Celebrities

ကိုငှက်ရဲ့သီချင်းနဲ့ The Voice Myanmar Season-3 Blind Audition ကို ပထမဆုံးဖြတ်ကျော်နိုင်ခဲ့တဲ့ Annie

ပရိသတ်ကြီးရေ… မြန်မာနိုင်ငံရဲ့ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး သီချင်းဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar Season-3 ပြိုင်ပွဲကြီးကတော့ မနေ့ညက စတင်ထုတ်လွှင့်ပြသခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ထုတ်လွှင့်တဲ့ရက်ကို ရွှေ့လိုက်ရပေမယ့် Blind Audition ရိုက်ကူးရေးတွေကိုတော့ ဖေဖော်ဝါရီလကတည်းက ပြုလုပ်ထားတာပါတဲ့နော်။

မျိုးဆက်သစ်ဂီတပါရမီရှင်တွေကို မွေးထုတ်မြဲဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲကြီးရဲ့ Season-3 Blind Audition အဆင့်ကို ပထမဆုံးဖြတ်ကျော်လာနိုင်ခဲ့သူကတော့ ပြိုင်ပွဲဝင် Annie ပဲဖြစ်ပါတယ်။ Annie ကတော့ အသက်(၂၀) သာရှိသေးပြီး ရန်ကုန် ခဝဲခြံက လာရောက်ယှဉ်ပြိုင်သူပါ။ ဂီတဖခင်ကြီးလို့ သတ်မှတ်ထားတဲ့ ကိုငှက်ရဲ့ အကောင်းဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မင်းမရှိတဲ့နောက်” သီချင်းလေးကို ကိုယ်ပိုင်ဟန်အပြည့်နဲ့ သီဆိုခဲ့ပါတယ်။

ဟန်ထူးလွင်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော်တို့ရဲ့ အသိမှတ်ပြုလှည့်ကြည့်ခြင်းကို ရရှိခဲ့တာကြောင့် Blind Audition ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒီသီချင်းလေးနဲ့ယှဉ်ပြိုင်ဖြစ်ခဲ့တာကတော့ လတ်တလောခံစားချက်တွေနဲ့ တိုက်ဆိုင်နေလို့ပါတဲ့ ပရိသတ်ကြီးရေ… ကိုယ်ပိုင်ခံစားချက်အပြည့်နဲ့ The Voice Myanmar Season-3 ပြိုင်ပွဲကြီးရဲ့ Blind Audition ကိုပထမဆုံးဖြတ်ကျော်နိုင်ခဲ့တဲ့ Annie ရဲ့သီဆိုယှဉ်ပြိုင်မှုကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – The Voice Myanmar
Rainbow- Cele Gabar

#credit