Celebrities

လူတန်းစားမခွဲခြားဘဲ ကူညီတတ်တဲ့ စိတ်လေး ရှိကြောင်း ပြသခဲ့တဲ့ ခေးဆက်သွင်

MyanmarCele-Cafe ပရိသတ်ကြီးရေ ခေးဆက်သွင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်လာသူလေးပါ။

” အရိပ် ” ဇာတ်လမ်းတွဲမှာအမာညိုဆိုတဲ့ ဇာတ်ကောင်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်းခံခဲ့ရသူတစ်ယောက်ပါပဲနော်။

ဒါ့အပြင် နှင်းဆီဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ ရင်ထဲမှာ နှင်းဆီဆိုတဲ့ ကာရိုက်တာကို ရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇာတ်ကောင်များစွာကို လုံးဝကွဲထွက်အောင် သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြစရာတောင်မလိုတော့ပါဘူးနော်။

အမြဲ စိတ်ထားကောင်းကာပျော်ပျော်နေတတ်ပြီး သူတစ်ပါးအပေါ်ကို အမြဲ ကူညီတတ်တဲ့ ခေးဆက်သွင်ကတော့ ဒီနေ့မှာလည်း သူမရဲ့ ဒရိုင်ဘာ ရဲ့ အမေနေမကောင်း တာနဲ့ပတ်သက်ပြီး ” အိမ်က ကားမောင်းတဲ့မောင်လေးသူ့အမေနေမကောင်းလို့ မနက်ဖြန်သူ့နယ်ပြန်ချင်တယ်လို့ ပြောတော့စိတ်ထဲ မကောင်းဖြစ်သွားတယ်…

.မိဘရှိနေသေးတဲ့ အချိန်ဂရုစိုက်ပေးစေချင်တာရယ်ကိုယ်လည်း အမေချစ်(တခါတလေ ဆိုးတာလေးကလွဲရင်) ဆိုတော့ပြန်ပြန် ကရင်ရေ…ငါ သွားစရာရှိလည်းသူငယ်ချင်းတွေပို့ခိုင်းလိုက်မယ်Taxiနဲ့ သွားလိုက်မယ်အမေက အရေးကြီးတယ် ဟလို့ပြောရင်း စာအိတ်လေးထဲမေတ္တာလေးတွေ ထည့်ပေးမိတယ်…” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်လာခဲ့တာပါ။

စာအိတ်လေးပေါ်ကစာလေးတွေကို ဖတ်လိုက်ရုံနဲ့ သူမရဲ့ အလုပ်သမားတွေအပေါ်မှာလည်း မောင်နှမသဖွယ် ဆက်ဆံတတ်တဲ့ သူဆိုတာ အထူးပြောစရာမလိုလောက်အောင်ပါပဲနော်။

MyanmarCele-Cafe ပရိသတ်ကြီးလည်း စိတ်ထားကောင်းပြီး မွန်မြတ်တဲ့စိတ်လေးရှိတဲ့ ခေးဆက်သွင်ကို သဘောကျအားပေးရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့MyanmarCele-Cafeပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


#credit