Lifestyle

ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုးသန္ဓေပြောင်း D614G မြန်မာနိုင်ငံမှာရှိနေပြီဖြစ် ကြောင်းအသိပေးလိုက်တဲ့ဒေါက်တာခင်ခင်ကြီး

unicode

9:57 am, 20-8-2020 ဒီနေ့မနက်အတွက် ထပ်မံစစ်ဆေး ၆၅၉ ဦးဖြစ်ပါတယ်ပိုးတွေ့လူနာသစ် ၂ ဦး ရှိပါတယ်ဒီနှစ်ဦးလုံးဟာ စစ်တွေကဖြစ်ပါတယ် အခုဆို စစ်တွေက ၆ ယောက်ရှိနေပါပြီတစ်ယောက်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာကို တွေ့ရပါတယ် သူကတော့ Q ထားတဲ့သူ ဖြစ်ပါတယ် ဒါ့ကြောင့်ကျန်းမာရေးဝန်ထမ်းတွေ အထူးသတိပြုကြဖို့ အသိပေးလိုပါတယ်နောက်တစ်ယောက်ကတော့ သံသယလက္ခဏာ ရှိနေတဲ့ စောင့်ကြည့်လူနာထဲက ဖြစ်ပါတယ်ဒါ့ကြောင့် လက်ရှိအချိန်အထိ ပိုးတွေ့လူနာ ၃၉၆ ဦး ရှိနေပါတယ်ပြန်ကောင်းတာက ၃၃၃ ဦး ရှိနေပါတယ် ဒါဟာရောဂါပိုးတွေ့ရှိသူတွေရဲ့ ၈၄ % ပြန်ကောင်းတာဖြစ်ပါတယ်ဒီနေ့ (၁၉-၈-၂၀၂၀) အတွက် စစ်ဆေးတာ စုစုပေါင်း ၁,၆၆၄ ဦးရှိပြီး ပိုးတွေ့လူနာ စုစုပေါင်း ၁၇ ဦးရှိတာကို အားလုံးသိစေချင်ပါတယ်ရခိုင်ပြည်နယ်အတွက် အထူးစစ်ဆေးဖို့ Gene expert စက်တွေလဲ ပေးပို့ထားပြီး တပြိုင်နက်စစ်ဆေးနေတာကိုလဲ အသိပေးလိုပါတယ်အရာရာမှာ အမြဲတမ်း သတိ အသိကပ်ဖို့ လိုပါတယ် သတိဆိုတာပိုတယ်မရှိပါ။

ါ့ကြောင့် Mask တပ်ဖို့ မပျင်းပါနဲ့ Face shield တစ်ခုပဲတပ်တာဟာ ကာကွယ်မှု နည်းလွန်းပါတယ်ဆိုတာလဲ သတိပြုမိစေချင်ပါတယ် နှစ်ခုလုံးတပ်တာကတော့အကောင်းဆုံးပါလက်ဆေးပါ ရေနဲ့ဆပ်ပြာသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ မှ ၄၀ ထိ ကြာအောင်ဆေးပါဖြစ်နိုင်သမျှ လူတွေကြားထဲ မသွားပါနဲ့တစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာပါယမန်နေ့ညကထွက်တဲ့ ပိုးတွေ့လူနာ ၁၅ ယောက်လုံး ရောဂါလက္ခဏာ မပြတာကို တွေ့ရပါတယ်ဒါဟာ သိပ်ကိုအရေးကြီးပါတယ် ရောဂါလက္ခဏာ မပြပဲ ရောဂါရှိသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေနိုင်တာမို့ အန္တရာယ်က လက်တကမ်းမှာပါ

နောက်တခု အရေးကြီးတာ တစ်ခုက ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုးသန္ဓေပြောင်း D614G ရှိနေပြီး မြန်မာနိုင်ငံမှာလဲ သန္ဓေပြောင်းပိုး ရှိနေပြီဆိုတဲ့အကြောင်း အသိပေးပါရစေပြီးတော့ ဒီရောဂါဟာ ခုန်ကျော်ကူးတတ်ပါတယ် ပြောလိုတာက ရောဂါပိုးတွေ့သူကနေတစ်ဆင့် ထိတွေ့သူ (primary contact) ကို တိုက်ရိုက်ကူးစက်တာမဟုတ်ပဲ ထိတွေ့သူရဲ့ မိသားစုဝင်တွေ (secondary contact) ကို ကူးစက်တာကို တွေ့လာရပါပြီ ဒါဟာလဲ အထူး ဂရုပြုစရာ ဖြစ်ပါတယ်ဒါ့ကြောင့် သင်ရော ဒီအန္တရာယ်ကို လက်သင့်ခံချင်ပါသလား မခံချင်ဘူးလား ဒါဟာသင့်ရွေးချယ်မှု ဆိုပေမဲ့ သင်တစ်ယောက်ထဲ ခံစားရမှာမဟုတ်ပဲ သင့်မိဘတွေ သင့်ပတ်ဝန်းကျင်က ကိုယ့်နိုင်ငံသားတွေကို ကူးစက်စေနိုင်တာမို့ လူသားတစ်ယောက်အနေနဲ့ လုပ်သင့်လား မလုပ်သင့်ဘူးလား သိနိုင်ပါလိမ့်မယ်

zawgyi

9:57 am, 20-8-2020 ဒီနေ့မနက်အတွက် ထပ်မံစစ်ဆေး ၆၅၉ ဦးဖြစ်ပါတယ်ပိုးတွေ့လူနာသစ် ၂ ဦး ရှိပါတယ်ဒီနှစ်ဦးလုံးဟာ စစ်တွေကဖြစ်ပါတယ် အခုဆို စစ်တွေက ၆ ယောက်ရှိနေပါပြီတစ်ယောက်က ကျန်းမာရေးဝန်ထမ်းဖြစ်နေတာကို တွေ့ရပါတယ် သူကတော့ Q ထားတဲ့သူ ဖြစ်ပါတယ် ဒါ့ကြောင့်ကျန်းမာရေးဝန်ထမ်းတွေ အထူးသတိပြုကြဖို့ အသိပေးလိုပါတယ်နောက်တစ်ယောက်ကတော့ သံသယလက္ခဏာ ရှိနေတဲ့ စောင့်ကြည့်လူနာထဲက ဖြစ်ပါတယ်ဒါ့ကြောင့် လက်ရှိအချိန်အထိ ပိုးတွေ့လူနာ ၃၉၆ ဦး ရှိနေပါတယ်ပြန်ကောင်းတာက ၃၃၃ ဦး ရှိနေပါတယ် ဒါဟာရောဂါပိုးတွေ့ရှိသူတွေရဲ့ ၈၄ % ပြန်ကောင်းတာဖြစ်ပါတယ်ဒီနေ့ (၁၉-၈-၂၀၂၀) အတွက် စစ်ဆေးတာ စုစုပေါင်း ၁,၆၆၄ ဦးရှိပြီး ပိုးတွေ့လူနာ စုစုပေါင်း ၁၇ ဦးရှိတာကို အားလုံးသိစေချင်ပါတယ်ရခိုင်ပြည်နယ်အတွက် အထူးစစ်ဆေးဖို့ Gene expert စက်တွေလဲ ပေးပို့ထားပြီး တပြိုင်နက်စစ်ဆေးနေတာကိုလဲ အသိပေးလိုပါတယ်အရာရာမှာ အမြဲတမ်း သတိ အသိကပ်ဖို့ လိုပါတယ် သတိဆိုတာပိုတယ်မရှိပါ။

ဒါ့ကြောင့် Mask တပ်ဖို့ မပျင်းပါနဲ့ Face shield တစ်ခုပဲတပ်တာဟာ ကာကွယ်မှု နည်းလွန်းပါတယ်ဆိုတာလဲ သတိပြုမိစေချင်ပါတယ် နှစ်ခုလုံးတပ်တာကတော့အကောင်းဆုံးပါလက်ဆေးပါ ရေနဲ့ဆပ်ပြာသုံးပြီး အနည်းဆုံး စက္ကန့် ၂၀ မှ ၄၀ ထိ ကြာအောင်ဆေးပါဖြစ်နိုင်သမျှ လူတွေကြားထဲ မသွားပါနဲ့တစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာပါယမန်နေ့ညကထွက်တဲ့ ပိုးတွေ့လူနာ ၁၅ ယောက်လုံး ရောဂါလက္ခဏာ မပြတာကို တွေ့ရပါတယ်ဒါဟာ သိပ်ကိုအရေးကြီးပါတယ် ရောဂါလက္ခဏာ မပြပဲ ရောဂါရှိသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေနိုင်တာမို့ အန္တရာယ်က လက်တကမ်းမှာပါ

နောက်တခု အရေးကြီးတာ တစ်ခုက ကမ္ဘာမှာကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ်ပိုးသန္ဓေပြောင်း D614G ရှိနေပြီး မြန်မာနိုင်ငံမှာလဲ သန္ဓေပြောင်းပိုး ရှိနေပြီဆိုတဲ့အကြောင်း အသိပေးပါရစေပြီးတော့ ဒီရောဂါဟာ ခုန်ကျော်ကူးတတ်ပါတယ် ပြောလိုတာက ရောဂါပိုးတွေ့သူကနေတစ်ဆင့် ထိတွေ့သူ (primary contact) ကို တိုက်ရိုက်ကူးစက်တာမဟုတ်ပဲ ထိတွေ့သူရဲ့ မိသားစုဝင်တွေ (secondary contact) ကို ကူးစက်တာကို တွေ့လာရပါပြီ ဒါဟာလဲ အထူး ဂရုပြုစရာ ဖြစ်ပါတယ်ဒါ့ကြောင့် သင်ရော ဒီအန္တရာယ်ကို လက်သင့်ခံချင်ပါသလား မခံချင်ဘူးလား ဒါဟာသင့်ရွေးချယ်မှု ဆိုပေမဲ့ သင်တစ်ယောက်ထဲ ခံစားရမှာမဟုတ်ပဲ သင့်မိဘတွေ သင့်ပတ်ဝန်းကျင်က ကိုယ့်နိုင်ငံသားတွေကို ကူးစက်စေနိုင်တာမို့ လူသားတစ်ယောက်အနေနဲ့ လုပ်သင့်လား မလုပ်သင့်ဘူးလား သိနိုင်ပါလိမ့်မယ်

#credit Daw Khin Khin Gyi