Celebrities

အရင်လို ပရဟိတလုပ်ပြီး လူတွေကိုကူညီနိုင်ဖို့ အကောင်းဆုံးပြန်လည်ကြိုးစားသွားမယ်ဆိုတဲ့ ယုန်လေး

လွန်ခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေကြောင့် လူမှုကွန်ရက်အသုံးပြုမှုရပ်နားခဲ့တဲ့ ယုန်လေးကတော့ ဒီနေ့မှာ စိတ်ကို အကောင်းဆုံးပြန်လည်တည်ဆောက်ပြီး ရှေ့ဆက်သွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေလာပါတယ်။ သူ့ဘဝရဲ့ခက်ခဲခဲ့တဲ့အချိန်တွေမှာ အားပေးကူညီပေးခဲ့ကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ဒီနေ့ကစပြီး အရင်လိုပဲ ပို့စ်တွေပြန်တင်ကာ ပရိသတ်နဲ့ပြန်လည်ထိတွေ့သွားပါမယ့်အကြောင်း ရေးသားခဲ့ပါတယ်။

ယုန်လေးကတော့ ဟိုးအရင်ကတည်းက သူရရှိတဲ့အနုပညာကြေးလေးတွေကို ပရဟိတလုပ်ကာ အကူညီလိုသူအချို့ကို ကူညီထောက်ပံ့နေသူပါ။ ဒီတစ်ခေါက်ဖြစ်ပွားခဲ့တဲ့ ဂယက်ကြောင့် ယုန်လေးကို ရုပ်ရှင်အစည်းအရုံးက အနုပညာလှုပ်ရှားခွင့် တစ်နှစ်ပိတ်လိုက်ပေမယ့်လည်း We Stand With Yone Lay, We Love Yone Lay Group တွေက အမာခံပရိသတ်တွေက သူတာဝန်ယူကူညီပေးနေတဲ့သူတွေကို လစဉ်စုငွေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အခုလို သူ့ကို အားပေးကူညီပေးတဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်လည်း ရုပ်ရှင်အစည်းအရုံးကို စာတင်စရာမလိုဘဲ ရိုက်ကူးလို့ရတဲ့ ဖေ့ဘွတ်ခ်ဗွီဒီယိုလေးတွေနေတဆင့် သူ့ဘဝကို ပြန်လည်တည်ဆောက်သွားမှာဖြစ်ပြီး အရင်လို ပရဟိတတွေ လိုအပ်တဲ့လူတွေကို ကူဖို့ မရရအောင် ပြန်ကြိုးစားသွားမယ့်အကြောင်းကို ဒီနေ့မှာ ရေးသားမျှဝေလာပါတယ်… အားအင်သစ်တွေနဲ့ တဖန်ပြန်လည်ရပ်တည်ဖို့ ကြိုးစားနေတဲ့ယုန်လေးအတွက် အားပေးစကားပြောခဲ့ပါဦး ပရိသတ်ကြီးရေ…

Source – Yone Lay
Rainbow- Cele Gabar

#credit