Celebrities

စစ်တွေဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းနဲ့လူနာတွေအတွက် တတ်နိုင်သမျှလှူဒါန်းပေးခဲ့တဲ့ ရတနာမိုင်

လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူလူဦးရေ ပြန်လည်မြင့်တက်လာတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဒီလိုပြန်လည်မြင့်တက်လာတဲ့ ရောဂါပိုးတွေ့ရှိသူကတော့ ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ပြီး အခုဆိုရင် ရခိုင်ပြည်နယ်နဲ့ ကူးသန်းသွားလာမှုတွေကို ပြန်လည်ကန့်သတ်မှုတချို့ပြုလုပ်လာကြပြီ ဖြစ်ပါတယ်။

ရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိမှုများလာတဲ့ ရခိုင်ပြည်နယ်က လူနာတွေအတွက် စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ကုသပေးသွားမှာဖြစ်ပြီး ရန်ကုန်က စေတနာဆရာဝန်အချို့လည်း စစ်တွေဆေးရုံမှာ သွားရောက်အားဖြည့်ပေးမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွက် လူအားသာမက ငွေကြေးအကူအညီပါ အများကြီးလိုအပ်နေတာမို့ ပရဟိတဦးဆောင်သူအချို့ကတော့ လိုအပ်တာတွေ လှူဒါန်းပေးနိုင်ဖို့ စီစဉ်နေကြသလို အဆိုတော်ရတနာမိုင်ကလည်း သူတတ်နိုင်သလောက် လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

မိုင်လေးကတော့ စစ်တွေဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်လူနာတွေအတွက် ငွေကျပ်သုံးသိန်းတိတိကို လှူဒါန်းပေးခဲ့ပြီး ရခိုင်အမျိုးတွေအကုန်လုံးကိုလည်း ကပ်ဘေး၊စစ်ဘေးဒဏ်မှ အမြန်ဆုံးကင်းဝေနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ် .. ဒါ့အပြင် ရခိုင်ပြည်နယ်က သူတွေအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ် ပရိသတ်ကြီးရေ…

Source – Yadanar My
Rainbow- Cele Gabar

#credit