Celebrities

မိန်းမဘာကြောင့် မယူချင်တော့တဲ့ အကြောင်းအရင်းကို ရင်ဖွင့်လာခဲ့တဲ့ မင်းသားဇေရဲထက်

မင်းသားဇေရဲထက်ကတော့ ပရိသတ်တွေ အခိုင်အမာရှိထားပြီး အထူးသဖြင့် မိန်းကလေး ပရိသတ်တွေ တော်တော်လေး ရရှိထားတဲ့ မင်းသားတယောက် ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း မင်းသား ဇေရဲထက်အနေနဲ့ လက်ရှိအချိန်ထိ ချစ်သူမရှိသေးပဲနဲ့ လူပျိုကြီး လုပ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဇေရဲထက် အချစ်ရေးကိုတော့ စိတ်ဝင်စားနေတဲ့ ပရိသတ်တွေ အများအပြားရှိနေပါတယ် ။

ဒါပေမယ့်လည်း ဇေရဲထက်ကတော့ သူ့အနေနဲ့ အသက် ၃၀ ကျော်လာတော့လည်း အိမ်ထောင်မပြုချင်တော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ် ။

အင်တာဗျူး တစ်ခုမှာတော့ ဇေရဲထက်ကတော့ “ကျွန်တော်စုသင့်တာကို စုပြီးသွားပြီလေ ။ ခြိုးခြံချွေတာသင့်တာကိုလည်း ခြိုးခြံချွေတာခဲ့ပြီးပါပြီ ။

အခုချိန်က ကျွန်တော်လုပ်ချင်တာ လုပ်ရမယ့် အချိန်ဖြစ်သွားပြီ ။ လုပ်ချင်တာဆိုတာကတော့ မဟုတ်တာလုပ်ဖို့ မဟုတ်ဘူးပေါ့ ။

ကိုယ်ပျော်ရာလုပ်ဖို့ပေါ့။ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တချိန်တုန်းက အိမ်မရှိအိုးမရှိ တကောင်ကြွက် ဘဝနဲ့ သူများအိမ်မှာလည်း နေခဲ့ရပြီးပြီ ။အဲ့တုန်းက ခြစ်ချုပ်ပြီးစုခဲ့ရတယ် ။ အခုကတော့ အဆင်ပြေသွားပြီ ။ တယောက်ထဲဆိုတော့ လုပ်ချင်တာလုပ်တယ် ။ ဝယ်ချင်တာဝယ်တယ်”

“ကပ်စီးကနေ နှဲသင့်တဲ့နေရာမှာတော့ နှဲမှာပေါ့ ။ ကိုယ်ချွေးနဖူးကနေ ခြေမကျအောင် ရှာထားရတဲ့ဟာတွေဆိုတော့ နှဲသင့်တဲ့နေရာမှာ နှဲပါတယ် ။

လှူသင့်တာကို လှူတယ် ။ ပေးသင့်တာတော့ ပေးပါတယ် ။ ကျွန်တေ်ာရတဲ့ ပိုက်ဆံတွေကို ချင့်ချိန်ပြီးတော့ သုံးတယ် ။ သူ့နေရာနဲ့သူသုံးတယ်”“ကျွန်တေ်ာတို့ကတော့ ၃၀ ကျော်လာတဲ့အချိန်ကျတော့ နောက်ပိုင်း မယူချင်တော့ဘူး ။ ရဟန်းပြုဖို့ပဲ ။ အသက် ၇၀ ကျော်ရင်တော့ ကိုယ့်ဘာကို ဆုံးဖြတ်ချက်ချထားတာကတော့ သာသနာ့ဘောင်ထဲပဲ နေချင်တယ် ။

သာသနာ့ဘောင်ထဲမှာ နေဖြစ်ရင်တော့ ဘုရားတရားပဲလုပ်မယ် ။ ၇၅ ကျော်ရင်တော့ ရဟန်းခံမလား ။ တရားဘာဝနာနဲ့ပဲ မွေ့လျော်မလားပေါ့နော်”

“ကျွန်တော်မှာ ညီမလေးတွေရှိတယ် ။ ညီမလေးတွေကို လာထိရင်လည်း ကျွန်တော်မကြိုက်ဘူး ။ ဒါကြောင့် နှမချင်း ကိုယ်ချင်းစာပြီး ဒါမျိုးတွေ မလုပ်ဘူး ။ အဲ့ဒါကြောင့် ဒီလိုအမှားတွေ ကျွန်တော့်မှာ မရှိဘူး ။

ကျွန်တော် အနုပညာကိုတော့ အကောင်းဆုံးလုပ်သွားပါမယ် ။ ကျွန်တော့်ကို ဆဲနေမယ့်အစား ချပြပေးပါဝေဖန်ပေးပါ ရပါတယ်ဗျာ” ဟု ပြောကြားသွား ခဲ့ပါတယ် ။

Unicode

မင်းသားဇေရဲထက်ကတော့ ပရိသတ်တွေ အခိုင်အမာရှိထားပြီး အထူးသဖြင့် မိန်းကလေး ပရိသတ်တွေ တော်တော်လေး ရရှိထားတဲ့ မင်းသားတယောက် ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း မင်းသား ဇေရဲထက်အနေနဲ့ လက်ရှိအချိန်ထိ ချစ်သူမရှိသေးပဲနဲ့ လူပျိုကြီး လုပ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဇေရဲထက် အချစ်ရေးကိုတော့ စိတ်ဝင်စားနေတဲ့ ပရိသတ်တွေ အများအပြားရှိနေပါတယ် ။

ဒါပေမယ့်လည်း ဇေရဲထက်ကတော့ သူ့အနေနဲ့ အသက် ၃၀ ကျော်လာတော့လည်း အိမ်ထောင်မပြုချင်တော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ် ။

အင်တာဗျူး တစ်ခုမှာတော့ ဇေရဲထက်ကတော့ “ကျွန်တော်စုသင့်တာကို စုပြီးသွားပြီလေ ။ ခြိုးခြံချွေတာသင့်တာကိုလည်း ခြိုးခြံချွေတာခဲ့ပြီးပါပြီ ။အခုချိန်က ကျွန်တော်လုပ်ချင်တာ လုပ်ရမယ့် အချိန်ဖြစ်သွားပြီ ။ လုပ်ချင်တာဆိုတာကတော့ မဟုတ်တာလုပ်ဖို့ မဟုတ်ဘူးပေါ့ ။ကိုယ်ပျော်ရာလုပ်ဖို့ပေါ့။ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တချိန်တုန်းက အိမ်မရှိအိုးမရှိ တကောင်ကြွက် ဘဝနဲ့ သူများအိမ်မှာလည်း နေခဲ့ရပြီးပြီ ။အဲ့တုန်းက ခြစ်ချုပ်ပြီးစုခဲ့ရတယ် ။ အခုကတော့ အဆင်ပြေသွားပြီ ။ တယောက်ထဲဆိုတော့ လုပ်ချင်တာလုပ်တယ် ။ ဝယ်ချင်တာဝယ်တယ်”

“ကပ်စီးကနေ နှဲသင့်တဲ့နေရာမှာတော့ နှဲမှာပေါ့ ။ ကိုယ်ချွေးနဖူးကနေ ခြေမကျအောင် ရှာထားရတဲ့ဟာတွေဆိုတော့ နှဲသင့်တဲ့နေရာမှာ နှဲပါတယ် ။

လှူသင့်တာကို လှူတယ် ။ ပေးသင့်တာတော့ ပေးပါတယ် ။ ကျွန်တေ်ာရတဲ့ ပိုက်ဆံတွေကို ချင့်ချိန်ပြီးတော့ သုံးတယ် ။ သူ့နေရာနဲ့သူသုံးတယ်”

ကျွန်တေ်ာတို့ကတော့ ၃၀ ကျော်လာတဲ့အချိန်ကျတော့ နောက်ပိုင်း မယူချင်တော့ဘူး ။ ရဟန်းပြုဖို့ပဲ ။ အသက် ရ၀ ကျော်ရင်တော့ ကိုယ့်ဘာကို ဆုံးဖြတ်ချက်ချထားတာကတော့ သာသနာ့ဘောင်ထဲပဲ နေချင်တယ် ။

သာသနာ့ဘောင်ထဲမှာ နေဖြစ်ရင်တော့ ဘုရားတရားပဲလုပ်မယ် ။ ရ၅ ကျော်ရင်တော့ ရဟန်းခံမလား ။ တရားဘာဝနာနဲ့ပဲ မွေ့လျော်မလားပေါ့နော်”

#credit