ ရောဂါတွေ့တဲ့သူတွေ ဖျားတဲ့သူ အရမ်းနည်းပါတယ်။ ဖျားလို့သိတာမဟုတ်ဘဲ contact tracing ကြောင့် ဒီလောက်များများ ပေါ်သွားတာပါ။ ရောဂါ ဘယ်လောက်ပျော့လဲဆိုတာရဲ့ သက်သေပါ …။ကာကွယ်ဆေးမျှော်နေတဲ့သူတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ လက်ရှိ ရှာနေတဲ့ ကာကွယ်ဆေး Vaccine တွေဟာ D614G ကို ကာကွယ်နိုင်မလား မသေချာပါဘူးတဲ့ …။ဗိုင်းရပ်စ်တွေရဲ့ ထုံးစံအတိုင်း အခုလို ဆက်ပြီး Mutate ပြောင်းလဲသွားမယ်ဆိုရင် ဖြစ်လာနိုင်တာ တုတ်ကွေးလိုမျိုး လူများများမှာ ကူးပြီးတော့ ရောဂါပြင်းထန်မှုနှုန်း ကျသွားတာ၊ ရောဂါလက္ခဏာ မပြဘဲနဲ့ အကြာကြီးကိုယ်ထဲမှာ ရှိနေနိုင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်တဲ့ …။

ကျွန်တော် အရင်ပြောဖူးသလိုပဲ ဗိုင်းရပ်စ်ဆိုတာ တခြားကမ္ဘာက ဂြိုလ်သားလို့ တင်စားရတဲ့ အကောင်ပါ၊ သူ့ကို သတ်မယ့်ဆေးပေါ်လာရင် နောက်တစ်မျိုးကို ပြောင်းဖို့ အရမ်းမြန်ဆန်တတ်ပါတယ်။ ဒါကို တကယ်လိုက်ပြောင်းပြီး တိုက်ခိုက်နိုင်တာ လူခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ပဲရှိပါတယ်။ဒီတော့ ကျန်းမာအောင်နေပါ။ ဆီးချို သွေးတိုး ကင်ဆာစတာတွေမဖြစ်အောင် အစားအစာ ဆင်ခြင်ပါ။ အဝမလွန်ပါစေနဲ့။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ အိပ်ချိန်မှန်မှန်အိပ်ပါ။ဒီနည်းထက် ကောင်းတဲ့ ဗိုင်းရပ်စ်ကာကွယ်နည်း မရှိပါဘူး။ အိမ်ထဲနေပါ လက်ဆေးပါ Mask တပ်ပါ ဆိုတာတွေက ရေရှည် ဘယ်သူမှ မှန်မှန်မလုပ်နိုင်ပါဘူး …။
Dr. Kyaw Kyaw Sai (M.B.,B.S. IM1)
(Edited – တစ်ယောက်မှ မဖျားသေးဘူးဆိုတဲ့ အသုံးအနှုန်းပြင်လိုက်ပါတယ်။ ဦးဆုံးစသိတဲ့သူက အဖျားပြင်းလို့လာပြရင်း သိတာဆိုတာ မေ့သွားလို့ပါ။ ကျွန်တော့်အမှားပါ)