Lifestyle

မြန်မာငွေကျပ်(၄) သိန်း ရှိမှ အသက်ဆက်ရှင်နိုင်မယ့် မြေးလေးအတွက် အကူညီတောင်းနေရှာတဲ့ အဖွား

အဘွားရဲ့မြေးလေးအသက်ကို ကယ်ပေးကြပါ ။ အဘွားရဲ့ မြေးလေးနာမည်က မစံပါယ် လို့ပေးထားတယ် ။ မြေးကလေး လူလောက ရောက်လာတာမှ ၅လပဲရှိသေးတယ် ။

ဦးနှောက် အမြှေးရောင် ရောဂါပိုးတွေက မြေးလေးဦးနောက်ထဲ ရောက်နေတယ်တဲ့ အဲ့ဒီရောဂါပိုတွေကို သတ်နိုင်တဲ့ဆေးကို တစ်နေ့၂လုံးနဲ့ ၂၁ရက်ထိုး ပေးမှ သမီးလေးအသက်ချမ်းသာရာရမယ်လို့ ဆရာတွေကပြောတယ်။

ဆေးကလဲ တစ်လုံးကိုတစ်သောင်းဆိုတာ့ ဆေးအလုံး၄၀အတွက် ၄သိန်းဆိုတော့ မြေးလေးရဲ့အဖေက မတတ်နိုင်ရှာဘူးလေ ။သူကတစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ မြစ်ကမ်းကသဲထမ်းသမားပြီးတော့ ကလေး၅ယောက်ကရှိသေးတယ် ။ ဒီနေ့ဆေး၂လုံးစာကိုတောင် ဆေးရုံက ဆရာဝန်တွေက စိုက်ဝယ်ပေးထားတာ ။ကုတင်၃၀၀ဆေးရုံက ဆေးရုံမှာရှိတဲ့ဆေးတွေနဲ့ အခမဲ့ကုသပေးပေမယ့် ဒီဆေးကဆေးရုံမှာမရှိလို့ အပြင်ကဝယ်ရမှာပါ ။

အဘွားရဲ့မြေးလေးရဲ့အသက်ကို ဝိုင်းဝန်းကယ်တင်ပေးကြပါဦး ။ ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့၊ ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇( မန္တလေးမြို့ )

#credit