Celebrities

အလုပ်လေးတွေ ပေးဖို့အတွက် တောင်းဆိုလိုက်တဲ့ အဆိုတော်ယုန်လေး

အဆိုတော်ယုန်လေးကတော့ မကြာသေးခင်ကမှ အနုပညာလှုပ်ရှားမှုတွေလုပ်ဖို့ တစ်နှစ်အပိတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဒီလိုအနုပညာလှုပ်ရှားမှုတစ်နှစ်ပိတ်ခံလိုက်ရတာကတော့ ငါတို့အားလုံးရဲ့ မြေ မြူးဇစ် ဗီဒီယိုကြောင့်ဖြစ်ပါတယ်။

အနုပညာအလုပ်လုပ်ဖို့တစ်နှစ်ပိတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီးပြောစရာမရှိပေမယ့်၊ သူတာဝန်ယူထားရတဲ့ လူမှုရေးကိစ္စရပ်တွေရှိနေတာဖြစ်လို့ ကြော်ငြာလေးတွေအပ်ဖို့ အလုပ်လေးတွေပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော် တစ်နှစ် အပိတ်ခံရတဲ့အပေါ်မှာ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် စားဝတ်နေရေး နဲ့ကျွန်တော် တာဝန်ယူထားတဲ့ လူတွေအတွက်တော့ကျွန်တော် ပြန်ရုန်းကန်မှ ရမှာဖြစ်တဲ့ အတွက် ကျွန်တော်ရှင်သန်နေမှ ရပါမယ်။We Love Yone Lay ၊ We Stan With You Yone Lay ဆိုပြီး အဖွဲ့တွေ ဖွဲ့ထားပြီး ကျွန်တော်တာဝန်ယူထားတဲ့ လူတွေ နဲ့ ကျွန်တော့် အတွက် ထောက်ပံ့ကြေး သူတို့တတ်နိုင်သလောက်လစဉ်ပေးမယ်။ ထောက်ပံ့မယ်ဆိုပြီးပြောလာတော့ ပျော်ပြီး ကြည်းနူးမိသလိုဝမ်းလည်း ဝမ်းနည်းမိပါတယ်။ အဲ့အတွက် ကျွန်တော့် ကို ကြော်ငြာလေးတွေအပ်ပါအလုပ်လေးတွေ ပေးဖို့တောင်းဆိုပါတယ်။ တတ်စွမ်း သလောက်အကောင်းဆုံးကြိုးစားပေးပါမယ်” လို့ အဆိုတော်ယုန်လေးက အသိပေးထားပါတယ်။

ဒါ့အပြင် သူကိုအလုပ်အပ်ကြမယ့်သူတွေအပေါ် “ Fb မှာ Post တင်ပြီး ကျွန်တော် ကြေညာပေးလို့ရပါတယ်။ ရုပ်ရှင်အစည်းရုံးကို စော်ကားတာမဟုတ်ပါဘူး ခင်ဗျာ။ ရုပ်ရှင်အစည်း ရုံးကို လျောက်လွှာတင်စရာမလိုပဲFb အတွက် ကြေညာလေးတွေ ရိုက်ပေးလို့ရပါတယ်။ဖုန်းနဲ့ ပဲ ရိုက်မှာ ဖြစ်တဲ့ အတွက်လူဦးရေ လည်းရှုတင်မှာ မများပါဘူး။ ဒါလေးတွေ တော့ လုပ်လို့ရပါတယ်။ကျွန်တော်မှာရှိတဲ့ ပေ့ချ်တွေပေါင်းရင် Follower 3 M လောက်ရှိပါတယ်။ ဒါလေး နဲ့ ကျွန်တော် ပြန်ရပ်တည်မယ်” လို့ အဆိုတော်ယုန်လေးထပ်မံအသိပေးထားတာဖြစ်ပါတယ်။

Photo Credit-YL

#credit