Knowledge

တစ်အိမ်တည်းအတူနေတဲ့ သူငယ်ချင်းသေသွားမှန်းမသိဘဲ 4ရက်အကြာအတူနေထိုင်ခဲ့သူ

Zawgyi

လူသေအလောင်းနဲ့ 4ရက်ခန့်အတူတူနေတယ်ဆိုတော့ တော်တော်လေးကိုအံ့သြမိပါတယ်။ ဘာလို့ပဲဖြစ်ဖြစ် အနံ့အသက်ဆိုးတော့ရမှာဆိုပေမဲ့လည်း 4ရက်အကြာမှ သိတယ်ဆိုတော့ တော်တော်လေးကိုဆိုးဝါးတဲ့အနံ့ရမှ သတိထားမိပုံရပါတယ်။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ၊ Kota Kinabalu မြို့မှာနေထိုင်တဲ့ အသက်20 အရွယ်မိန်းကလေးဟာ သူမနဲ့အတူတစ်အိမ်တည်းအတူနေထိုင်တဲ့ မိန်းကလေးရဲ့အခန်းထဲမှ ပုပ်စော်နံ့လွန်းတဲ့အနံ့ရရှိခဲ့လို့ ညနေ 4နာရီအချိန်မှာ ရဲဌာနသို့တိုင်ကြားခဲ့ပါတယ်။

10မိနစ်အကြာမှာတော့ ရဲအရာရှိတွေရောက်ရှိလာပြီး စစ်ဆေးကြည့်ခဲ့ရာ သေဆုံးပြီး 4ရက်ခန့်ကြာမြင့်နေပြီဖြစ်တဲ့ လူသေအလောင်းကို တွေ့ရှိခဲ့ရပါတယ်။ သေဆုံးသွားခဲ့တဲ့ မိန်းကလေးမှာ အသက် 27နှစ်အရွယ် ကျောင်းဆရာမဖြစ်ပြီး၊

တစ်အိမ်တည်းအတူနေတဲ့မိန်းကလေးရဲ့ပြောပြချက်အရ သူမဟာအခန်းပြင်မထွက်လာတာ 3ရက်ခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ရဲအရာရှိတွေ အဆိုပါအခင်ဖြစ်ပွားရာနေအိမ်သို့ရောက်ရှိပြီး အခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ အနံ့အသက်ဟာ

မခံနိုင်လောက်အောင် ဆိုးဝါးလွန်းပြီး အခန်းထဲမှသေဆုံးနေတဲ့မိန်းကလေးအလောင်းကို တွေ့ရှိခဲ့ကြတာပါ။ ထို့ပြင် အလောင်းကောင်၏ဘေးပတ်ပတ်လည်တွင် သွေးများစွာဖြင့်ကြမ်းပြင်ပေါ် လဲကျနေခဲ့တာပါ။ သူမဟာ ကိုယ့်ဘာသာကို လဲကျသွားခဲ့ပုံရပါတယ်။

ရဲအရာရှိတွေစုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ သူမ မိသားစုတွေရဲ့ပြောပြချက်အရ သူမမှာနှလုံးရောဂါရှိနေခဲ့ပြီး နှလုံးဖောက်၍ရုတ်တရက်စေဆုံးသွားခဲ့ပုံရပါတယ်။ ထို့အပြင် သူမ အခန်းထဲကနေ အပြင်မထွက်တာ 3ရက်ရှိပြီဆိုတဲ့အချက်က သူမဟာ

ရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်ကြောင်း ရဲအရာရှိများက ကောက်ချက်ချခဲ့ကြပါတယ်။ ထို့အပြင် သူမ၏ရုပ်အလောင်းကို Queen Elizabeth Hospital သို့ပို့ဆောင်ခဲ့ပြီး သေဆုံးမှုဖြစ်စဉ် အသေးစိတ်ကိုစစ်ဆေးဖော်ထုတ်မည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ခရက်ဒစ်

Unicode