Celebrities

လန်ဒန်မှာ အလုပ်လျှောက်တုန်းက အင်တာဗျူးအကြောင်းကို ဂုဏ်ယူစွာပြောပြလာတဲ့ တင်ဇာမော်

အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့သီချင်းများစွာကို သီဆိုခဲ့သူ တင်ဇာမော်ကတော့ အချိန်တစ်ခုလောက် ပရိသတ်ရှေ့ကပျောက်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ ဂီတအလုပ်တွေပြန်လည်လုပ်ကိုင်လာသူပါ။ ပင်ကိုယ်အရည်အချင်းအပြည့်နဲ့မို့ သီချင်းတွေပြန်လည်လုပ်ဖြစ်တဲ့အချိန်မှာလည်း “ဧည့်သည်””ပုထုဇဉ်”စတဲ့သီချင်းတွေနဲ့အတူ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိခဲ့ပါသေးတယ်။

သူပျောက်သွားတဲ့နှစ်တွေမှာ လန်ဒန်မှာနေထိုင်ဖြစ်တဲ့တင်ဇာမော်ကတော့ ဒီနေ့မှာ သူလန်ဒန်မှာနေစဉ်က အတွေ့အကြုံတချို့ကို ပရိသတ်ကိုမျှဝေခဲ့ပါတယ်။ ” 2007 #London မှာ စနေခါစ (၆)လလောက်မှာ အိမ်ထဲနေစာကျက်ပြီး ဂေါက်လာတဲ့အခါ အလုပ်ထွက်လုပ်ဖို့ ကြိုးစားခဲ့တယ်။ တစ်ခုတည်းသော ဆိုင်တစ်ဆိုင်ရဲ့ မန်နေဂျာကို တစ်ကြိမ်တည်းသာ ဝင်တွေ့ပြီး အလုပ်ပေးဖို့ ပြောတဲ့အခါ သူ တစ်ခွန်းပဲမေးတယ် “မင်းမှာ နာမည်ကောင်း ရှိလား? နာမည်ဆိုး ရှိလား?” တဲ့။ သူ့ မျက်ဝန်း‌တွေထဲ သေချာစိုက်ကြည့်ပြီးဖြေခဲ့တယ် “နာမည်ကောင်းပဲရှိတယ်” လို့။ သူကပြန်ပြောတယ် ” အေး ငါ‌ဘေးလူ‌တွေကို မေးမယ်” တဲ့။ မျက်နှာကို အပေါ်နဲနဲ မော့ပြီး ပြန်ပြောခဲ့တယ် “ကြိုက်တဲ့သူကိုမေးကြည့်လိုက်ပါ” လို့။ နောက်တစ်နေ့မနက် စောစောမှာ သူဖုန်းပြန်ခေါ်လာခဲ့တယ် “မင်းကို Full Time အလုပ်ခန့်လိုက်ပြီ” တဲ့” ဆိုတဲ့အကြောင်းအရာလေးနဲ့အတူ “လူ အဖြစ်နဲ့ နာမည် တစ်ခု တွဲလျက်ဟာ အရေးကြီးလိုက်တဲ့ဖြစ်ခြင်း” ဆိုပြီး ဂုဏ်ယူစွာမျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ… ကိုယ်ကကောင်းတဲ့လူလား၊ ဆိုးတဲ့လူလား နောက်ဆုံးနာမည်တစ်ခုသာကျန်ခဲ့မှာမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကိုယ်က နာမည်ကောင်းတဲ့ရှိလူတစ်ယောက်ပါလို့ ဂုဏ်ယူဝင့်ကြားစွာပြောနိုင်ဖို့ကတော့ အသက်ရှင်နေသမျှကာလတလျှောက်လုံးမှာ မကောင်းမှုတွေနဲ့လုံးဝကင်းနေဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲနော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော တင်ဇာမော်လိုမျိုး ကိုယ်ကနာမည်ကောင်းနဲ့လူတစ်ယောက်ပါလို့ ရဲရဲဝံ့ဝံ့ပြောနိုင်ပြီလား မှတ်ချက်ပေးခဲ့ပါဦးနော်။

Source – Tin Zar Maw
Rainbow -Cele Gabar