Celebrities

ပရိသတ်တွေ မမှတ်မိလောက်အောင်လုံး၀ အမိုက်စားဖြစ်သွားတဲ့ လူကြမ်းမင်းသားများ

ပရိသတ်ကြီးရေ .. လူကြမ်းမင်းသားတွေဆိုတာ ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဇာတ်ပိုကြွအောင် ပံ့ပိုးကူညီပေးရတဲ့ အရေးကြီးဆုံးသော ကာရိုက်တာတွေပါ ။ ပရိသတ်တွေ မုန်းအောင် ရွံအောင် ပီပြင်အောင် သရုပ်ဆောင်နိုင်ကြတဲ့ သူတို့ရဲ့ သရုပ်ဆောင်ကောင်းမှုတွေကိုတော့ အသိမှတ်ပြုသူ မရှိသလောက်နည်းပါးပါတယ် ။ ရုပ်ရှင်ထဲမှာ လူမုန်းအောင် နေရတဲ့ လူကြမ်းကြီးတွေဟာ တကယ်တော့အပြင်မှာ ပွင့်လင်းဖော်ရွေပြီး ချစ်ဖို့ကောင်းတဲ့ အနုပညာရှင်တွေပါ ။

ဒီတစ်ခါ မှာတော့ ပရိသတ်တွေအားလုံး ဟင်ခနဲ ဟာခနဲဖြစ်သွားစေမယ့် အမိုက်စားပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော် ။ နှုတ်ခမ်းမွှေးကားကား ကုတ်အကျီတွေနဲ့ လူမုန်းအောင် ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ပြနေရတဲ့ လူကြမ်းမင်းသားတွေဖြစ်တဲ့ ဦးအရိုင်းမင်း နဲ့ ဦးမျိုးကြီးတို့ကို Metro Brothers ကနေ ပထမဦးဆုံးလှုပ်ရှားမှုအဖြစ် ဝါရင့်သရုပ်ဆောင် နှစ်ယောက်ရဲ့ ကွဲပြားတဲ့ အခြားတစ်ဖက်ကို August လရဲ့ Cover Shoot အဖြစ်ရိုက်ကူးခဲ့တဲ့ပုံတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေ လုံး၀ မမှတ်မိလောက်အောင် အမိုက်စား ဖြစ်နေတဲ့ မင်းသားကြီးနှစ်ယောက်ရဲ့ ကွဲကြားခြားနားမှုကတော့ ရူးခါသွားလောက်အောင် မိုက်ပါတယ် ပရိသတ်ကြီးရေ ..။ Cele Gabar ပရိသတ်ကြီးအတွက်လည်း ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြီးတို့ ရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Metro Brothers
Emily ( Cele Gabar)

#credit