Lifestyle

သန်လျင်မှာစွန့်ပစ်ပစ္စည်းတွေနဲ့ အဆောက်အဦးတွေ ဆောက်ပေးနေတဲ့ အမေရိကန်က ဇနီးမောင်နှံ

ပရိတ်သတ်ကြီးရေ အမေရိကန် နိုင်ငံသား ဇနီးမောင်နှံ (၂) ဦးမှ သံလျင် သဘာဝတရား ရိပ်သာမှာ Earthship နည်းပညာနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆောက်အဦးတွေကို အလှဆင် ဆောက်လုပ်ပေးလျက် ရှိတယ်လို့ ၎င်းတို့ကို ဝိုင်းဝန်းကူညီပေးနေတဲ့ မအိထံက သိရပါတယ်။”

သဘာဝတရား ရိပ်သာက ဆရာတော်ဆီမှာ volunteer အဖွဲ့တွေ နိုင်ငံတကာကလည်းရှိတယ် မြန်မာနိုင်ငံကလည်းရှိတယ်။

အဲ့ဒီအဖွဲ့တွေနဲ့ပဲ အဆောက်အဦးတွေ တရားရိပ်သာတွေဆောက်တယ်။ အခုလက်ရှိ နိုင်ငံခြားသား၂ဦးကလည်း volunteer အနေနဲ့ လုပ်အားဒါနပြုပြီး Earthship နည်းပညာနဲ့ ပတ်ဝန်းကျင်က ပြန်သုံးလို့ရတဲ့ စွန့်ပစ်စ္စည်းတွေနဲ့ပဲ ဆောက်လုပ်ရတယ် ဆိုတာကို နမူနာဆောက်ပြတာ။ မြန်မာနိုင်ငံကလူတွေလည်း အတွေ့အကြုံရအောင်ဆိုပြီး ဆောက်ပြတာပါ”လို့ မအိက ပြောပါတယ်။

ယင်းကဲ့သို့ ဆောက်လုပ်ရာမှာ အသုံးပြုပြီးတဲ့တာယာများ၊ ပုလင်းများနဲ့ ဆောက်လုပ် တာဖြစ်တာကြောင့် လတ်တလောမှာ အသုံးပြုပြီးတဲ့ ဒီဇိုင်းစုံ အရွယ်စုံ ပုလင်းမျိုးစုံ များစွာလိုအပ်နေတယ်လို့သိရပါတယ်။

“အလင်းတွေကို ဖန်ကနေဝင်အောင် လုပ်ထားတော့ ဖန်ပုလင်းလေးတွေလိုတာပါ။ ဖန်ပုလင်း အသေးလေးတွေလည်း ရပါတယ်။ ပုလင်းဆိုပေမယ့်လည်း လှတဲ့ဟာ လေးတွေဆို ပိုကောင်းတာပေါ့။

အလှဆင်တဲ့အခါကြတော့ပိုကောင်းတာပေါ့။ ဒါပေမယ့်လည်း ရှိတဲ့ပုလင်းတွေလည်း ရပါတယ်။”လို့ မအိက ပြောပါတယ်။ အဆိုပါ လိုအပ်နေတဲ့ အသုံးပြုပြီးတဲ့ ပုလင်းများ လှူဒါန်းလိုပါက မအိ ၀၉၄၂၁၁၀၉၄၄၄ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်မှာပဲ ဖြစ်ပါတယ်။

Unicode

သန်လျင်မှာစွန့်ပစ်ပစ္စည်းတွေနဲ့ အဆောက်အဦးတွေ ဆောက်ပေးနေတဲ့ အမေရိကန်က ဇနီးမောင်နှံ

ပရိတ်သတ်ကြီးရေ အမေရိကန် နိုင်ငံသား ဇနီးမောင်နှံ (၂) ဦးမှ သံလျင် သဘာဝတရား ရိပ်သာမှာ Earthship နည်းပညာနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆောက်အဦးတွေကို အလှဆင် ဆောက်လုပ်ပေးလျက် ရှိတယ်လို့ ၎င်းတို့ကို ဝိုင်းဝန်းကူညီပေးနေတဲ့ မအိထံက သိရပါတယ်။

”သဘာဝတရား ရိပ်သာက ဆရာတော်ဆီမှာ volunteer အဖွဲ့တွေ နိုင်ငံတကာကလည်းရှိတယ် မြန်မာနိုင်ငံကလည်းရှိတယ်။

#credit