Local News

ကပ်‌ရောဂါကာလမှာ ပါတီစည်းရုံးရေးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဖွင့်…

Zawgyi

နပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ သြဂုတ်လ ၁၉ ရက်နေ့ကို နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပြီး ပါတီစည်းရုံးရေးဆင်းခဲ့တဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိမြို့နယ်ကအမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

‌နေပြည်တော်၊ လယ်ဝေးမြို့မှာနေထိုင်ပြီး သံပန်းသံတံခါးလုပ်ကိုင်နေတဲ့ ထွန်းမြင့်အောင်က အခုလို အမှုဖွင့်ထားတဲ့အကြောင်းခုလို ပြောပြပါတယ်။“ဇမ္ဗူသီရိမြို့နယ်ရဲစခန်းရယ် ၊ဇမ္ဗူသီရိမြို့နယ်မှူးရယ်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ရယ်တိုင်ထားတယ်၊

ဘယ်ပါတီမှ ဝင်မထားဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ လုပ်တာပါ” လို့ ကိုထွန်းမြင့်အောင်ကပြောပါတယ်။ဇမ္ဗူသီရိမြို့နယ်က အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတာကို ရဲစခန်းကနေ ရဲအရေးမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ဖို့ ညွန်ကြားလိုက်တယ်လို့ ရဲစခန်းကနေ သိရပါတယ်။Credit- VOM

Unicode

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ သြဂုတ်လ ၁၉ ရက်နေ့ကို နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပြီး ပါတီစည်းရုံးရေးဆင်းခဲ့တဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိမြို့နယ်ကအမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။