Local News

စစ်တွေ ပိုးတွေ့လူနာတွေရဲ့ ၆၀% မှာ မြန်နှုန်းမြင့် ကူးစက်နိုင်တဲ့ မျိုးဗီဇကွဲ ကိုဗစ်ပိုးအသစ်တွေ့ရှိ

စစ်တွေ ပိုးတွေ့လူနာတွေရဲ့ ၆၀% မှာ မြန်နှုန်းမြင့် ကူးစက်နိုင်တဲ့ မျိုးဗီဇကွဲ ပိုးအသစ်တွေ့ရှိ

စစ်တွေ အခြေအနေ ( 22.8.2020)

ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။ စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။

ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲ ကူညီနိုင်တာတွေ အကုန်လုပ်ပေးနေပါတယ်။ ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ၂၄ ရက်နေ့ကနေစပီး စတင်တာဝန်ထမ်းဆောင်ကြမှာပါ။

Stay at Home နဲ့ မထိန်းနိုင်ရင် ဒုတိယအဆင့်အနေနဲ့ Lock Down ချဖို့ လူကြီးတွေ စဉ်းစားနေပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံး တက်ညီလက်ညီ ပါဝင်ကူညီကြပါ။ အငြင်းအခုံတွေ မလုပ်ပဲ အားပေးကြပါ။ အခုဖြစ်နေတာက ကျနော်တို့ တိုင်းပြည်ထဲက ဒေသတခုပဲ ဖြစ်လို့ စိတ်ဝမ်းမကွဲပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးကြပါ။

ပြည်သူအားလုံး အပြင်သွားရင် Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ဆေးပါ။ လိုင်းပေါ်မှာပဲ ကြောက်ပြနေလို့ မရပါဘူး။ အပြင်မှာ တကယ်လိုက်နာမှ ရပါမယ်။ မလိုက်နာရင်တော့ အားလုံးဒုက္ခရောက်ကုန်ကြမှာပါ။

ဒုတိယလှိုင်းက ပိုအရေးကြီးပါတယ်။ လက်ခုတ်တီးပေးတာထက် စည်းကမ်းအတိုင်း လိုက်နာနေထိုင်တာကို ဆရာဝန်တွေက ပိုကျေးဇူးတင်ပါတယ်။ အထူး ဂရုပြုနေထိုင်ကြပါ။

#credit