Celebrities

မပြောပလောက်တဲ့ ကူညီမှုလေးကို လက်ခံပေးလို့ အင်္ဂလိပ်စာဆရာ အဘဦးတင်ဦးကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ Sinon

ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ် ။ ဆင်းရဲချို့တဲ့ပြီး လိုအပ်နေတဲ့နေရာတွေမှာ တတ်အားသမျှပါဝင် ကူညီတတ်တဲ့ စိတ်ဓာတ်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပရိသတ်တွေအားလုံးက လေးစားချစ်ခင်နေရတာပါ ။

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ အင်္ဂလိပ်စာ ဆရာ အသက် (၇၀) ကျော် အဘ ဦးတင်ဦး ဟာ covid -19 ကြောင့် စာသင်ဝိုင်းတွေ နားထားရတဲ့အတွက် အခက်ခဲဖြစ်နေတဲ့အတွက် Sinon တစ်ယောက် သွားရောက်လှူဒါန်းခဲ့ပါတယ် ။ ကျွန်တော့်ရဲ့ ဘာမှမပြောပလောက်တဲ့ အကူအညီနဲ့ ကျွန်တော်ကြင်နာမှုလေးကို လက်ခံပေးတဲ့အတွက်ကျေးဇူးပါ ဦးနဲ့တွေ့ခွင့်ရတာအရမ်းပျော်ပါတယ်။ အမြဲတမ်းဂရုစိုက်ပါဗျ ဆိုတဲ့စာသားလေးနဲ့အတူ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ Sinon ရဲ့အခုလို ကြင်နာတဲ့ ကူညီလှူဒါန်းမှုလေးကို ပရိသတ်တွေက လေးစားချစ်ခင်စွာနဲ့ ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ပေးထားကြပါသေးတယ် ။ အခုလို လိုအပ်နေတဲ့ နေရာတွေနဲ့ အခက်ခဲဖြစ်နေတဲ့သူတွေအတွက် အမြဲအသင့်ရှိနေတဲ့ Sinon တစ်ယောက် ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ Cele Gabar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

#credit cele gabar