Dhamma

မိုင်းဖုန်းဆရာတော်ကြီး၏ အဖိုးမဖြတ်နိုင်တဲ့ သြဝါဒတရား

မိုင်းဖုန်းဆရာတော်ကြီးသည် အခုဆို ဂူအောင်းတရားကျင့်နေတာဖြစ်ပြီး ဘယ်တော့ ခန္ဓာဝန် ချမယ် ဆိုတာလည်း ကြိုပြောပြီးသားဖြစ်ပါတယ် ။

သူတော်ကောင်းတွေက ကိုယ့်ကြောင့် သူများ အကုသိုလ် ဖြစ်မှာ အလွန်စိုးရိမ်ပါတယ် ။ ဒါကြောင့် မသိတဲ့ လူတွေကြားမနေပဲ အားလုံးနဲ့ဝေးရာမှာပဲ နေလိုတဲ့ ဆန္ဒရှိကြပါတယ် ။

ဆရာတော်ကြီးက ၃နှစ်၃လနဲ့ ၃ရက်တိုင်တိုင် ဂူအောင်းတရားကျင့်နေတာ ဖြစ်ပါတယ် ။ နေပြည်တော်မှာ နှစ်ကူးမင်္ဂလာအဖြစ် အဖိုးမဖြတ်နိုင်တဲ့ တရားစကားများကို ရှမ်းဘာသာနဲ့ဟောပြီး၊အောက်စဖို့ဆရာတော်က အကျဉ်းချုပ် ဘာသာပြန်ပေးပါတယ် ။

အချင်းချင်းခွင့်လွတ်တဲ့စိတ် မေတ္တာစိတ်ရှိဘို့ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရားထားဘို့ အဖိုးတန်တဲ့အချိန်တွေကို မဟုတ်တဲ့အလုပ်တွေနဲ့ အထူးသဖြင့်သူများအကြောင်း ပြောတာတွေနဲ့ အချိန်မဖြုန်းဘို့ ခွင့်လွတ်နိုင်တဲ့ မေတ္တာစိတ်က လူတစ်ယောက်အတွက် အရေးကြီးတယ်လို့ ဆုံးမပါတယ် ။

အတဲ့လူဉာဏ်မရှိသူက တစ်စုံတရာအပေါ်အမြဲမကျေမနပ်ဖြစ်နေတာမို့ အမြဲလေးလံနေပြီး အသိဉာဏ်ရှိသူကတော့ ပေါ့ပေါ့ပါးပါး နေတတ်တယ် ။

ဘာလို့လည်းဆိုတော့ သူကအမြဲကောင်းတဲ့ဘက်က လှည့်တွေးတတ်လို့လူ့ဘဝမှာပေါ့ပါးလွတ်လပ်မှုက အေးချမ်းမှုကိုဖြစ်စေတယ်တဲ့ ။ကြည့်တတ်ရင်အကုန်လုံးက တရားရစရာကြီးဘဲ ကုသိုလ်အမှုကိုမနှောင့်နှေးဘဲ မြန်မြန်လုပ်တတ်ရတယ်တဲ့ နှောင့်နှေးနေရင် အကျိုးရတာလည်းနှေးလိမ့်မယ်တဲ့ ။မာန်မာန မထားရင်စိတ်ချမ်းသာတယ် အတ္တဒိဋ္ဌိက အရမ်းဆိုးတဲ့တရားဘဲခန္ဓာရဲ့မတင့်တယ်တဲ့သဘောတွေကို သတိနဲ့မြင်တတ်ရမယ်အချိန်မရွေးသေနိုင်တယ် ။ မရဏနဲ့ တွေ့နိုင်တယ်လို့သတိထားမိရင် တစ်ဦးနဲ့တစ်ဦး စကားများရန်ဖြစ်တော့မှာ မဟုတ်ဘူးတဲ့ ။မျက်စေ့နဲ့ကြည့်တဲ့အခါ သတိနဲ့ကြည့်မှ၊ ရှေ့ကအမှန်တရားကို မြင်နိုင်တယ်တဲ့ ပုထုစဉ်ရဲ့နားက အမှန်တရားကိုတည့်တည့်နားမထောင်ဘူး မိမိလိုရာ ဆွဲနားထောင်တတ်တယ်တဲ့ ။ရထားတဲ့ခန္ဓာကြီးက တောခွေးနဲ့တူတယ် အမြဲပျင်းရိနေတတ်တယ်တဲ့ စိတ်ကိုသတိတရားနဲ့ သွန်သင်နိုင်မှငြိမ်းချမ်းမှုကိုရမယ် လောကမှာ အမှုမဲ့အမှတ်မဲ့နေတဲ့သူက ငရဲကိုဦးတည်နေတယ် သေရာညောင်စောင်းလဲလျောင်းခါကြမှ ကုသိုလ်မလုပ်ချင်နဲ့ ။

ခုထည်းကလုပ်တဲ့ နောင်တမရစေနဲ့တဲ့ လူ့ဘဝမှာ မာန ဒေါသဆိုတဲ့မြွေပွေးမြွေဟောက်ရှိရင် ကိုယ့်ကိုပြန်သတ်နိုင်တယ်မေတ္တာတရားနဲ့ အလုပ်လုပ်ရင် သတိထားလုပ်တတ်ရင် လုပ်တဲ့အလုပ်တိုင်းမှာ တရားရနိုင်တယ် ။ရွှေသင်္ဘော၃၇ စင်းနဲ့တူတဲ့ ဗောဓိပက္ခိယ ၃၇ပါးရှိဘို့လိုတယ် ဗိုလ်၅ပါး ကအရေးကြီးတယ် လက်ငါးချောင်းရှိသလိုဘဲ ဗိုလ်ငါးပါးပူးပေါင်း ဆောင်ရွက်နိုင်ရင် အောင်မြင်မယ်တဲ့ ။ယုံကြည်မှုနဲ့ ပညာမျှတရမယ် သတိကမျှတစေနိုင်တယ်အားထုတ်မှုဝီရိယနဲ့ စူးစိုက်မှုသမာဓိ မျှတရမယ် သတိကထိန်းပေးနိုင်တယ် သတိတရားကပိုတယ်မရှိဘူး အရေးကြီးတယ် ။

ပဋိစ္စသမုပ္ပါဒ် မှာ ဝေဒနာနိရောဓာ တဏှာနိရောဓောကို လေ့ကျင့်ရမယ် ။ ဒါမှ ဘဝလွတ်မြောက်လမ်းကို ရမယ်တဲ့ ။သတ္တဝါမှန်သရွေ့တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ ။#credit