International News

UNESCO စာရင်းဝင် ဗုဒ္ဓခြေတော်ရင်းနားထိ ရောက်လာတဲ့ တရုတ်နိုင်ငံက ရေကြီးမှု

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က အသိအမှတ်ပြုထားတဲ့ ကြီးမားတဲ့ Leshan ဗုဒ္ဓရုပ်ပွားတော်ဟာ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်အတွင်းက ချန်ဒူးမြို့အနီးမှာ တည်ရှိပါတယ်။ ထိုင်တော်မူ ရုပ်ပွားတော်တဆူဖြစ်ပြီး ဉာဏ်တော် ၇၁ မီတာ (၂၃၃ ပေ) မြင့်ပြီး တန်မင်းဆက် လက်ထက် အေဒီ ၈ ရာစု ဝန်းကျင်လောက်က တည်ထား ကိုးကွယ်ခဲ့ပါတယ်။ နိုင်ငံတကာ ခရီးသွားများစွာ လာရောက် လည်ပတ်လေ့ရှိကြပြီး ရုပ်ပွားတော် တည်နေရာက ရေမျက် နှာရဲ့ ခပ်မြင့်မြင့်မှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်ပိုင်းမှာတော့ ရုပ်ပွားတော် မျက်နှာမူထားတဲ့ ရေမျက်နှာပြင်ဟာ အဆမတန် မြင့်တက်လာခဲ့ပြီး အခုချိန်မှာတော့ ရုပ်ပွားတော်ရဲ့ ခြေတော်ရင်းနားအထိ ရောက်လာခဲ့ပါတယ်။

နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံး ရေကြီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ၁၉၄၀ ခုနှစ်မှာလည်း ပထမဆုံးအကြိမ် ခြေတော်ရင်းကို ရေနစ်မြှုပ်မှုဒဏ် ခံခဲ့ရပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်နေတဲ့ အတွက်လည်း စိုးရိမ်စရာ ဖြစ်နေတဲ့ အခြေအနေပါ။ လူပေါင်း ၁ သိန်းကျော်ကိုတော့ ဘေးလွတ်ရာ နေရာတွေကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါ တယ်။ ရုပ်ပွားတော် အနီးဝန်းကျင်မှာ ရေ အဆမတန် တက်လာတဲ့အတွက် နိုင်ငံခြားသား ခရီးသွား ၁၈၀ ကို ကယ်တင်ပေးခဲ့ရတယ်လို့ ပြည်နယ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အစဉ်အလာယုံ ကြည်ချက်တွေအရ ရုပ်ပွားတော်ရဲ့ ခြေတော်ရင်းကို ရေစိုစွတ်ခဲ့ရင် ချန်ဒူးမြို့မှာ နေထိုင်ကြတဲ့ လူ ၁၆ သန်းစလုံး ရေကြီး နစ်မြှုပ်မှု အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ ယုံကြည်ထားကြကြောင်း ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

စီချွမ်းပြည်နယ်မှာ ရက်သတ္တပတ်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှု စံချိန်တင်ခဲ့ပါ တယ်။ ဒါကြောင့်လည်း အရေးပေါ်တုန့်ပြန်မှု အစီအစဉ်ကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ခဲ့ကြပေ မယ့် နိဂုံးချုပ်မယ့် လက္ခဏာတော့ မရှိသေးပါဘူး။ ယန်ဇီမြစ်၊ မြစ်ဝါမြစ်၊ ဟိုင်မြစ်၊ ဆွန်ဟွာမြစ်နဲ့ လျောင်မြစ် အနီးမှာရှိတဲ့ ပြည်နယ်တွေကိုလည်း ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ချန်ဒူးမြို့ပြင်မှာရှိတဲ့ Leshan ထိုင်တော်မူ ရုပ်ပွားတော်ဟာ ခရီးသွား အများအပြား လာရောက်လေ့ ရှိ ပြီး ၁၉၉၆ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ခဲ့ပါတယ်။

#credit