Celebrities

မီဒီယာတွေကိုအသိမပေးဘဲ အလှူလုပ်ဖြစ်ခဲ့တာကြောင့် တောင်းပန်စကားဆိုလာတဲ့ ခင်သဇင်

မင်းသမီးချောလေးခင်သဇင်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့ မော်ဒယ်လ်၊မင်းသမီးတစ်လက်ပါ။ သွယ်သွယ်လျလျနဲ့လှပတဲ့မင်းသမီးချောလေးကတော့ ရုပ်ရည်အလှသာမကစိတ်ဓာတ်အလှကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ခင်သဇင်ဟာ လိုအပ်တဲ့နေရာမှာလှူတန်းလေ့ရှိတဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။

ခင်သဇင်ကတော့ လက်ရှိမှာလူပြောများနေတဲ့ လူကြမ်းမင်းသားဦးတင်မြင့်ကို သွားရောက်လှူဒါန်းမယ်ဆိုပြီး ပြောကြားထားတာဖြစ်ပြီး သွားရောက်လှူဒါန်းဖြစ်တဲ့အကြောင်းကို “ကိုယ်တိုင်ကျ သွားရောက်လှူဒါန်းထားတဲ့ ပုံလေးတွေ တင်လို့ မီဒီယာများ စိတ်မဆိုးကြပါနဲ့ရှင် … မီဒီယာများကို ကိုယ်တိုင်မသွားဖြစ်ဘူး ဆိုပြီး ညာသလို ဖြစ်သွားရင် တောင်းပန်ပါတယ်..အစက မီဒီယာများကို ဖြေထားသလို အင်တာဗျူး အလှူ မပါချင်လို့ .. ကိုယ်တိုင်မသွားပဲ .. လူစားပဲ လွှတ်ပြီး လှူပေးမလို့ပါပဲ.. ဘာလို့ဆို လူတွေက ကောင်းတာပဲ လုပ်လုပ် ဆိုးတာပဲ လုပ်လုပ် မကောင်းပြောခံရတာများတော့ ကိုယ့်စိတ်ထဲ စိတ်မကောင်း ဖြစ်မိမှာ စိုးလို့ပါ …ကားထဲပဲ အိမ်နေရင်းအဝတ်နဲ့ ပဲ လှူတာကို ထိုင်စောင့်နေတာပါ..ဒါပေမယ့် လူနာရဲ့ လက်ရှိ အခြေနေလေး မေးချင်လာတာနဲ့ ကားပေါ်က ဆင်းပြီး သတင်းမေးခဲ့ပါတယ်.. ကိုယ့်ကိုကိုယ်လည်း မိတ်ဆတ်မနေခဲ့ပါဘူး ..ပါဝင်လှူဒါန်းပေးထားတဲ့ အလှူရှင်တွေကို မှတ်တမ်းလေး ပြဖို့ ဓာတ်ပုံ ရိုက်ယူရုံ မှတ်တမ်းတင်ခဲ့ပါတယ်ကိုယ်နဲ့လည်း ကားရိုက် တခါမှ မဆုံဘူးတော့ ခင်သဇင်လို့ သိ နေလိမ့်မယ်လည်း မထင်ထားပါဘူး ..ဒါပေမယ့် အိမ်ထဲ ဝင်ဝင်ချင်း ခင်သဇင်လား ဆိုပြီး ဝမ်းသာ အားရ ကြိုတော့ စိတ်ထဲ ဝမ်းသာမိပါတယ်…”

ဒါ့အပြင် မထင်မှတ်ဘဲသွားဖြစ်ခဲ့တဲ့အကြောင်းကို “မီဒီယာတွေ မပါဘူးလားတဲ့ တန်းပြီး မေးရှာပါတယ်..အဘရယ် အေးအေးလူလူလေး လူနာ သတင်းမေး လေး လာတာပါလို့ ဆိုတော့ …ဟုတ်တယ် ….. ဟိုတနေ့က သူ့အိမ်လေး ပေါ် သူ့ ရပ်ကွက်ထဲက လူတွေ တိုးကြိပ်ပြီး တက်တော့ အိမ်လေး နောက်ဖေး ပြိုသွားတယ်တဲ့ …ဒါပေမယ့် အဲလိုတွေ လာတော့ သူအရမ်းအားရှိပြီး ပျော်ရတယ်တဲ့..ပဌာန်းကို နေ့စဉ်ရွတ်ခဲ့ရတဲ့ အကျိုးပါလို့ အဘက ဆိုပြန်သေးတယ် …သူအခု cele ပြန်ဖြစ်ပြီ ပေါ့နော် ဆိုပြီး အရွှန်းဖောက် နေပေမယ့် အဘရဲ့ မျက်လုံးထဲက ဝမ်းနည်း နေတဲ့ အရိပ်ယောင် တချို့ကို ခင်သဇင် လှစ်ခနဲ မြင်မိတော့ ဘာမှန်း မသိတဲ့ ကံကြမ္မာကို သက်ပြင်းတချက်ချမိရင်း အဘနဲ့အတူ လိုက်ပါ ရယ်မောဖြစ်ခဲ့ပါတယ်.ဘဝဆိုတာ… တိုတောင်းမလိုနဲ့ ရှည်လျားခက်ခဲ လွန်းတယ်နော် အဘ… ဘာတွေပဲ တွေ့ကြုံနေရပါစေ အဘဒီထပ်ပိုပြီး ကျန်းမာကြံ့ခိုင်တဲ့ အနုပညာသမား တစ်ယောက် အဖြစ် ဆက်လက် တည်ရှိပေးနေပါလို့ ဆုတောင်းပေးနေပါ့မယ်… ပါဝင်သူ လှူဒါန်းသူ အလှူရှင်များကို နတ်လူ သာဓု ခေါ်ဆိုပါတယ်ရှင် ..” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ခင်သဇင်ကတော့လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းဖို့ကိုလက်မနှေးတဲ့အပြင် အခုလိုပကာသနမရှိလှူတန်းခဲ့တာလေးကတော့ လေးစားစရာပါပဲ။ မီဒီယာတွေကို မပြောပြမိတဲ့အတွက်တောင်းပန်စကားတောင်ဆိုခဲ့တဲ့ စိတ်ထားကောင်းသူလေးတစ်ယောက်ပါပဲနော်….

#credit cele gabar