Celebrities

စိတ်ချမ်းသာပြီးပျော်အောင်နေနေလို့ အရင်ကထက်တောင် ပိုလှလာတဲ့ သက်မွန်မြင့်

နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ တိုင်းရင်းသူလေးသက်မွန်ကတော့ ပျော်စရာမိသားစု ဘဝလေးကို ပိုင်ဆိုင်ထားရသူမို့ အရမ်းစိတ်ချမ်းသာပြီး အရင်ကထက်တောင် ပိုပြီးကြည့် ကောင်းလာခဲ့ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ Covid ရောဂါကြောင့် အိမ်ထဲမှာပဲနေရတာ များလာလို့ အရင်ကထက်အသားဖြူပြီး ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာတာမို့ ပိုပြီးတောင် လှလာပါသေးတယ်။

သားလေးနဲ့သမီးလေးဟာလည်း မေမေ့အမောပြေလေးတွေမို့ ချစ်ရတဲ့ကလေးတွေနဲ့ အတူနေရတဲ့ မိခင်တစ်ယောက်ရဲ့ပီတိတွေဟာ ပြောမပြတတ်အောင်ပါပဲ။ သူမရဲ့အိမ်ဝရံတာမှာ ရိုက်ကူးထားတဲ့ ပုံလေးတွေဟာ ရိုးရိုးလေးနဲ့ အရမ်းကိုဆွဲဆောင်လွန်းနေခဲ့ပါတယ်။ သြဂုတ်လရဲ့ မိုးရေစက်တွေအောက်မှာ အလှကြီးလှနေတဲ့ရွှေမင်းသမီးလေးဟာ ဘယ်အချိန်ကြည့်ကြည့် ရင်ကိုအေးချမ်းစေတဲ့ အလှတရားကို ပိုင်ဆိုင်သူတစ်ယောက်ပါ။

ချစ်သက်က သူမရဲ့ပုံလေးတွေကို ” မိုးရွာတုန်း ဆော့ထားတာလေး ကျွန်မ နာမည် ဖြူလုံး အိမ်အောင်းရတော့ ဖြူပြီး လုံးလာလို့ (လူမြင်ရင် ဝတယ်မပြောနဲ့နော် ကြိုက်ဘူးလို့ နေကောင်းအောင် ပျော်အောင်နေနေတာနော် ဟွန်း) ” ဆိုပြီး ပရိသတ်တွေကို ခပ်နောက်နောက် လေး ဝေမျှခဲ့ပါတယ်။ ချစ်တဲ့မျက်စိနဲ့မြင်တာမို့ ဘယ်လိုပဲနေနေ လှနေတာပါပဲချစ်သက်ရေ။

(ဇော်ဂျီဖြင့်ဖတ်ရန်)

စိတ်ချမ်းသာပြီးပျော်အောင်နေနေလို့ အရင်ကထက်တောင် ပိုလှလာတဲ့ သက်မွန်မြင့်

နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ တိုင်းရင်းသူလေးသက်မွန်ကတော့ ပျော်စရာမိသားစု ဘဝလေးကို ပိုင်ဆိုင်ထားရသူမို့ အရမ်းစိတ်ချမ်းသာပြီး အရင်ကထက်တောင် ပိုပြီးကြည့် ကောင်းလာခဲ့ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ Covid ရောဂါ ကြောင့် အိမ်ထဲမှာပဲနေရတာ များလာလို့ အရင်ကထက်အသားဖြူပြီး ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာတာမို့ ပိုပြီးတောင် လှလာပါသေးတယ်။

သားလေးနဲ့သမီးလေးဟာလည်း မေမေ့အမောပြေလေးတွေမို့ ချစ်ရတဲ့ကလေးတွေနဲ့ အတူနေရတဲ့ မိခင်တစ်ယောက်ရဲ့ ပီတိတွေဟာ ပြောမပြတတ်အောင်ပါပဲ။ သူမရဲ့အိမ်ဝရံတာမှာ ရိုက်ကူးထားတဲ့ ပုံလေးတွေဟာ ရိုးရိုးလေးနဲ့ အရမ်းကိုဆွဲ ဆောင်လွန်းနေခဲ့ပါတယ်။ သြဂုတ်လရဲ့ မိုးရေစက်တွေအောက်မှာ အလှကြီးလှနေတဲ့ရွှေမင်းသမီးလေးဟာ ဘယ်အချိန်ကြည့်ြ ကည့် ရင်ကိုအေးချမ်းစေတဲ့အလှတရားကို ပိုင်ဆိုင်သူတစ်ယောက်ပါ။

ချစ်သက်က သူမရဲ့ပုံလေးတွေကို ” မိုးရွာတုန်း ဆော့ထားတာလေး ကျွန်မ နာမည် ဖြူလုံး အိမ်အောင်းရတော့ ဖြူပြီး လုံးလာလို့ (လူမြင်ရင် ဝတယ်မပြောနဲ့နော် ကြိုက်ဘူးလို့ နေကောင်းအောင် ပျော်အောင်နေနေတာနော် ဟွန်း) ” ဆိုပြီး ပရိသတ်တွေကို ခပ်နောက်နောက် လေး ဝေမျှခဲ့ပါတယ်။ ချစ်တဲ့မျက်စိနဲ့မြင်တာမို့ ဘယ်လိုပဲနေနေ လှနေတာပါပဲချစ်သက်ရေ။credit