Knowledge

ရေစိုနေတဲ့ ဖုန်း ကို ပြန်ကောင်းလာဖို့အတွက် အထိရောက်ဆုံးနည်းလမ်း

Unicodeဖြင့်ဖတ်ရန်

[ ဖုန်းပြင်ဆိုင်သွားစရာမလိုပဲ မိမိ အိမ် မှာ ဖုန်းကိုပြန်ကောင်းအောင်လုပ်နိုင်ပါတယ် ]

တကယ်လို့ သင့်ရဲ့ဖုန်းကရေထဲကျသွားတဲ့အခါ ၊ရေစိုသွားတဲ့အခါ-

ဖုန်းကိုချက်ချင်းအသုံးမပြုပါနဲ့။

ရေထဲကဆယ်ယူထားပြီး အရင်ဆုံး ပါဝါပိတ်ထားလိုက်ပါ။

Sim ကဒ်နဲ့တခြား SD ကဒ်လိုမျိုးအရာတွေကိုထုတ်ထားပါ။

သဘတ် ဒါမှမဟုတ် ရေစုတ်မယ့်အဝတ်တစ်ခုခုနဲ့ ဖုန်းကိုသုတ်ပေးပါ။

ပြီးရင်တော့ ဖုန်းရဲ့အပေါက်လေးတွေကနေရေတွေထွက်လာနိုင်အောင် ဖြေးဖြေးသာလုှပ်ခါပေးပါ။

ရေစိုနေတဲ့ဖုန်းကို ဘယ်လိုအခြောက်ခံမလဲ?

ဖုန်းရေစိုသွားတဲ့အခါ ဆန်ကိုလဲအသုံးပြုနိုင်ပါတယ်။ ဆန်က တော်တော်လေးရေစုပ်ယူအားကောင်းတာကြောင့်ပါ။

ဇလုံကြီးကြီးတစ်ခုထဲမှာ ဖုန်းကိုအရင်ထည့်ပါ။

ပြီးရင် ဆန်တွေကို ဖုန်းနှစ်မြုပ်သွားအောင်ထိ ဖြည့်ထားပါ။

အဲ့ဒီအတိုင်း ဆန်ထဲမှာ ၂၄နာရီတစ်ရက်ကြာအောင်ထားပေးပါ။.

တစ်ရက်ပြည့်သွားပြီဆိုရင်တော့ ဖုန်းကိုပါဝါပြန်ဖွင့်ကြည့်ပါ။

တကယ်လို့ ဖုန်းကပြန်မပွင့်လာသေးဘူးဆိုရင် နောက်တစ်ရက်လောက်ထပ်မြုပ်ထားပါ။

၃၊၄ ကြိမ်လောက်လုပ်ပြီးလို့မှ ပါဝါပြန်မပွင့်လာသေးဘူးဆိုရင်တော့ ဖုန်းကိုအသုံးပြုလို့မရနိုင်တော့ပါဘူး။

ဆန် အစား ဆီလီကာဂျယ်ကိုလဲ အသုံးပြုနိုင်ပါတယ်။

တကယ်လို့ သင့်အိမ်မှာ နွေးနွေးထွေးထွေးရှိတဲ့ ဗီရိုတစ်လုံးလောက်ရှိမယ်ဆိုရင် ဗီရိုထဲမှာ၂ရက်၊၃ရက်လောက်ထားပေးထားပါ။

ဒီမှာတော့ ဗီရိုကအပးချိန်ခပ်နွေးနွေးသာရှိနေရပါမယ်။ အပူချိန်များတဲ့နေရာတွေကိုတော့ရှောင်မှ ဖြစ်ပါမယ်။

ရေစိုနေတဲ့ဖုန်းကို ဘာတွေမလုပ်သင့်တာလဲ?

ရေစိုနေတဲ့ဖုန်းကို ဖန်ခွက်အပူထဲကိုလုံးဝမထည့်ပါနဲ့။

Hair dryer , radiator စတဲ့အရာတွေနဲ့လဲ အခြောက်ခံတာတွေမလုပ်ပါနဲ့။

ရေခဲသေတ္တာထဲထည့်ထားတာမျိုးတွေလဲ မလုပ်ပါနဲ့။

Credit – Min Thu [Daily Hot News ]

Zawgyiဖြင့်ဖတ်ရန်