Celebrities

လှည်းကူးစစ်ဘေးရှောင်စခန်းမှာ ဒုတိယအကြိမ်ထပ်မံလှူဒါန်းပေးခဲ့တဲ့ ဘုန်းလျှံ

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်ဘုန်းလျှံကတော့ ထောင်ကထွက်လာပြီးကတည်းက ကောင်းတာတွေဆက်တိုက်လုပ်ရင်း ဘဝကို အကောင်းဆုံးပြန်လည်တည်ဆောက်နေသူပါ။ ပရဟိတ လုပ်အားနဲ့လိုက်လံကူညီနေသလို ကိုယ်တိုင်လည်း တတ်အားသမျှ လိုအပ်နေတဲ့နေရာတွေကို ဆက်တိုက်လှူဒါန်းနေပါတယ်။

မကြာသေးခင်ကမှ ဒုက္ခရောက်နေတဲ့ လှည်းကူးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်း ဒုတိယအကြိမ်မြောက်ထပ်မံ သွားရောက်လှူဒါန်းပေးခဲ့ပြန်ပါတယ် ပရိသတ်ကြီးရေ.. သူငယ်ချင်းတွေနဲ့အတူ စုပေါင်းအလှူလေးအဖြစ် ဆန်၊ဆီ၊ပဲ ၊ ကော်ဖီ၊ ကြာဇံထုတ်၊ ခေါက်ဆွဲထုတ်၊ ကြက်သွန်နီနဲ့ အခြားစားသောက်ကုန်တွေအပြင် ဗလာစာအုပ်တွေကိုပါ လှူဒါန်းပေးခဲ့ပါတယ်။

အခုလို အရာရာခက်ခဲနေတဲ့ကာလကြီးမှာ သူတို့ရဲ့နေအိမ်တွေကို ပစ်ပြီး စစ်ဘေးရှောင်နေရတဲ့သူတွေအဖို့တော့ အစစအရာရာက လိုအပ်နေတဲ့အရာတွေပဲမို့ ဒုတိယအကြိမ်မြောက် ထပ်မံလှူဒါန်းပေးခဲ့တဲ့ ဘုန်းလျှံရဲ့ကြည်နူးဖွယ်ရာအလှူဗွီဒီယိုလေးကို ဖော်ပြရင်း ပရိသတ်ကြီးလည်း သွားရောက်လှူဒါန်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

လှည်းကူးစစ်ဘေးရှောင်သို့ဒုတိယတခေါက်အလှုသွားရောက်…..

Posted by Bhone Hlan on Friday, August 21, 2020

Source – Bhone Hlan
Rainbow- Cele Gabar

#credit