Lifestyle

ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူပြီးနောက် မပုပ်မသိုး၍ သိပ္ပံပညာရှင်များ လာရောက်လေ့လာ

Zawgyi

ထိုင်ဝမ်မှ တိဗက်ဗုဒ္ဓဘာသာ ဘုန်တော်ကြီး တစ်ပါးဟာ ဇူလိုင် ၁၄ ရက်မှာ ဆေးပညာအရ ပျံလွန်တော်မူသွားပြီလို့ ကြေညာခဲ့ပေမယ့် ရှားပါးတဲ့ ဝိညာဏ တရားအားထုတ်မှု ‘သုခဒမ်” (Thukdam) အခြေအနေကို ရောက်ရှိ သွားတယ်လို့ ဆိုပါတယ်။ဝိပဿနာ ဘာဝနာထုံမွှန်းနေအောင် အားထုတ်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူတာ ဒါမှမဟုတ် လူပုဂ္ဂိုလ် တစ်ဦီး ကွယ်လွန်ချိန်မှာ မပုပ်မသိုးဘဲ သာမန်အိပ်ပျော်နေသလို ဖြစ်သွားတဲ့ အခုလို ဖြစ်ရပ်မျိုးက မြန်မာနိုင်ငံသားတွေ အနေနဲ့ သိပ်မစိမ်းတော့တဲ့ ဖြစ်ရပ် တစ်ခုပါ။ ဒါမျိုးကို မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာဝင် အများစုကြားမှာ ‘တရားနဲ့သေတယ်” လို့ မှတ်ချက်ချကြပြီး ဝမ်းမြောက်ကြည်ညို တတ်ကြပါတယ်။

တိဗက်ဗုဒ္ဓဘာသာ ဝင်တွေကတော့ ဒီလို ဖြစ်ရပ်မျိုးကို သုခဒမ် (Thukdam) လို့ခေါ်ပြီး တစ်ကိုယ်လုံး မလှုပ်ဘဲ တရားအားထုတ်နေတဲ့ အဆင့်မျိုးနဲ့ ပုံစံတူတယ်လို့ ပြောဆိုကြပါတယ်။ Thukdam ကို တိဗက်ဗုဒ္ဓဘာသာရဲ့ ဖြစ်စဉ်တစ်ခုလို့ ကမ္ဘာက သိထားပါတယ်။ရုပ်ပိုင်းဆိုင်ရာ သေဆုံးသွားပေမယ့် ကိုယ်ခန္ဓာအတွင်းမှာ အသိရှိနေတယ်လို့ သူတို့က ယူဆပြောဆိုကြပါတယ်။

အခုလည်း ဘုန်းတော်ကြီး Geshe Gyatso ကို ဆေးခန်းက ပျံလွန်တော် မူသွားပြီလို့ အခိုင်အမာ ကြေညာခဲ့ ပေမယ့် ရုပ်ကလာပ်တော်က မပုပ်မသိုးဘဲ သေဆုံးသူတို့မှာ တွေ့ရတဲ့ ယိုယွင်းခြင်းလက္ခဏာတွေ မပြဘဲ သာမန် ပကတိအတိုင်း ဖြစ်နေတယ်လို့ Central Tibetan Administration (CTA) က ဆိုပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လာမာရဲ့ ပန်ကြားချက်နဲ့ ဒီလိုဖြစ်စဉ်မျိုးအတွက် သိပ္ပံနည်းကျ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့ဖူးပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့က ဘုန်းတော်ကြီး Geshe Gyatso ပျံလွန်တော်မူပြီးနောက် ရုပ်ကလာပ်ကို ဆရာတော် သီတင်းသုံးရာ ကျောင်းကို ပြန်ပို့ခဲ့ပါတယ်။ ဆရာတော်နဲ့ အရင်းနီးဆုံး မိတ်ဆွေဖြစ်တဲ့ Sera Jey ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော် Geshe Norbu က ဈာပနပူဇာသဘင်ပွဲတော် ပထမနေ့နဲ့ ဒုတိယနေ့မှာ ရုပ်ကလာပ်တော် က မပုပ်မသိုးတာ အသားအရောင် မပြောင်းတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

တတိယနေ့မှာတော့ အပြည်ပြည် ဆိုင်ရာ တိဗက်ဗုဒ္ဓဘာသာစင်တာမှ ဥက္ကဌ ဆရာတော် Jigme Namgyal က ကြွရောက် လေ့လာပြီး Thukdam အဆင့် ဝင်နေပြီလို့ ထောက်ခံခဲ့ပါတယ်။ဘုန်းတော်ကြီး Geshe Gyatso ပျံလွန်တော် မူချိန်က ထိုင်ဝမ်မှာ အပူပြင်းဆုံး နွေရာသီကာလထဲ ရောက်နေပေမယ့် မပုပ်သိုးတာကြောင့် တိဗက် ရုံးဝန်ထမ်းတွေက ပုပ်သိုးပျက်စီးခြင်းနဲ့ ပြိုကွဲခြင်း လက္ခဏာတွေကို ဆုံးဖြတ်ဖို့ ၅ ရက်မြောက်နေ့မှာ ရုပ်ကလာပ်ကို ပြန်လည်စစ်ဆေးခဲ့ပေမယ့် ဘာမှ ထူးထူးခြားခြား မတွေ့ရဘူးလို့ ဆိုကြပါတယ်။

ဒါ့အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက အခုအဖြစ်ရပ်ကို လာရောက်လေ့လာပြီးနောက် အံ့အားသင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။ သူတို့ရဲ့ ဆန်းစစ်ချက် မှတ်တမ်းတွေကို ဒလိုင်လာမာရဲ့ ရုံးသို့ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။လိုင်လာမားရဲ့ အတွင်းရေးမှူး Tsegyam က ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တို့ရဲ့ လေ့လာမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သုတေသနပြုဖို့ ဘုန်းတော်ကြီး လာမားက မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီး Geshe ရဲ့ တပြည့်တွေကလည်း ထိုင်ဝမ် သုတေသနစင်တာ “Academia Sinica” ထံ ချဉ်းကပ်ကြပြီး သူတို့ဆရာတော်ကို စစ်ဆေးပေးဖို့ တောင်းဆိုထားကြပါတယ်။အတွင်းရေးမှူး Tsegyam ကလည်း ‘သုခဒမ်’နဲ့ ဗုဒ္ဓဓမ္မအပေါ် သုတေသနပြုလုပ်တာက အကျိုးရှိလိမ့်မယ်လို့ အကြံပေးထားခဲ့ပါတယ်။ဒါ့ကြောင့် ဘုန်းတော်ကြီး ပျံလွန်တော်မူပြီး ၁၀ရက်အကြာ ဇူလိုင်လ ၂၄ ရက်မှာ ထိုင်ဝမ်သုတေသနစင်တာ Academia Sinica မှ ရူပဗေဒပညာရှင်နဲ့ သူရဲ့ လက်ထောက်တွေ လာရောက်ကြပြီး ရုပ်ကလာပ်တော်ကို ပထမဆုံးအကြိမ် သိပ္ပံနည်းကျ စစ်ဆေးမှု ပြုကြပါတယ်။

စစ်ဆေးမှုအရ ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်မှာ သွေးပေါင်ချိန် ၈၆ ရှိကြောင်း၊ သက်ရှိလူသားနဲ့ အတော်လေး နီးစပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အရေပြား ပျော့ပျောင်းမှု၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပုံပျက်ယွင်းမှု မရှိတဲ့ အခြေအနေ၊ မျက်နှာ ကြည်လင်မှုနဲ့ ပူနွေးမှုတို့ကို အနီးကပ် စစ်ဆေးခြင်းကြည့်ရာမှာ သက်ရှိလူသား အတိုင်း ဖြစ်နေတယ်လို့ သတိပြုမိခဲ့ပါတယ်။

လာရောက်စစ်ဆေးတဲ့ ရူပဗေဒပညာရှင် ယွမ်စီလီက ၂၀၁၈ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ ဒါရမ်သာလာမြို့မှာ ဒလိုင်လာမာနဲ့ တရုတ်သိပ္ပံပညာရှင်တွေအကြား ကျင်းပခဲ့တဲ့ ကွမ်တန်ရူပဗေဒရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။လီက အခုတွေ့ရှိချက်တွေက ဒါရမ်သာလာဆွေးနွေးပွဲမှာ ဘုန်းတော်ကြီး ဒလိုင်လာမာ ပြောပြချက်တွေနဲ့ တူညီနေတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်တက္ကသိုလ်မှ စိတ်ပညာပါမောက္ခနဲ့ သူ့ရဲ့ လက်ထောက်တွေကလည်း ရုပ်ကလာပ်ရဲ့ ဦး နှောက်အာရုံကြော လှုပ်ရှားမှုတွေကို ဇူလိုင်လ ၂၈ ရက်နဲ့ သြဂုတ်လ ၁ ရက်တို့မှာ လာရောက်စစ်ဆေး ကြည့်ခဲ့ကြပါတယ်။အလားတူပဲ ဒလိုင်းလားမားရဲ့ ရုံးကလည်း ဒက်လက်ဆေးရုံမှ Tseten Dorje ကို ရူပဗေဒပညာရှင်တွေကို ကူညီပေးဖို့ ညွှန်ကြားထားပြီး ရုပ်ကလာပ်တော် ပြောင်းလဲမှု အဆင့်ဆင့်ကို ဓာတ်ပုံမှတ်တမ်းများတင်ရန် လိုအပ်သမျှ အကူအညီပေးရန် လမ်းညွှန်ထားပါတယ်။

ဘုန်းတော်ကြီး Geshe Gyats ရဲ့ ‘သုခဒမ်”ရုပ်ကလာပ်တော်ကို ၂၈ရက်ကြာတဲ့အထိ သိပ္ပံပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပူးပေါင်းလေ့လာပြီး ဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေ တင်ထားခဲ့တယ်လို့ သိရပါတယ်။

Unicode

ဘုန်းတော်ကြီး Geshe Gyats ရဲ့ ‘သုခဒမ်”ရုပ်ကလာပ်တော်ကို ၂၈ရက်ကြာတဲ့အထိ သိပ္ပံပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပူးပေါင်းလေ့လာပြီး ဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေ တင်ထားခဲ့တယ်လို့ သိရပါတယ်။credit