Lifestyle

မိုးရေထဲမှာ အသီးတွေ ရောင်းနေရရှာတဲ့ အသက် (၈၈) နှစ်အရွယ်အဖွား (လမ်းမှာတွေ့ရင် အသီးလေးတွေ အားပေးလိုက်ပါ)

သဲစိတ်မကောင်းလို့ အဘွားကိုတွေ့ရင် အသီးတွေအားပေးကြပါနော်…

လမ်းသွားရင်း အသီးဝယ်သွားပါအုံးဆိုတဲ့အသံကြားလို့ ကြည့်လိုက်တာ အဘွားအိုတစ်ယောက်ဖြစ်နေတယ် သဲလဲ အသီးအားပေးရင်းမေးကြည့်လိုက်တယ် အဘွားဘယ်ကလဲဆိုတော့ မြောက်ဥက္ကလာကတဲ့ အဝေးကြီးလာရောင်းတာ ပြန်ရင်Taxi နဲ့ပြန်တယ်တဲ့ ဈေးကြီးလိုက်တာတဲ့အဘွားကပြောတယ်

အဘွားရဲ့အသက်က ၈၈နှစ်ပါ ပြီးတော့ အဘွားနေမကောင်းဘူးတဲ့ မိုးကရွာတော့ ရောင်းမကောင်းဘူးတဲ့…အဲ့ဒါနဲ့ အဘွားကိုပုံရိုက်ပြီး ပုံတင်ဖို့ခွင့်တောင်းခဲ့တယ်

အဘွားကို သဲတတ်နိုင်သလောက် အသီးဖိုးပိုပေးလိုက်တော့ အဘွားက ပန်းသီးလေးတစ်လုံးယူသွားပါတဲ့၊ ၂၃လမ်းနဲ့ ၂၄လမ်းကြားမှာ ရောင်းပါတယ် သိမ်ကြီးဈေးဂမုန်းပွင့်နား… အဘွားအသီးရောင်းတဲ့နေရာ ပုံမှာပြထားပါတယ် အဘွားရဲ့အသီးလေးတွေအားပေးပါတွေ့ရင်.. (Phyu Thae Oo)

အဖွားရဲ့ မြောက်ဥက္ကလာလိပ်စာကိုပါ ဖော်ပြပေးလိုက်ပါတယ်-

အဖွားနေတဲ့ လိပ်စာပြောပြမယ် ကိူယ်တွေနဲ့ တစ်လမ်းထဲပဲနေတာ။ သူမှာ သားသမီးရှိလားအပျိုကြီးလားတော့မသိဘူး။ သူတို့အိမ်မှာ အန်တီကြီးတွေတော့ရှိတယ် လူငယ်နည်းတယ်တယ် သူတို့အိမ်မှာ အသက်ကြီးတဲ့သူတွေချည်းပဲ။

လှူချင်ရင်တော့ လိပ်စာက မြောက်ဥက္ကလာ မယ်လမုဘုန်းကြီးလမ်းမှတ်တိုင်ဆင်းပြီး အာသာဝတီလမ်းမပေါ်မှာပဲ သူတို့အိမ်က…ဆိုက်ကားဂိတ်ကို အဲ့အဖွားပုံပြပြီးမေးရင် သိတယ်။(ညိုညို ဆေးဆိုင် စတိုးဆိုင် ရှေ့က မြန်မာစိုးတိုင်းရင်းဆေးကုခန်း ဘေးကအိမ်မှာနေတဲ့အဖွား)

သူ့မှာ အာသာဝတီလမ်းမတန်းမှာ အမွေဆိုင် အိမ်ပိုင်ရှိတယ်။ ဖွားဖွားက ဟိုးအရင်အရွယ်ကောင်းကတည်းက မြို့ထဲမှာ သစ်သီးသွားသွားရောင်းတာ ခုအသက်ကြီးတဲ့ထိပဲဆိုပါတော့။ သူ့ကို သူဈေးရောင်းတဲ့နေရာမှာ လှူတာထက်စာရင် သူ့အိမ်ကို လူစုပြီး သွားလှူရင်တော့ ပိုကောင်းတာပေါ့လေ။ ပိုက်ဆံတွေနဲ့ဆိုတော့ ဖွားဖွားအိမ်ပြန်ရင် အန္တရာယ်ရှိလို့။ ခုခေတ်က ဘယ်သူမှယုံရတဲ့ခေတ်မဟုတ်ဘူးဆိုတော့လေ (Aahm Tth)

#credit