Celebrities

ဒီနေ့မှာမွေးနေ့ရက်မြတ်ကျရောက်ခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသားချောဇဏ်ခီ

မင်သားတစ်လက်အနေနဲ့သာမက အဆိုတော်၊ တေးရေး၊ ဂီတမှူး နဲ့ ဇာတ်ညွှန်းရေးသူစတဲ့အရည်အချင်းများစွာကိုပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ကတော့ ဇဏ်ခီပါ။ ဇဏ်ခီ ပရိသတ်အချစ်တော်မင်းသားတွေထဲမှာ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သဘာဝကျတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့ မင်းသားချောဇဏ်ခီကတော့ ပွဲဦးထွက်ဇာတ်ကားနဲ့တင် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူပါ။

ဇနီးဖြစ်သူခရစ္စတီနားခီကလည်း ဇာတ်ကားတွေကိုအတူတူဖန်တီးပြီး ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတဲ့စုံတွဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဇာတ်ကား(၃)ကားသာထွက်သေးပေမဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ဒီစုံတွဲကတော့ (၄)ကားမြောက်ဇာတ်ကားကိုလည်း ပရိသတ်တွေကိုရင်ခုန်နေစေသူတစ်ယောက်ပါ။ ဒီနေ့ကတော့ဇဏ်ခီရဲ့အသက်(၃၉)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဇဏ်ခီရဲ့မွေးနေ့လေးမှာ ဆုမွန်ကောင်းတွေတောင်းပေးနေကြတာပါ။

ဇဏ်ခီကတော့ အနုပညာအလုပ်တွေအပြင် “ကိုယ်တိုင်သိရှိသွားမှု” ဆိုတဲ့ စာအုပ်လေးလည်း ထွက်ရှိထားပါသေးတယ်။ ဇဏ်ခီတစ်ယောက် ပရိသတ်အချစ်တွေနဲ့အတူ သက်ဆုံးတိုင်အောင်မြင်ပျော်ရွှင်မှုများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ Cele Gabar မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : wiki, Photo : ZennKyi