Knowledge

တခြားနိုင်ငံသို့ရောက်နေသည့် မြန်မာတို့ရဲအဖိုးတန်ရတနာများ

(Zawgyi)

တခြားနိုင်ငံသို့ရောက်နေသည့် မြန်မာတို့ရဲအဖိုးတန်ရတနာများ

၁။ ဗန္ဓုလ သံချပ် အကျႌ

ယခု လန်ဒန်မြို့ ပြတိုက်တွင်ရှိသည်။ ထိုသံချပ်ကာအကျႌမှာ မြန်မာနိုင်ငံတွင် လုပ်ထားခြင်းမဟုတ်။သက္ကရာဇ် ၁၀၀၀ ခန့်က အင်ဒိုပါးရှားပြည်များ၌ ပြု့လုပ်သုံးစွဲလေ့ရှိသော အကျႌမျိုးဖြစ်ပြီး အရောင်တင် သတ္တုပြားများနှင့် ဂွန်းထိုးချည်ထိုး အထည်အမျိုးများနှင့် ခိုင်ခန့်စွာ ချုပ်လုပ်ထားသည်။အရပ် ၅ ပေ ၈ လက်မ အမြင့်အရွယ်ရှိသည်။

၂။ မြန်မာတို့ရဲ့ ပတ္တမြားငမောက်

၃။ စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ

စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ

အမျိုးအစား – စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ် တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ ။ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IS.256 to B-1960။

ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကို အသေအချာ မသိရပါ။ ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။ သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။ သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ်ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။

၄။ မိဖုရားဝတ်ရုံ

အမျိုးအစား – မိဖုရားဝတ်ရုံ။ အချိန်ကာလ – ၁၈၆၀ ဝန်းကျင်။ တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ။ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။

လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.45 to C, E, F-1912

ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား၊ ကိုယ်လုပ်တော်ဆိုတာတွေလည်း ရှိပါသေးတယ်။ တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။ ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာတစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။ ( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ဝတ်ရုံ၊ ရာထူးနဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်) ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်း ရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။ မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေ ဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူး ထင်ပါတယ်။ ဒါပေသိ ရုရှားလူမျိုး ပါဠိနဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် “နန်းတွင်းပစ္စည်း” လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။

၅။ နန်းတွင်းသုံးကြေးမောင်းတူရိယာ

ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။

၆။ ရတနာသိယၤဓား

ဓါး ပုံစံ – ငှက်ကြီးတောင်။ ဓါးအမျိုးအစား – နန်းဓါး ဓါးရိုး မင်းရိုး ဓါးအိမ် ဇာတ်တော်ဖွဲ့သရုပ်ပါ ပါဝင်။ သံ – သံ ၇ပါး။ လက်ရာ – ကုန်းဘောင်ခေတ်နှောင်း။ ပြီးစီးသည့်နှစ် – မသိ။ တည်ရှိသည့်နေရာ – လန်ဒန် မြို့တော် ဟားဘတ်စ် ပြတိုက် အင်္ဂလန်။

၇။ ေ႐ႊေပလႊာ

အလောင်းမင်းတရားကြီးဦးအောင်ဇေယျမှ ဂျော့စ်ဘုရင် ၂ ထံ ပေးပို့သော ချစ်ကြည်ရေးရွှေပေလွှာနှင့် မြစေတီကျောက်စာတို့အား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနစ်အဖြစ် ယခုနှစ်ပိုင်းတွင်သတ်မှတ်ခဲ့သည်။

၉။ ကင်းဝန်မင်းကြီး ဦးကောင်း၏ဝတ်ရုံ

အမျိုးအစား – ကင်းဝန်မင်းကြီးဦးကောင်း၏ ဝတ်ရုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်။တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.43 to D-1912

၉။ ပတ္တမြားခေါင်းဘီး

အမျိုးအစား – ပတ္တမြား ခေါင်းဘီး။ အချိန်ကာလ – ၁၈ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ် (၁၇၇၅-၁၈၀၀)။ တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – သစ်သား ပေါ် ရွှေကပ်၊ ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်။ အရွယ်အစား – အရှည် ၈.၂ စင်တီမီတာ ၊ ဘေးတိုက်အကျယ် ၅.၁ စင်တီမီတာ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။ ပြတိုက်ပစ္စည်း အမှတ် – IS.2-1902။

၁၀။ နဂါး လက်ကောက်နှင့် လည်ဆွဲ

အမျိုးအစား – လက်ကောက်၊ လည်ဆွဲ အပါ ရတနာ တစ်ဆင်စာ။ အချိန်ကာလ – ၁၉ ရာစု (၁၈၅၀)။တွေ့ရှိရာနေရာ – မန္တလေး။ မြန်မာ ပြုလုပ်ပုံနည်းပညာ – ကျစ်ဆံမြှီးကျစ် ထားသလိုမျိုး ရွှေကြိုး ဖွတ်မြှီးထိုး မှာ ပတ္တမြား ဖြင့်ပုံဖော်အလှဆင်။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – M.39-1939

၁၁။ ၁၈၅၄ ခုနှစ်က ပန်းချီကား

အမျိုးအစား – ၁၈၅၄ ခုနှစ်ကပန်းချီကား။ အချိန်ကာလ – ၁၉ ရာစု။ တွေ့ရှိရာနေရာ – ကာလကတ္တား။ ပြုလုပ်ပုံနည်းပညာ – ရေဆေးပန်းချီ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား အယ်ဘာတ်ပြတိုက် လန်ဒန်။ ပြတိုက်ပစ္စည်းအမှတ် – IS . 108 – 1950 IS . 179 – 195 IS . 181 – 1950

၁၈၅၂ ခုနှစ်က အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်မာနိုင်ငံ အောက်ပိုင်းနှင့် ရခိုင်ကိုပါ အင်္ဂလိပ်တို့က သိမ်းယူလိုက်ကြပါတယ်။ ၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း ( ၁၈၅၃ – ၁၈၇၈ ) အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ အဖွဲ့ကို အိန္ဒိယဘုရင်ခံချုပ်လော့ဒလဟိုစီ နဲ့ တွေ့ဖို့ရာ ကာလကတ္တားကို သွားပါတယ်။ ဆာအာသာဖယ်ရာက ဒီခရီးစဉ်မှာ စကားပြန်အဖြစ်နဲ့ လိုက်ခဲ့တာပါ။ ဆာအာသာဖယ်ရာရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။ အတူပါလာတဲ့ နန်းတွင်းပန်းချီ ပညာရှင်က မှတ်တမ်းတင်ရေးဆွဲထားတဲ့ ဒီပန်းချီကား သုံးချပ်လုံးမှာ မြန်မာသံအမတ်များရဲ့ ခမ်းနားထည်ဝါမူတွေကို လေ့လာခွင့်ရခဲ့ပါတယ် ။

၁၂။ ၁၉ ရာစု လည်ဆွဲ ဘယက်

အမျိုးအစား – လည်ဆွဲဘယက်။ အချိန်ကာလ – ၁၉ ရာစု။ တွေ့ရှိရာနေရာ – မန္တလေးမြန်မာ။ ပြုလုပ်ပုံနည်းပညာ – ရွှေ ချည်ကြိုးငယ်များတွင် ပုလဲလုံးငယ်ကလေးများ သီကုံး၍အလှဆင်။လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – 03165(IS)

ပုလဲလုံးငယ်လေးတွေကို ရွှေချည်ကြိုးတွေနှင့် သေချာသီပြီး အလှဆင်ထားတဲ့ ဒီလည်ဆွဲဘယက် ဟာ လူတစ်ကိုယ်အတွက် တစ်ဆင်စာ ခြေချင်း၊ လက်စွတ်၊ နားတောင်း ၊ လည်ဆွဲ စတာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလို လူတစ်ကိုယ်အတွက် တစ်ဆင်စာပြည့် ဝတ်စားဆင်ယဉ်မှုဟာ မျိုးရိုး အဆင့်တန်းမြင့် မြန်မာအမျိုးသမီး တစ်ဦးအတွက်တော့ မရှိမဖြစ်ပါ။

၁၃။ လည်တုန်

အမျိုးအစား – လည်ဆွဲဘယက် ( လည်တုန် )။ အချိန်ကာလ – ၁၉ ရာစုနှစ် နှစ်လယ်။ တွေ့ရှိရာနေရာ – တနင်္သာရီ မြန်မာ။ ပြုလုပ်ပုံနည်းပညာ – ရွှေချည် နဂထာကို နီကျင်ကျင်အရောင်ဆင်း ရရှိအောင် မဂျီးသီး(မန်ကျည်းသီ:) နှင့် ရွှေကို ရေနွေးထဲ ထည့်ပြုပ်တယ်။ ဒါမှမဟုတ် ဆာလဖာ ကိုမီးရှို့ပြီး ရွှေအရောင်ရင့်လာ အောင်မှိုင်းတိုက် တယ်။ လက်ရှိတည်နေရာ – ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – 123-1852

၁၉ ရာစုအလယ်ပိုင်းမှာ မြန်မာအမျိုးသမီးတွေ သိပ်ဝတ်တဲ့ လည်ဆွဲပါ။ နီကျင်ကျင်အရောင်ရှိပြီး လည်မှာဆွဲထားရင် တလှုပ်လှုပ်နှင့် မို့ “လည်တုန်” လို့ခေါ်တယ်။ အပြောက်အမွန်းကောင်းကောင်း၊ ဆွဲသီး အတော်များများ (၂၃ ခု) ၊ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အမှတ်လက္ခဏာ ဒေါင်းတံဆိပ် တို့နှင့် အလှဆင်ထားတာမို့ ဝတ်ဆင်သူဟာ အင်မတန် အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကဖြစ်မှာပါ။

၁၃။ ရခိုင့်အမြောက်လက်နတ်ကြီး

အမြှောက်ပေါ်တွင် ရေးထိုးထားသည့်စာအရ (၁၁၄၆)ခု ပြာသိုလပြည့်ကျော်ရံနေ စနေနေ့ည ၄ ချပ်တီးကျော်တရာရိတွင် ဓညဝတီသိပ်ရ) ဟု ရေးထိုးထားတယ်။ ရခိုင်မဂ္ဂဇင်း (ဓညဝတီခေတ် သမိုင်းစာအုပ်မှာ ) ၁၁၄၆ ခု ပြာသိုလပြည်ကျော် ၇ ရက်နေ့ စနေနေ့က ရခိုင်ပြည်သည် ဗမာဘုရင် မိစ္ဆာမောင်ဝိုင်းလက်အောက် ကျရောက်သောနေ့ ဖြစ်သည်။ ယင်းအချိန်တွင် ရခိုင်ဘုရင် မဟာ သမ္မတရာဇာက သူ၏ ချစ်မြတ်နိူးလှသော မိဖုရားမြသန္တာနှင့်အတူ သားတော် သမီးတော် ရဲဘော်မှုးမတ်များကို ခေါ်ယူပြီး တိုက်လှေအစင်း၄၀ ဖြင့် (ကမ်းသာယာ )ကျွန်းသာယာ)ဘက်သို့ တိမ်းရှောင်ခဲ့ရသည်။ အမြှောက်ရဲ့ ရာဇဝင်က ရခိုင် ဘိုးဖီးလက်ထက်က အမြှောက်ဖြစ်တယ်။ ဒီအမြှောက်ကို ပေါ်တူကီနိူင်ငံက ပိုင်တယ် လို့ပြောကြတယ်။ အမြှောက်မှာ ရေးထားတဲ့ စာက ရခိုင်လို ရေးထားတဲ့စာ။ နောက်ဆုံးတော့ ရခိုင်ဘုရင်မင်းများ ပိုင်ဆိုင်ခဲ့သည့် အမြှောက်ဟု ဗြိတိသျှသမိုင်းသုတေသီများက အတည်ပြု ပြောကြားလာတယ်။ အင်္ဂလိပ်က မြန်မာနိူင်ငံကိုသိမ်းပိုက်ပြီးနောက် ဘိုးတော်မောင်ဝိုင်း ရခိုင်က ယူဆောင်လာသော အမြှောက်ကြီးများကို ယူဆောင်လာပြီး မြန်မာကို ဗြိတိသျှတို့ နယ်ချဲ့ပြီးနောက် ဗြိတိသျှအင်ပါယာဖြစ်သော စကော့တလန် ( အီဒင်ဘာ) ရဲ့ (Calton Hill – 1887) မှာ ယနေ့ထိတိုင် ထားရှိနေဆဲလို့ သိရသည်…။

၁၄။ ဟင်္သာရုပ်ကွမ်းအုပ်

ယခင်က ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်မြို့မှာ ရှိခဲ့ပြီး ယခု မြန်မာနိုင်ငံကို ပြန်လှူထားတယ်လို့ သိရပါတယ်။

၁၅။ မန္တလေးနန်းသုံးယပ်တောင်

အမျိုးအစား – ယပ်တောင်။ အချိန်ကာလ – ၁၈၈၀။တွေ့ရှိရာနေရာ – မန္တလေးမြို့၊မြန်မာ။ ပြုလုပ်ပုံနည်းပညာ – သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံ အရင်ဖော်ယူသည်။ ပြီးနောက် အသင့်အနေတော် ပိုးထည်စကပ်သည်။ ပိုးထည်စပေါ်တွင် ရိုးရာကြက်ဥအကာ ရောထားသည့် ရေဆေး၊ ရွှေနှင့် ငွေရောင် များကိုအသုံးပြုပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.292-1921

၁၆။ ရွှေခေါင်းဆောင်း ( သရဖူ )

အမျိုးအစား – ရွှေခေါင်းဆောင်း။ အချိန်ကာလ – ဘုရင်မကြီး ရှင်စောပု (၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်။ တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား၊ မြန်မာ။ ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း။ လက်ရှိတည်နေရာ – လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက် ပြတိုက်

စကားချပ်။ ။ ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတစ်ခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

Credit-Ko knowledge

(Unicode)

တခြားနိုင်ငံသို့ရောက်နေသည့် မြန်မာတို့ရဲအဖိုးတန်ရတနာများ

၁။ ဗန္ဓုလ သံချပ် အင်္ကျီ

ယခု လန်ဒန်မြို့ ပြတိုက်တွင်ရှိသည်။ ထိုသံချပ်ကာအင်္ကျီမှာ မြန်မာနိုင်ငံတွင် လုပ်ထားခြင်းမဟုတ်။သက္ကရာဇ် ၁၀၀၀ ခန့်က အင်ဒိုပါးရှားပြည်များ၌ ပြု့လုပ်သုံးစွဲလေ့ရှိသော အင်္ကျီမျိုးဖြစ်ပြီး အရောင်တင် သတ္တုပြားများနှင့် ဂွန်းထိုးချည်ထိုး အထည်အမျိုးများနှင့် ခိုင်ခန့်စွာ ချုပ်လုပ်ထားသည်။အရပ် ၅ ပေ ၈ လက်မ အမြင့်အရွယ်ရှိသည်။

၂။ မြန်မာတို့ရဲ့ ပတ္တမြားငမောက်

၃။ စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ

အမျိုးအစား – စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ အချိန်ကာလ – ၁၉ ရာစု နောက်ဆုံးနှစ်အစိတ် တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ ။ ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။ လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IS.256 to B-1960။

ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကို အသေအချာ မသိရပါ။ ဗစ်တိုးရီးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။ သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။ သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ်ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။

၄။ မိဖုရားဝတ်ရုံ

အမျိုးအစား – မိဖုရားဝတ်ရုံ။ အချိန်ကာလ – ၁၈၆၀ ဝန်းကျင်။ တွေ့ရှိရာနေရာ – မန္တလေး၊ မြန်မာ။ပြုလုပ်ပုံနည်းပညာ – နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။

လက်ရှိတည်နေရာ – ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် ပြတိုက်။ ပစ္စည်း အမှတ် – IM.45 to C, E, F-1912

ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား၊ ကိုယ်လုပ်တော်ဆိုတာတွေလည်း ရှိပါသေးတယ်။ တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။ ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာတစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။ ( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ဝတ်ရုံ၊ ရာထူးနဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်) ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်း ရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။ မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေ ဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူး ထင်ပါတယ်။ ဒါပေသိ ရုရှားလူမျိုး ပါဠိနဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် “နန်းတွင်းပစ္စည်း” လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။

၅။ နန်းတွင်းသုံးကြေးမောင်းတူရိယာ

ဗစ်တိုးရိးယားနဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။

၆။ ရတနာသိင်္ယဓား

ဓါး ပုံစံ – ငှက်ကြီးတောင်။ ဓါးအမျိုးအစား – နန်းဓါး ဓါးရိုး မင်းရိုး ဓါးအိမ် ဇာတ်တော်ဖွဲ့သရုပ်ပါ ပါဝင်။ သံ – သံ ၇ပါး။ လက်ရာ – ကုန်းဘောင်ခေတ်နှောင်း။ ပြီးစီးသည့်နှစ် – မသိ။ တည်ရှိသည့်နေရာ – လန်ဒန် မြို့တော် ဟားဘတ်စ် ပြတိုက် အင်္ဂလန်။

၇။ ရွှေပေလွှာ