Dhamma

ဒီနေ့ ကျရောက်တဲ့ မွေးနေ့မှာပဲ သာသနာ့ဘောင်ကိုဝင်ရောက်သွားပြီဖြစ်တဲ့ ဦးဇော်ဇော်(ရုပ်သံ)

Zawgyi

ဦးဇော်ဇော်၏ (၅၃)နှစ်မြောက်မွေးနေ့ရက်မြတ်တွင် ပြင်ဦးလွင်မြို့ရှိ ဓမ္မသဟာယသာသနစင်တာ၌ ရဟန်းအဖြစ်ခံယူကာ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့မှုအစုစုကို ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ပါသည်။

မြန်မာနိုင်ငံက ထိပ်တန်းသူဋ္ဌေးကြီးများထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ ဦးေဇော်ဇော်ဟာဆိုရင် စိတ်သဘောထားပြည့်ဝပြီး အလှူအတန်းရက်ရောတဲ့သူတစ်ဦးအဖြစ် လူသိများတဲ့သူဆိုတာ အထူးပြောစရာလိုမည်မထင်ပါ။

နိမ့်ကျနေတဲ့ မြန်မာ့ဘောလုံးလောကကို ပြန်လည်ဦးမော့လာစေဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကထဲက တာဝန်ယူပြီး လူအားငွေအားစိုက်ထုတ်ကြိုးစားနေသူလဲဖြစ်ပါတယ်။ မက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သလို

ဧရာဝတီဖောင်ဒေးရှင်းကိုထူထောင်ထားပြီး မြန်မာနိုင်ငံသားများရဲ့ လူမှုရေး ပညာရေး ကျန်းမာရေး အခါအားလျော်စွာဖြစ်ပေါ်လာတတ်တဲ့ ကပ်ဘေးဒုက္ခအခက်အခဲတွေကိုကူညီဖြေရှင်းပေးနေတာလဲဖြစ်ပါတယ်။ ယခုလတ်တလောဖြစ်ပေါ်နေတဲ့

ကိုဗစ်ရောဂါ အကြပ်အတည်းများကိုလဲ အဘက်ဘက်ကလိုအပ်နေတဲ့ ဆေးဝါး စက်ကိရိယာ ငွေကြေး များကိုလည်း ကျပ်သန်းထောင်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပါတယ်။ ယနေ့မှာတော့ ဦးဇော်ဇော်၏ (၅၃)နှစ်မြောက်မွေးနေ့ရက်မြတ်တွင်

ပြင်ဦးလွင်မြို့ရှိ ဓမ္မသဟာယသာသနစင်တာ၌ ရဟန်းအဖြစ်ခံယူကာ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့မှုအစုစုကို ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ တာကိုတွေ့ရပါတယ်။ မက်စ်မြန်မာ သူဋ္ဌေးကြီးရဲ့ ကုသိုလ်ကောင်းမှုတွေကို

မုဓိတာပွားသာဓုခေါ်ဆိုနိုင်ဖို့ စာရှုသူပရိတ်သတ်ကြီးအတွက် (၅၃)နှစ်မြောက်မွေးနေ့ကုသိုလ်အဖြစ်ဦးဇော်ဇော် ရဟန်းဝတ်သည့်ပုံရိပ်အချို့ကို ဖော်ပြအပ်ပါသည်။ နတ်လူသာဓုခေါ်နိုင်စေရန်အလို့ငှါ ထပ်ဆင့်မျှဝေအပ်ပါသည်။ ခရက်ဒစ်

Unicode

ဦးဇော်ဇော်၏ (၅၃)နှစ်မြောက်မွေးနေ့ရက်မြတ်တွင် ပြင်ဦးလွင်မြို့ရှိ ဓမ္မသဟာယသာသနစင်တာ၌ ရဟန်းအဖြစ်ခံယူကာ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့မှုအစုစုကို ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ပါသည်။


နိမ့်ကျနေတဲ့ မြန်မာ့ဘောလုံးလောကကို ပြန်လည်ဦးမော့လာစေဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကထဲက တာဝန်ယူပြီး လူအားငွေအားစိုက်ထုတ်ကြိုးစားနေသူလဲဖြစ်ပါတယ်။ မက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သလို

ဧရာဝတီဖောင်ဒေးရှင်းကိုထူထောင်ထားပြီး မြန်မာနိုင်ငံသားများရဲ့ လူမှုရေး ပညာရေး ကျန်းမာရေး အခါအားလျော်စွာဖြစ်ပေါ်လာတတ်တဲ့ ကပ်ဘေးဒုက္ခအခက်အခဲတွေကိုကူညီဖြေရှင်းပေးနေတာလဲဖြစ်ပါတယ်။ ယခုလတ်တလောဖြစ်ပေါ်နေတဲ့

ကိုဗစ်ရောဂါ အကြပ်အတည်းများကိုလဲ အဘက်ဘက်ကလိုအပ်နေတဲ့ ဆေးဝါး စက်ကိရိယာ ငွေကြေး များကိုလည်း ကျပ်သန်းထောင်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပါတယ်။ ယနေ့မှာတော့ ဦးဇော်ဇော်၏ (၅၃)နှစ်မြောက်မွေးနေ့ရက်မြတ်တွင်
