Local News

“အကျပ်အတည်း ကာလ မှာ ကိုယ်ကျိုး စွန့်ပြီး ကူညီခဲ့သူ တွေရဲ့ ကျေးဇူး ကို မမေ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်”

“အကျပ်အတည်း ကာလ မှာ ကိုယ်ကျိုး စွန့်ပြီး ကူညီခဲ့သူ တွေရဲ့ ကျေးဇူး ကို မမေ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်”

မန္တလေးမြို့ ငွေနှင်းဖြူ လက်ဖက်ပွဲ စားကြီး ဦးညီပု ဇနီးပွဲကတော်ကြီး ဒေါ်နှင်းယဉ်တို့ တိုက်ကို အမေဒေါ်အောင်ဆန်းစုကြည် လာရောက် နှုတ်ဆက်ဂါရဝပြုပါတယ်။

လွန်ခဲ့သော အကျပ်အတည်းကာလ က မန်းမြေ မှာ တည်းခိုခန်းများ မေစုလာချိန် ဘယ်မှ ငှားရမ်း မရတော့ အဘဦးညီပု၊ အမေနှင်းတို့အိမ်မှာ တည်းရပါတယ်။

အဘ ဦးညီပုကို မဟာမုနိဘုရားဂေါပက ၊မင်းကွန်းလူအိုရုံဥက္ကဌ မှထောက်လှမ်းရေးက ဖြုတ်ပစ်ပါတယ်။

သူ့သား Dr.မင်းသိန်းကို စစ်ကိုင်းတွင်းတောင် စက်ရုံဆေးဝါးထုတ်လုပ်ရေး ညွှန်ချုပ်နေရာက ဖြုတ်ပစ်ပါတယ်။

မိသားစု အားလုံး ညီညွတ်စွာ ဒီမိုကရေစီရဖို့NLD နဲ့အမေစု ကို ထောက်ခံတယ်။

အဘဦးညီပု မရှိလည်း အမေနှင်း ကိုယ်တိုင် တက်တက်ကြွကြွ အမြဲ ပါတီဝင်များကို နွေးထွေးမှုပေးတယ်။

အခုလို မေစု ဒီလို အချိန်မှာ အမေနှင်းအသက်၉၀ကျော်မှာ လာတွေ့လို့ မန်းသူမန်းသား များအားလုံး ဝမ်းသာကြည်နူးမိပါတယ်။

ငွေနှင်းဖြူ လက်ဖက် ပွဲကတော်ကြီး အဖွားဒေါ်နှင်းယဉ်ချစ်ခင်ရတဲ့ ညီမလေး ဆုမြတ်ဝေလှိုင် ငွေနှင်းဖြူ လက်ဖက်မိသားစု များ နဲ့အတူ ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

#credit