Dhamma

ယုံယုံကြည်ကြည်ဖြင့် ရွတ်ဆိုပါက ငွေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာ

Zawgyiဖြင့် ဖတ်ရန်အတွက် Unicodeအောက်တွင် ဖော်ပြပေးထားပါသည် ။

Unicodeဖြင့် ဖတ်ရန်

လပြည့်ည ရောက်တိုင်း ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာဟု ကျော်ကြားသော ဒိဝါတပတိဂါထာတော် သဗ္ဗမင်္ဂလာဂါထာပါဠိတော်ဖြစ်ပါတယ် ။

(၁) ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ စျာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိ ံဗုဒ္ဓေါ တပတိ တေဇသာ..

(၂) တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ..

ဂါထာတော် မြန်မာပြန် အနက်..

(၁) နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။ လမင်းသည် ညဉ့်အခါ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တောက်ပ၏..။

ရဟန္တာသည် စျာန်ဝင်စားနေမှသာ တောက်ပ၏ ။ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏..။

(၂) ထိုသို့နေရော ညဉ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား..

ဤသိုရှိခိုးပူဇော်ရသော အကျိုးအားကြောင့် အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား..

ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ..။

မြန်မာအသံထွက်..

(၁) ဒိဝါ တပတိ အာဒိတ်စော ရတ်တိမာ ဘာတိ စန်ဒိမာ သန်နတ်ဒေါ ခတ်တိယော တပတိ စျာယီ တပတိ ဗြင်မဏော အထ သပ်ဗ မဟော ရတ်တိန်ဗုဒ်ဓေါ တပတိ တေဇသာ..

(၂) တာဒိသံ တေဇသံပန်နံ ဗုတ်ဓံ ဝန်ဒါမိ အာဒရံ နမက်ကာရာ နုဘာဝေန သပ်ဗေ ပူရင်တု သင်ကပ်ပါ..။

(ရကောက် အသံရွတ်လျှင် အင်္ဂလိပ်အသံထွက် R လို လျှာလိပ်သံဖြင့် ထွက်ပါ။ ယပလက်အသံ ယတ်ဟု မထွက်ပဲ ရတ် ဟု ပီပြင်အောင် ထွက်နိုင်ရန်က ကြိုးစားပါ..။ ယံ အသံ မထွက်ပဲ ရံ ဟု ပီးပြင်အောင် ကြိုးစားပါလေ)

ဘုရားရှင် ဟောကြားတော်မူခြင်း..

မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿ ဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည် ။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ တင့်တယ်မှုတို့ကို တွေ့မြင် နှစ်သက် ပီတိ ဖြစ်တော်မူသည် ။

ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည် ။

ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် စျာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို မြင်ရသဖြင့် နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည် ။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်းထွန်းလင်းတောက်ပခြင်းမှာ အထက်ပါနေမင်း’ လမင်း’ ရှင်ဘုရင်’ ရဟန္တာ’တို့ထက် သာလွန် လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော်မူလေသည် ။

(၂) ဂါထာတော်မှာ နှောင်းပညာရှိ သူတော်ကောင်း သူမြတ်လောင်းတို့မှ ရွတ်ဖတ်ပူဇော်သူ အမျိုးကောင်းသား အမျိုးကောင်းသမီး သူတော်ကောင်းတို့ အကျိုးပေး ထက်သန်စေရန် ရည်သန်လျှက် ရှိခိုး ဆုတောင်း ဂါထာကို ထည့်သွင်းလျှက် ရွတ်ဖတ်ပူဇော်စေရာ မှ ဒုတိယ (၂) ဂါထာဟာ ပါဝင်လာခြင်း ဖြစ်ပေသည် ။

#credit