Lifestyle

သပိတ်ကျင်းမြို့ ဝါးဖြူတောင်ကျေးရွာ သုဿန်အနီးတွင် ရွှေစများတွေ့ရှိမူကြောင့် လာရောက်ရှာဖွေသူဦးရေရာကျော်ရှိနေဟုဆို

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၏ အနောက် ဘက် သုဿန်ရှိလောင်တိုက်ကုန်းနှင့် ကိုက်၃၀၀ ခန့်အကွာတွင် ယနေ့နံနက်ပိုင်းက ရှေးခေတ်ကဟု ယူဆရသည့် ပုတီးစေ့ပုံစံနှင့်ရွှေတိုရွှေစလေးများ တွေ့ရှိမူကြောင့်လာရောက်ရှာဖွေသူဦးရေ ရာကျော်ရှိနေကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။

ဝါးဖြူတောင်ကျေးရွာ ဒေသခံပြည်သူများအနေဖြင့် ကျေးရွာရှိသုဿန် လောင် တိုက်နေရာ တဝိုက်တွင် တစ်ပိုင်တနိုင် မိသာစုဝင်ငွေရရှိရန် အင်ဝိုင်းဖြင့် ရွှေကျင်ရာမှ ရှေးခေတ်ကဟုယူဆရသည့် ပုတီးစေ့ပုံစံနှင့်ရွှေတိုရွှေစများရရှိခဲ့သည့် သတင်း ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှလည်း လာရောက်ရှာဖွေသူ များပြားနေခြင်းဖြစ်ကြောင်းသိရသည်။

ဒေသခံများ တွေ့ရှိသည့်ရွှေမှာ ရွေးကြီးတစ်ရွေး၊နှစ်ရွေးခန့်ရှိ သဘာဝရွှေအရိုင်းမဟုတ်ဘဲ လက်ဝတ်လက်စားအပိုင်းအစများဖြစ်ကာ ရွှေဝယ်သူများမှ ကျပ်၂၀၀၀၀ ပေးဝယ်သော် လည်း ရွှေအရည် အသွေးကောင်းမွန်သည့်အတွက် တွေ့ရှိသူများက မရောင်းသေးကြောင်းနှင့်ယခင်ကလည်း ၎င်းနေရာမှ ရွှေတို ရွှေစလေးများ ရရှိခဲ့ဖူးကြောင်း ဒေသခံများကပြောသည်။

Credit Pyi Myanmar