Dhamma

နှစ်ပေါင်း ၁၅၀၀ကျော် သက်တမ်းရှိ Yungang ဂူဘုရားများ

များပြားလှစွာသော ဗိသုကာလက်ရာမြောက်တဲ့ ကျောက်ဆင်းတုတော်များ တည်ရှိရာ Yungang လိုဏ်ဂူတွေဟာ တရုတ်ပြည် ရှန်ဇီပြည်နယ် Datong မြို့အနောက်ဘက် ၁၆ကီလိုမီတာခန့်အကွာမှာ တည်ရှိနေပါတယ်။ သဲကျောက်တုံးတွေကို ထွင်းထုထားတဲ့ ဒီနေရာဟာ တရုတ်ပြည်ရဲ့ ဗုဒ္ဓဘာသာ ရှေးဟောင်း ရုပ်တုများရှိရာ အကျော်ကြားဆုံး နေရာ ၃ခုထဲက ၁ခုပါ။ အခြား ၂ ဆိုဒ်က Longmen နဲ့ Mogao တို့ ဖြစ်ပါတယ်။

ဒီနေရာမှာ လိုဏ်ဂူကြီးပေါင်း ၅၃ ရှိပြီး လိုဏ်ဂူငယ်ပေါင်းကတော့ ၁၁၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ အဲဒီလိုဏ်ဂူတွေထဲမှာ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၅၀၀၀၀ ကျော်ရှိနေပါတယ်။ ဒီရုပ်တုတွေကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကျော် အေဒီ ၅ရာစု နဲ့ ၆ရာစုကြားမှာ ထုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင်နံရံကိုထွင်းထားတဲ့ ရုပ်တုတွေ ၊ ကျောက်သားဆင်းတုတွေ ၊ သစ်သားဆင်းတုတွေ စသည်ဖြင့်ပါဝင်ပါတယ်။

ဒီလိုဏ်ဂူများစွာတည်ရှိရာနေရာရဲ့ အရှည်ဟာ ပေ ၂၆၀၀ခန့်ရှိပြီး အမြင့်ကတော့ ပေ၃၀ မှ ပေ ၆၀အထိ ရှိပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ အစောပိုင်း တရုတ်ဗုဒ္ဓဘာသာရဲ့ အံသြဖွယ် လက်ရာမြောက် လိုဏ်ဂူအနုပညာများရှိရာ နေရာအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီး UNESCO က ထိမ်းသိမ်းစောင့်ရှောက်လျှက်ရှိပါတယ်။

unicode

များပြားလှစွာသော ဗိသုကာလက်ရာမြောက်တဲ့ ကျောက်ဆင်းတုတော်များ တည်ရှိရာ Yungang လိုဏ်ဂူတွေဟာ တရုတ်ပြည် ရှန်ဇီပြည်နယ် Datong မြို့အနောက်ဘက် ၁၆ကီလိုမီတာခန့်အကွာမှာ တည်ရှိနေပါတယ်။ သဲကျောက်တုံးတွေကို ထွင်းထုထားတဲ့ ဒီနေရာဟာ တရုတ်ပြည်ရဲ့ ဗုဒ္ဓဘာသာ ရှေးဟောင်း ရုပ်တုများရှိရာ အကျော်ကြားဆုံး နေရာ ၃ခုထဲက ၁ခုပါ။ အခြား ၂ ဆိုဒ်က Longmen နဲ့ Mogao တို့ ဖြစ်ပါတယ်။

ဒီနေရာမှာ လိုဏ်ဂူကြီးပေါင်း ၅၃ ရှိပြီး လိုဏ်ဂူငယ်ပေါင်းကတော့ ၁၁၀၀ ၀န်းကျင်ခန့်ရှိပါတယ်။ အဲဒီလိုဏ်ဂူတွေထဲမှာ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၅၀၀၀၀ ကျော်ရှိနေပါတယ်။ ဒီရုပ်တုတွေကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကျော် အေဒီ ၅ရာစု နဲ့ ၆ရာစုကြားမှာ ထုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင်နံရံကိုထွင်းထားတဲ့ ရုပ်တုတွေ ၊ ကျောက်သားဆင်းတုတွေ ၊ သစ်သားဆင်းတုတွေ စသည်ဖြင့်ပါ၀င်ပါတယ်။

ဒီလိုဏ်ဂူများစွာတည်ရှိရာနေရာရဲ့ အရှည်ဟာ ပေ ၂၆၀၀ခန့်ရှိပြီး အမြင့်ကတော့ ပေ၃၀ မှ ပေ ၆၀အထိ ရှိပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ အစောပိုင်း တရုတ်ဗုဒ္ဓဘာသာရဲ့ အံသြဖွယ် လက်ရာမြောက် လိုဏ်ဂူအနုပညာများရှိရာ နေရာအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်း၀င်ခဲ့ပြီး UNESCO က ထိမ်းသိမ်းစောင့်ရှောက်လျှက်ရှိပါတယ်။

#credit