News

ဒေါ်အောင်ဆန်းစုကြည် က ရုရှား ကာကွယ် ဆေးကို စိတ်ဝင်စား သည်ဟု ဆိုကြောင်း ရုရှားသံ အမတ်ကြီးပြော

ဒေါ်အောင်ဆန်းစုကြည် က ရုရှား ကာကွယ် ဆေးကို စိတ်ဝင်စား သည်ဟု ဆိုကြောင်း ရုရှားသံ အမတ်ကြီးပြော

ရုရှား နိုင်ငံက မကြာသေးမီက ထုတ်ပြန်ကြေ ညာလိုက် သည့် ကိုဗစ် ရောဂါကာကွယ်ဆေးအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်စား ကြောင်း ပြောဆိုထားသည် ဟု မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအ မတ်ကြီးက ပြောကြားလိုက်ပါတယ်။

နေပြည်တော်၌ ဩဂုတ် ၁၉ ရက်က ကျင်းပသည့် ၂၁ရာစုပင် လုံညီလာခံဖွင့်ပွဲသို့ တက်ရောက် လာသည့် သံအမတ်ကြီး အား ကိုဗစ်ကာကွယ်ဆေးထုတ် လုပ်နိုင် မည့် အခြေအနေနှင့်ပတ် သက်ပြီး မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ကာကွယ်ဆေး ထုတ်လုပ် နိုင်မည့် အခြေအနေနှင့် ပတ်သက် ပြီးမေးမြန်းရာ သံအမတ်ကြီးက ‘‘ဟုတ်ကဲ့ထုတ်နိုင်တယ်။ အခု မှတ်ပုံတင်တင်ထားတယ်။ သမ္မတ ပူတင်က အဲဒါနဲ့ပတ်သက်ပြီးကြေ ညာချက်လုပ်ခဲ့ပါတယ်။ သမ္မတပူ တင်ရဲ့ သမီးတစ်ယောက် က လည်း ဒီကာကွယ်ဆေးကိုထိုးခဲ့ပါ တယ်။ ရလဒ်ကောင်းတယ်။ စမ်း သပ်မှုတွေလုပ်ပြီးသား။ ဒါပေမဲ့ တခြားအဆင့်ရှိသေးတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ဆုံး စမ်းသပ်မှုလုပ် ဆောင်ပြီး ကာကွယ်ဆေး ထုတ်လုပ်ပါက အခြားနိုင်ငံများသို့လည်း ပို့နိုင်မည်ဟုမျှော်လင့် ကြောင်း၎င်းက ပြောပါတယ်။

“အခုလည်း တခြားနိုင်ငံ တွေက ကာကွယ်ဆေးကို စိတ်ဝင် စားတယ်တဲ့။ ဒီမြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် က ဘာ ပြောလဲဆိုရင် သူလည်း ကာကွယ် ဆေးကို စိတ်ဝင်စားပါ တယ်။ ဒါ ပေမဲ့ အတည်ပြုဖို့ကလည်းအရေး ကြီးပါတယ်။ ဒါပေမဲ့ အခုမကြာ ခင်ထုတ်လုပ်မယ် တဲ့ သမ္မတပူ တင်ကကြေညာခဲ့ပါတယ်။ ဒါပေ မဲ့ အချိန်နည်းနည်း လိုအပ်ပါ မယ်”ဟု ရုရှားသံအမတ်ကြီးက ပြောပါတယ်။

ရုရှားက စမ်းသပ် နေသည့် ကာကွယ်ဆေးအောင် မြင်သွားပါ က မြန်မာနိုင်ငံအနေဖြင့်ကာကွယ် ဆေးတွေရရှိနိုင်မယ့် အလားအ လာရှိပါသလားဟု မေးမြန်းမှုအပေါ် သံအမတ်ကြီးက ‘‘ရှိပါတယ်။ ရှိပါတယ်။ အလားအလာရှိပါ တယ်”ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

zawgyi

ဒေါ်အောင်ဆန်းစုကြည် က ရုရှား ကာကွယ် ဆေးကို စိတ်ဝင်စား သည်ဟု ဆိုကြောင်း ရုရှားသံ အမတ်ကြီးပြော

ရုရှား နိုင်ငံက မကြာသေးမီက ထုတ်ပြန်ကြေ ညာလိုက် သည့် ကိုဗစ် ရောဂါကာကွယ်ဆေးအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်စား ကြောင်း ပြောဆိုထားသည် ဟု မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအ မတ်ကြီးက ပြောကြားလိုက်ပါတယ်။

နေပြည်တော်၌ ဩဂုတ် ၁၉ ရက်က ကျင်းပသည့် ၂၁ရာစုပင် လုံညီလာခံဖွင့်ပွဲသို့ တက်ရောက် လာသည့် သံအမတ်ကြီး အား ကိုဗစ်ကာကွယ်ဆေးထုတ် လုပ်နိုင် မည့် အခြေအနေနှင့်ပတ် သက်ပြီး မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ကာကွယ်ဆေး ထုတ်လုပ် နိုင်မည့် အခြေအနေနှင့် ပတ်သက် ပြီးမေးမြန်းရာ သံအမတ်ကြီးက ‘‘ဟုတ်ကဲ့ထုတ်နိုင်တယ်။ အခု မှတ်ပုံတင်တင်ထားတယ်။ သမ္မတ ပူတင်က အဲဒါနဲ့ပတ်သက်ပြီးကြေ ညာချက်လုပ်ခဲ့ပါတယ်။ သမ္မတပူ တင်ရဲ့ သမီးတစ်ယောက် က လည်း ဒီကာကွယ်ဆေးကိုထိုးခဲ့ပါ တယ်။ ရလဒ်ကောင်းတယ်။ စမ်း သပ်မှုတွေလုပ်ပြီးသား။ ဒါပေမဲ့ တခြားအဆင့်ရှိသေးတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ဆုံး စမ်းသပ်မှုလုပ် ဆောင်ပြီး ကာကွယ်ဆေး ထုတ်လုပ်ပါက အခြားနိုင်ငံများသို့လည်း ပို့နိုင်မည်ဟုမျှော်လင့် ကြောင်း၎င်းက ပြောပါတယ်။“အခုလည်း တခြားနိုင်ငံ တွေက ကာကွယ်ဆေးကို စိတ်ဝင် စားတယ်တဲ့။ ဒီမြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် က ဘာ ပြောလဲဆိုရင် သူလည်း ကာကွယ် ဆေးကို စိတ်ဝင်စားပါ တယ်။ ဒါ ပေမဲ့ အတည်ပြုဖို့ကလည်းအရေး ကြီးပါတယ်။ ဒါပေမဲ့ အခုမကြာ ခင်ထုတ်လုပ်မယ် တဲ့ သမ္မတပူ တင်ကကြေညာခဲ့ပါတယ်။ ဒါပေ မဲ့ အချိန်နည်းနည်း လိုအပ်ပါ မယ်”ဟု ရုရှားသံအမတ်ကြီးက ပြောပါတယ်။ရုရှားက စမ်းသပ် နေသည့် ကာကွယ်ဆေးအောင် မြင်သွားပါ က မြန်မာနိုင်ငံအနေဖြင့်ကာကွယ် ဆေးတွေရရှိနိုင်မယ့် အလားအ လာရှိပါသလားဟု မေးမြန်းမှုအပေါ် သံအမတ်ကြီးက ‘‘ရှိပါတယ်။ ရှိပါတယ်။ အလားအလာရှိပါ တယ်”ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။