Lifestyle

အကြွေး ၄၀၀၀ကျပ် အဖြစ်ပေးတဲ့ကျောက်မှ သိန်း၂၀၀၀ကျော်တန်ဖြစ်သွားတဲ့ကျောက်

အကြွေး4000ကျပ်အဖြစ်ပေးတဲ့ကျောက်မှ သိန်း၂၀၀၀ကျော်တန်ဖြစ်သွားတဲ့ကျောက်

လုံးခင်းရွာလေးကို လင်မယား၂ယောက်တက်လာပြီး အလုပ်လာလုပ်ကြသတဲ့။အသက်ကတော့ ၅၀ ကျော်နေပါပြီ။ယေကျာ်းဖြစ်သူဟာ လက်သမားမးအလုပ်ကို လုပ်ကိုင်ပါတယ်။မယားဖြစ်သူကတော့ ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် တိုဟူးသုပ် စတာတွေကို ရောင်းပါတယ်။

ယောက်ျားဖြစ်သူကလည်း ဝင်ငွေပုံမှန်ရတဲ့ လက်သမားအလုပ်ကိုသာ လုပ်ကိုင်ပြီး မိန်းမဖြစ်သူကလည်း မုန့်လှည့်လည်ရောင်းရင်း ဝင်ငွေရှာကြပါတယ်။

မိန်းမဖြစ်သူဟာ စိတ်ရင်းစေတနာကောင်းပါတယ်။အယုတ်အလတ် အမြတ်မရွေးပဲ ဖိုးသမား ဘိန်းသမားကစ အဆင်မပြေသူများကို ကျွေးမွေးတတ်တဲ့ အကျင့်ရှိပါတယ်။မုန့်လှည့်လည်ရောင်းတဲ့ မိန်းမဖြစ်သူဆီမှာ အကြွေးဝယ်စားနေရတဲ့ ရေမဆေးသမားလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာ ရေမဆေးသမားလေးကလည်း ကျောက်ရလာပါတယ်။ကျောက်က ၄ထောင် ၅ထောင် လောက်တန်မယ်လို့ ခန့်မှန်းပြီးပြန်လာခဲ့တာပေါ့။လမ်းတစ်နေရာမှာတော့ မုန့်သည်သူနဲ့တွေ့ပါတယ်။

မုန့်သည်ဖြစ်သူမိန်းမဟာလည်း သဘောကောင်းစိတ်ရင်းစေတနာကောင်းသူမို့ ရေမဆေးသမားလေးကို မုန့်ကျွေးပါတယ်။ရစရာရှိတဲ့ အကြွေးကိုလည်း မတောင်းပါဘူး။ရေမဆေးသမားလေးကလည်း အန်တီ သားဒီနေ့ ကျောက်ရလာပါတယ်။၄ထောင်၅ထောင်လောက်တော့တန်မယ် အန်တီယူသွားလိုက်ပါလို့ ပေးပါတယ်။

မိန်းမဖြစ်သူမုန့်သည်ကငြင်းပါတယ်။အန်တီတို့က မှော်ထဲရောက်တာ ၂နှစ်လောက်ရှိပေမယ့် ကျောက်ကို နားမလည်ပါဘူး။အန်တီယောက်ျားကလည်း လက်သမားပဲ လုပ်တာမို့ ကျောက်အကြောင်း နားမလည်ပါဘူး ဒါကြောင့် သားပဲပြန်ယူထားလိုက်ပါလို့ ပြောပေမယ့် ရေမဆေးသမားလေးက အန်တီလည်းကံစမ်းရအောင် ယူသွားလိုက်ပါလို့ အတင်းမုန့်တောင်းထဲကို ထည့်ပေးလိုက်ပါတယ်။အဲ့တာ မုန့်သည် မိန်းမဖြစ်သူကလည်း ယူလာခဲ့ရပါတော့တယ်။

အိမ်ရောက်တဲ့အခါ ရေချိုးထမင်းစားပြီးတဲ့အခါမှ ကျောက်လေးကို သတိရပြီး ယောက်ျားဖြစ်သူကို အကျိုးကြောင်းပြောပြပြီး အိမ်ဘေးနားကဖြတ်ခုံမှာ ကျောက်ကိုဖြတ်လိုက်ပါတယ်။၂၀သားလောက်ရှိတဲ့ကျောက်လေးက အောင်ပါပြီ။ကျောက်ကိုရောင်းတဲ့ အချိန်မှာတော့ ငွေသား သိန်း ၂၀၀၀ ရပါတယ်။

သူတို့လင်မယားဟာလည်း ကျောက်ရောင်း ငွေ သိန်း ၂၀၀၀ ထဲမှ သိန်း ၁၀၀၀ ကို ရေမဆေးသမားလေးကိုပြန်လည်ခွဲဝေပေးပါတယ်။လွန်ခဲ့တဲ့ ၁၀နှစ်က အဖြစ်ပျက်တစ်ခုပါ။

ကျောက်စိမ်းမြင့်ရေးသားထားသော ဝတ္ထုတိုအား မှီငြမ်း၍ ပြန်ရေသားတင်ဆက်သည်။

Unicode

အကြွေး4000ကျပ်အဖြစ်ပေးတဲ့ကျောက်မှ သိန်း၂၀၀၀ကျော်တန်ဖြစ်သွားတဲ့ကျောက်

လုံးခင်းရွာလေးကို လင်မယား၂ယောက်တက်လာပြီး အလုပ်လာလုပ်ကြသတဲ့။အသက်ကတော့ ၅၀ ကျော်နေပါပြီ။ယေကျ်ားဖြစ်သူဟာ လက်သမားမးအလုပ်ကို လုပ်ကိုင်ပါတယ်။မယားဖြစ်သူကတော့ ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် တိုဟူးသုပ် စတာတွေကို ရောင်းပါတယ်။

ယောကျာ်းဖြစ်သူကလည်း ဝင်ငွေပုံမှန်ရတဲ့ လက်သမားအလုပ်ကိုသာ လုပ်ကိုင်ပြီး မိန်းမဖြစ်သူကလည်း မုန့်လှည့်လည်ရောင်းရင်း ဝင်ငွေရှာကြပါတယ်။

မိန်းမဖြစ်သူဟာ စိတ်ရင်းစေတနာကောင်းပါတယ်။အယုတ်အလတ် အမြတ်မရွေးပဲ ဖိုးသမား ဘိန်းသမားကစ အဆင်မပြေသူများကို ကျွေးမွေးတတ်တဲ့ အကျင့်ရှိပါတယ်။မုန့်လှည့်လည်ရောင်းတဲ့ မိန်းမဖြစ်သူဆီမှာ အကြွေးဝယ်စားနေရတဲ့ ရေမဆေးသမားလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာ ရေမဆေးသမားလေးကလည်း ကျောက်ရလာပါတယ်။ကျောက်က ၄ထောင် ၅ထောင် လောက်တန်မယ်လို့ ခန့်မှန်းပြီးပြန်လာခဲ့တာပေါ့။လမ်းတစ်နေရာမှာတော့ မုန့်သည်သူနဲ့တွေ့ပါတယ်။

မုန့်သည်ဖြစ်သူမိန်းမဟာလည်း သဘောကောင်းစိတ်ရင်းစေတနာကောင်းသူမို့ ရေမဆေးသမားလေးကို မုန့်ကျွေးပါတယ်။ရစရာရှိတဲ့ အကြွေးကိုလည်း မတောင်းပါဘူး။ရေမဆေးသမားလေးကလည်း အန်တီ သားဒီနေ့ ကျောက်ရလာပါတယ်။၄ထောင်၅ထောင်လောက်တော့တန်မယ် အန်တီယူသွားလိုက်ပါလို့ ပေးပါတယ်။

မိန်းမဖြစ်သူမုန့်သည်ကငြင်းပါတယ်။အန်တီတို့က မှော်ထဲရောက်တာ ၂နှစ်လောက်ရှိပေမယ့် ကျောက်ကို နားမလည်ပါဘူး။အန်တီယောကျ်ားကလည်း လက်သမားပဲ လုပ်တာမို့ ကျောက်အကြောင်း နားမလည်ပါဘူး ဒါကြောင့် သားပဲပြန်ယူထားလိုက်ပါလို့ ပြောပေမယ့် ရေမဆေးသမားလေးက အန်တီလည်းကံစမ်းရအောင် ယူသွားလိုက်ပါလို့ အတင်းမုန့်တောင်းထဲကို ထည့်ပေးလိုက်ပါတယ်။အဲ့တာ မုန့်သည် မိန်းမဖြစ်သူကလည်း ယူလာခဲ့ရပါတော့တယ်။

အိမ်ရောက်တဲ့အခါ ရေချိုးထမင်းစားပြီးတဲ့အခါမှ ကျောက်လေးကို သတိရပြီး ယောကျ်ားဖြစ်သူကို အကျိုးကြောင်းပြောပြပြီး အိမ်ဘေးနားကဖြတ်ခုံမှာ ကျောက်ကိုဖြတ်လိုက်ပါတယ်။၂၀သားလောက်ရှိတဲ့ကျောက်လေးက အောင်ပါပြီ။ကျောက်ကိုရောင်းတဲ့ အချိန်မှာတော့ ငွေသား သိန်း ၂၀၀၀ ရပါတယ်။