Celebrities

ဒီနေ့မနက် (၁၀)နာရီမှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသလူရွှင်တော် တော့ပ်

ပရိသတ်ရဲ့ဘဝအမောတွေကို ပျော်တော်ဆက်ပေးခဲ့တဲ့ ဟာသလူရွှင်တော်တော့ပ်ကတော့ ဒီနေ့မနက်(၁၀)နာရီမှာပဲ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း စိတ်မကောင်းစွာကြားသိရပါတယ်။ လူရွှင်တော်တော့ပ်ကတော့ လွန်ခဲ့တဲ့သုံးလလောက်တုန်းက မိန်းမဖြစ်သူ ရေနွေးပူနဲ့လောင်းလိုက်တာကြောင့် တစ်ကိုယ်လုံး အပူလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတက်ခဲ့ရသူပါ။

သူ့ရဲ့စိတ်မကောင်းစရာအဖြစ်ဆိုးကြောင့် လူရွှင်တော်အသင်းက ထောက်ပံ့ကူညီမှုတချို့ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနေ့မနက်မှာတော့ ကုတင်(၅၀၀) ဆေးရုံမှာ ဆုံးပါးသွားပြီဖြစ်ကြောင်း ဟာသလူရွှင်တော်ကောင်းကျော်က ပရိသတ်ကို အသိပေးပြောကြားခဲ့ပြီး သူကိုယ်တိုင်လည်း များစွာ စိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

ပရိသတ်တွေရဲ့ဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် ဘဝဆက်တိုင်း အခုလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံတွေ့ပါစေနဲ့တော့လို့ ဆုတောင်းပေးလိုက်ပါတယ် ဦးတော့ပ်ရေ… ကောင်းရာမွန်ရာ ရောက်ပါစေနော်။

Source – U Kaung Kyaw
Rainbow- Cele Gabar

#credit cele gabar