Celebrities

စစ်တွေပြည်သူ့ဆေးရုံအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့ ချစ်သုဝေနဲ့လင်းလင်းတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

ခေတ်သစ်ဖောင်ဒေးရှင်းဟာ COVID-19 ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို နိုင်ငံအနှံ့အပြားမှာရှိတဲ့ ဆေးရုံဆေးခန်းများကို ကူညီလှူဒါန်းပေးနေတာဖြစ်ပါတယ် ။ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်မှာ Covid-19 ရောဂါ ပိုးတွေ့ရှိမှုနဲ့ပတ်သက်ပြီး ပရိသတ်အချစ်တော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ လိုအပ်တာတွေကို စစ်တွေပြည်သူ့ဆေးရုံအတွက် လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

စစ်တွေပြည်သူ့ဆေးရုံအတွက် PPE(100) စုံ၊ Glove (5)Boxes ၊ Faceshield(100) pcs၊ Adult Filter (200) ခု ၊ Scrub Suit (25)စုံ ၊ N (95) – 40 ခုတို့ကို ရန်ကုန်မှတာဝန်နဲ့သွားစရမယ့် မေ့ဆေးဆရာဝန်တွေကနေ တစ်ဆင့် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ် ။ နိုင်သလောက်လေးပြေးကူ ပြေးလှူ စာရင်းပိတ်ပြီးလက်ကျန် ဆေးပစ္စည်းလေးတွေချန်ထားခဲ့တာမှန်သွားတယ် အကယ်၍များ….ဟာတကယ်ဖြစ်လာလေတော့နိုင်သလောက်ခွဲလှူခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သုဝေ က သူမရဲ့လှူဒါန်းမှုလေးကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြထားပါသေးတယ် ။

COVIDအတွက်လှူဒါန်းခဲ့တဲ့အလှူရှင်များ ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း အားလုံးစိတ်အလိုမလိုက်ပဲ အပျော်ခရီး အပြင်မှာအပျော်ဆုံတွေ့စားသောက်ခြင်း တွေတတ်နိုင်သမျှထိန်းပေးကြရအောင်နော် မဖြစ်မနေအလုပ်အတွက်သာ NEW NORMAL lifestyle ကျင့်သုံးပြီးတစ်ဦးနဲ့တစ်ဦးကာကွယ်ကြရအောင် နော် ။

Source : Chit Thu Wai
Emily (Cele Gabar)