Celebrities

မျက်နှာခွဲစိတ်ပြီးမှ ပိုလှလာတဲ့အကြောင်း ပရိသတ်တွေကိုဖွင့်ဟလာတဲ့ နေဆန်း

မွန်တိုင်းရင်းသားလေး နေဆန်းကတော့ ဖေ့ဘုတ်စ် စာမျက်နှာတွေထက်မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း လူသိများလာခဲ့တဲ့ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်ပဲဖြစ်ပါတယ် ။ ခုနောက်ပိုင်းမှာတော့ အားပေးဝန်းရံနေကြတဲ့ ပရိသတ်တွေအများကြီးရလာပြီး အလုပ်တွေ လည်း အများကြီးလာအပ်ကြတဲ့အတွက် ပိုပြီးအောင်မြင်လာတယ်လို့ဆိုရမှာပါ ။

ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုနေထိုင်တတ်တဲ့ နေဆန်းတစ်ယောက်ကတော့ ဒီနေ့မှာ သူ့ရဲ့ ဘဝမှန်ကိုမဖုံးကွယ်ဘဲ ပရိသတ်တွေကို အမှန်အတိုင်းဖွင့်ဟလာခဲ့ပါတယ် ။ သင် မလှတာမဟုတ်ဘူးး မပြင်ရသေးလို့ပါ နော် ဆိုတဲ့စာသားလေးနဲ့အတူ အခုလို နေဆန်းဆိုတာ မဖြစ်လာခင်မှာ သူ့ရဲ့မျက်နှာကိုခွဲစိတ်ပြုပြင်ခဲ့တဲ့ ပုံရိပ်လေးတွေကို မခွဲစိတ်ခင်နဲ့ ခွဲစိတ်ပြီး ပုံတို့ကို နှိုင်းယှဉ်ဖောြ်ပလာခဲ့ပါတယ် ။

နှာခေါင်းကတော့ ဘန်ကောက်မှာ ခွဲစိတ်ထားပြီး နှာခေါင်းအရိုးကို အစားထို့ထည့်ကာ မေးစေ့နှင့် v shap ကို ရန်ကုန်ဒေါက်တာ A မှာပြင်ထားတာဖြစ်တယ်လို့သိရပါတယ် ။ နေဆန်းကတော့ ပိုက်ဆံရှာပါ လှအောင်နေပါ စိတ်ရော ရုပ်ကိုရော ပြင်လိုက်ပါလို့လည်း သူ့ရဲ့ ပရိသတ်တွေကို တိုက်တွန်းစကားဆိုထားပါသေးတယ် ။

Source : Nay Sann
Emily(Cele Gabar)

#credit