Celebrities

ကမ္ဘာခါးအသေးဆုံး ဂင်းနစ်စံချိန်တင်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ ၂ လအတွင်းကြိုးစားသွားမယ့် အကြောင်း ဖွင့်ဟလာတဲ့ လက်ရှိကမ္ဘာ့ဒုတိယ ခါးအသေးဆုံးအမျိုးသမီးဖြစ်သူ မစုမို့မို့နိုင်

အသက် ၂၁ နှစ်အရွယ် မစုမို့မို့နိုင်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ခါအသေးဆုံးအဖြစ် ဗြိတိန်မီဒီယာ Daily Mail ကဖော်ပြခြင်းခံခဲ့ရသူလေးဖြစ်ပါ တယ် သူမကို ဖေ့စ်ဘုတ် ဆယ်လီ နေဆန်းက သွားရောက်တွေ့ဆုံခဲ့ပြီး သူမရဲ့ပုံလေးတွေကို မျှဝေပေးခဲ့တာပါ နေဆန်းကသူမရဲ့ ခါးဟာ ဓာတ်ပုံပညာနဲ့ ပြုပြင်ထားတာမဟုတ်ဘဲ တကယ့်အစစ်ဖြစ်နေလို့ အံ့ဩမိကြောင်းပြောကြားခဲ့ပါသေးတယ်

ယခုအခါမှာတော့ မစုမို့မို့နိုင်က “ကမ္ဘာခါးအသေးဆုံး ဂင်းနစ်စံချိန်တင်ဖို့ ၂ လအတွင်းကြိုးစားသွားမယ်” လို့ ဆိုလာခဲ့တာပါ။

မစုမို့မို့နိုင်က ” လက်ရှိ ခါး အရွယ်အစားက (၁၆) လက်မခွဲ ၊ ရင် က (၃၀) လက်မ ၊ တင် က (၃၅) လက်မ၊ အသက် (၂၁) နှစ် ရှိပါပြီ။ တတိယနှစ် Botany မေဂျာ သင်ယူနေပါတယ် စစချင်း သတိထားမိတာတော့ ထဘီစဝတ်တဲ့အချိန်မှာ ကိုယ့်ခါးက သိသိသာသာ သေးနေတာပေါ့ အဲ့လိုနဲ့စသိတာ နောက်ကျတော့ လူတွေကကိုယ်ထဘီဝတ်ရင်အခေါ်အပြောမလုပ်တာတွေကြုံရပါတယ် ညီမက Gym လည်းမဆော့ပါဘူး ညီမအဘွားကလည်း အခုလိုပဲခါးသေးပါတယ် မျိုးရိုးလိုက်တာပေါ့။ ” လို့ သူ့ရဲ့ လက်ရှိအခြေအနေကိုပြောပြလာခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်ဖို့ ကြိုးစားသွားမှာပါ။အရင်ကတော့ ှရှိမှန်းတောင်မသိခဲ့ဘူးပေါ့နော်။အခုတော့ မီဒီယာပံ့ပိုးမှုရော နောက် ဒီကတခြားအမ တွေကလည်းဝိုင်းပံ့ပိုးကြတော့ ပြိုင်ဖြစ်မှာပါ။ဂရင်းနစ်စံချိန်ဝင်အောင်လည်း သေချာ Gym တွေဘာတွေဆော့ပြီးလုပ်ဖို့လည်း ပြင်ဆင်ထားပြီးပါပြီ” လို့ ဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ…အားလုံးပဲ မစုမိုမို့နိုင်တစ်ယောက် မြန်မာ့ဂုဏ်ဆောင်နိုင်ပါစေလို့ ဝိုင်းဆုတောင်းပေးလိုက်ကြပါအုန်းနော်။

#credit