Celebrities

အသက်(၈၈) နှစ်ပြည့်သွားပြီဖြစ်တဲ့အဘွားဖြစ်သူကို မွေးနေ့ဆုတောင်ပေးခဲ့တဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေချစ်ကြသလို ပရဟိတစိတ်ဓာတ်ကြောင့်လည်း ပရိသတ်တွေကလေးစားချစ်ခင်ကြတာပါ။ အနုပညာအလုပ်တွေသိပ်မလုပ်တော့သလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ထောင်ထားတဲ့စမိုင်းလ်တို့မိသားစုဘဝလေးကိုလည်း ပရိသတ်တွေအတွက်အားကျစရာပါ။

စမိုင်းလ်ကတော့ ဒီနေ့မှာအဘွားဖြစ်သူကိုမွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ စမိုင်းလ်ရဲ့အဘွားကတော့ ပရိသတ်တွေနဲ့ရင်းနှီးတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ချိန်ကနာမည်ကြီးမင်းသမီးကြီးခင်လေးဆွေ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Happy 88th Birthday ပါဖွားဖွားကြီး။ အသက် ၈၈နှစ်မှသည်နှစ်ပေါင်းများစွာခုလိုပဲကျန်းကျန်းမာမာနဲ့မြေးတွေ မြစ်တွေနဲ့အကြာကြီးနေထိုင်နိုင်ပြီး တရားထူးတရားမြတ်တွေရပါစေ။”ဆိုပြီးတော့ ရေးသားထားပါတယ်။

စမိုင်းလ်ကတော့ မိဘနှစ်ပါးမရှိတော့ပေမဲ့ အဘွားဖြစ်သူကိုဂရုစိုက်ပြီးတော့ ချစ်ခင်လျက်ရှိတာကတကယ့်ကို ကြည်နူးစရာပါပဲ။ အဘွားဖြစ်သူရဲ့မွေးနေ့မှာဆုတောင်းပေးခဲ့တဲ့ စမိုင်းကတော့ တရားထူးတရားမြတ်တွေရဖို့ ဆုတောင်းပေးလိုက်ပါပြီနော်…
Source : စမိုင်းလ် Smile

credit cele gabar