Zawgyiဖြင့် ဖတ်ရန်အတွက် Unicodeအောက်တွင် ဖော်ပြပေးထားပါသည် ။
Unicodeဖြင့် ဖတ်ရန်
ဒကာမတစ်ယောက်က ဆရာတော်ကို ကားဝယ်စီးဖို့ အလှူငွေ သိန်း ၁၅၀နဲ့ ဒေါ်လာ (၁၅၀၀) ကို လှူဒါန်းခဲ့ပါတယ် ။ ဒီအလှူငွေတွေကို ဆရာတော်က ဆေးခန်းဆောက်ဖို့ လိုအပ်နေတဲ့ နေရာမှာ ပြန်လည်လှူဒါန်းခဲ့ပါတယ် ။
ဆရာတော်က ဒီအလှူငွေတွေကို ပင်းတယမီးရှင်ဆုရ ဆရာဝန်ကြီးဒေါက်တာ သန်းမင်းထွဋ်ထံ ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။
ဆရာတော်က ခုလိုမိန့်ကြားခဲ့ပါတယ် ။ “ဒကာမကြီးတစ်ယောက်က ဘုန်းကြီးကို ငွေတွေလှူတယ် ။ ကားဝယ်စီးဖို့တဲ့”ဘုန်းကြီးက စဉ်းစားတယ် ။
ငါ့မှာ ကားလိုလားလို့ ။ သွားချင်ရင် Taxi ငှားသွားလည်းရတယ် ။ မိတ်ဆွေတွေဆီက ကားအကူအညီ တောင်းရင်ရတယ် ။
ဒီငွေတွေ ငါ့အတွက် မသုံးဖို့ ၊ လိုတဲ့နေရာ လှူမယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဒကာမကြီးကို ပြောတော့ ဒကာမကြီးက အရှင်ဘုရား ကြိုက်ရာသုံးပါလို့ ပြောရှာတယ် ။
ဘုနျးကွီးက facebook မသုံးတော့ ဒကာကွီး အကွောငျးကို မသိဘူး ။ ဒါပမေယ့ျ ပထမတဈခေါကျ မွောငျးမွကို လာကတညျးက ဒကာကွီး ဘာလုပျနတေယျဆိုတာ ဘုနးျကွီးသဘော ပေါကျသှားတယျ ။အခု ဒီငွေတွေကို ဒကာကြီးတို့ မြောင်းမြမြို့နယ်ထဲက ဦးနုချောင်းရွာလေးမှာ ဆေးခန်းဆောက်ဖို့ ဘုန်းကြီးလာလှူပါတယ် ။
ဒကာကြီး အစီအမံနဲ့ ဦးနုချောင်းရွာ ဆေးခန်းလေးကို စိတ်ကြိုက်ဆောက်ပါတော့” အရှင်သီရိန္ဒာစာရ ၊ သီရိန္ဒာရာမ ပရဟိတ ဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်၊ (၁၃)ရပ်ကွက်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း ။
ဆေးခန်းဆောက်ဖို့ အလှူငွေလက်ခံခဲ့တဲ့ ဒေါက်တာ သန်းမင်းထွဋ်က ခုလို ပြောခဲ့ပါတယ်…“ဒီစကားတွေနဲ့အတူ ဆရာတော်က ၀တ္ထုငွေကျပ်သိန်း ၁၅၀နဲ့ ဒေါ်လာ ၁၅၀၀ ကို ဒီနေ့လာရောက်လှူဒါန်းခဲ့ပါတယ် ။
ဒီဆေးခန်းလေး ပြီးရင် ဦးနုချောင်း အပါအဝင် ရွာခုနစ်ရွာက ပြည်သူ ၂၇၃၃ ဦး အတွက် ကျန်းမာရေး စောင့်ရှောက်မှုအဆင်ပြေသွားတော့မှာပါ ။ဆရာတော်နဲ့ တိုင်ပင်ထားမှုအရ ရေရှားတဲ့ ဦးနုချောင်းရွာလေးမှာ အဝီစိတွင်းလည်း တူးပေးပါတော့မယ်။ မြောင်းမြမှာ တဲကုပ်ကုပ်နဲ့ စုတ်ပြတ်နေတဲ့ ဆေးခန်း (၂၈) ခန်း ရှိနေပါတယ် ။
အခု ငါးခန်းမြောက်ကိုတော့ အလှူခံ ဆောက်လုပ်နေပါပြီ ။ ကျွန်တော် မြောင်းမြမှာ ရှိသရွေ့ စွမ်းသမျှ နိုင်သမျှ ဆေးခန်းလေးတွေ ဆောက်ပေးသွားပါမယ် ။ ကျွန်တေ်ာတို့ ပြည်သူတွေ ကျန်းမာရေး အလှမ်းမဝေးကြပါစေနဲ့လို့ ဆုတောင်းလျက်ပါ။”
ရှားပါးလှတဲ့ စေတနာရှင် ဆရာတော်နှင့် ရှားပါးလှတဲ့ မီးအိမ်ရှင်ဆရာဝန်တို့ ဆုံကြတဲ့အခါ ပြည်သူတွေအတွက် ၀မ်းမြောက်ဖွယ်ရာ ရလာဒ်တွေ ရရှိခဲ့ပါတယ် ။
စာဖတ်သူ ပရိသတ်တို ့ကလည်း ဆရာတော် ဘုရားကြီးရဲ့ မွန်မြတ်လှသော အလှူတော်အပေါ် သာဓုခေါ်နိုင်ကြပါစေ ။ အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။
Zawgyiဖြင့် ဖတ်ရန်
ဒကာမတစ်ယောက်က ဆရာတော်ကို ကားဝယ်စီးဖို့ အလှူငွေ သိန်း ၁၅၀နဲ့ ဒေါ်လာ (၁၅၀၀) ကို လှူဒါန်းခဲ့ပါတယ် ။ ဒီအလှူငွေတွေကို ဆရာတော်က ဆေးခန်းဆောက်ဖို့ လိုအပ်နေတဲ့ နေရာမှာ ပြန်လည်လှူဒါန်းခဲ့ပါတယ် ။
ဆရာတော်က ဒီအလှူငွေတွေကို ပင်းတယမီးရှင်ဆုရ ဆရာဝန်ကြီးဒေါက်တာ သန်းမင်းထွဋ်ထံ ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။ဆရာတော်က ခုလိုမိန့်ကြားခဲ့ပါတယ် ။ “ဒကာမကြီးတစ်ယောက်က ဘုန်းကြီးကို ငွေတွေလှူတယ် ။ ကားဝယ်စီးဖို့တဲ့”ဘုန်းကြီးက စဉ်းစားတယ် ။ငါ့မှာ ကားလိုလားလို့ ။ သွားချင်ရင် Taxi ငှားသွားလည်းရတယ် ။ မိတ်ဆွေတွေဆီက ကားအကူအညီ တောင်းရင်ရတယ် ။
ဒီငွေတွေ ငါ့အတွက် မသုံးဖို့ ၊ လိုတဲ့နေရာ လှူမယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဒကာမကြီးကို ပြောတော့ ဒကာမကြီးက အရှင်ဘုရား ကြိုက်ရာသုံးပါလို့ ပြောရှာတယ် ။ဒါနဲ့ ဘုန်းကြီးလည်း ဘယ်နေရာ လှူရမလဲ ရှာနေတုန်း ဒကာမကြီး ဒေါ်အေးအေးချို (မင်္ဂလာဈေး)က ဒကာကြီးအကြောင်းကို ပြောပြတယ် ။
ဘုန်းကြီးက facebook မသုံးတော့ ဒကာကြီး အကြောင်းကို မသိဘူး ။ ဒါပေမယ့် ပထမတစ်ခေါက် မြောင်းမြကို လာကတည်းက ဒကာကြီး ဘာလုပ်နေတယ်ဆိုတာ ဘုန်းကြီးသဘော ပေါက်သွားတယ် ။
အခု ဒီငွေတွေကို ဒကာကြီးတို့ မြောင်းမြမြို့နယ်ထဲက ဦးနုချောင်းရွာလေးမှာ ဆေးခန်းဆောက်ဖို့ ဘုန်းကြီးလာလှူပါတယ် ။ဒကာကြီး အစီအမံနဲ့ ဦးနုချောင်းရွာ ဆေးခန်းလေးကို စိတ်ကြိုက်ဆောက်ပါတော့” အရှင်သီရိန္ဒာစာရ ၊ သီရိန္ဒာရာမ ပရဟိတ ဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်၊ (၁၃)ရပ်ကွက်၊ ဒဂုံမြို့သစ် အရှေ့ပိုင်ဆေးခန်းဆောက်ဖို့ အလှူငွေလက်ခံခဲ့တဲ့ ဒေါက်တာ သန်းမင်းထွဋ်က ခုလို ပြောခဲ့ပါတယ်…“ဒီစကားတွေနဲ့အတူ ဆရာတော်က ဝတ္ထုငွေကျပ်သိန်း ၁၅၀နဲ့ ဒေါ်လာ ၁၅၀၀ ကို ဒီနေ့လာရောက်လှူဒါန်းခဲ့ပါတယ် ။
ကျွန်တော့်ရဲ့ ပဉ္စမမြောက်ဆေးခန်းလေး မကြာခင် ဦးနုချောင်းရွာမှာ ပေါ်ပေါက်လာပါတော့မယ် ။ လောလောဆယ် ဆေးခန်းမရှိလို့ မူကြိုကျောင်းလေးကို ဆေးခန်းလုပ်ထားရပါတယ် ။ဒီဆေးခန်းလေး ပြီးရင် ဦးနုချောင်း အပါအဝင် ရွာခုနစ်ရွာက ပြည်သူ ၂၇၃၃ ဦး အတွက် ကျန်းမာရေး စောင့်ရှောက်မှုအဆင်ပြေသွားတော့မှာပါ ။ဆရာတော်နဲ့ တိုင်ပင်ထားမှုအရ ရေရှားတဲ့ ဦးနုချောင်းရွာလေးမှာ အဝီစိတွင်းလည်း တူးပေးပါတော့မယ်။ မြောင်းမြမှာ တဲကုပ်ကုပ်နဲ့ စုတ်ပြတ်နေတဲ့ ဆေးခန်း (၂၈) ခန်း ရှိနေပါတယ် ။
အခု ငါးခန်းမြောက်ကိုတော့ အလှူခံ ဆောက်လုပ်နေပါပြီ ။ ကျွန်တော် မြောင်းမြမှာ ရှိသရွေ့ စွမ်းသမျှ နိုင်သမျှ ဆေးခန်းလေးတွေ ဆောက်ပေးသွားပါမယ် ။ ကျွန်တေ်ာတို့ ပြည်သူတွေ ကျန်းမာရေး အလှမ်းမဝေးကြပါစေနဲ့လို့ ဆုတောင်းလျက်ပါ။”
ရှားပါးလှတဲ့ စေတနာရှင် ဆရာတော်နှင့် ရှားပါးလှတဲ့ မီးအိမ်ရှင်ဆရာဝန်တို့ ဆုံကြတဲ့အခါ ပြည်သူတွေအတွက် ဝမ်းမြောက်ဖွယ်ရာ ရလာဒ်တွေ ရရှိခဲ့ပါတယ် ။
စာဖတ်သူ ပရိသတ်တို့ကလည်း ဆရာတော် ဘုရားကြီးရဲ့ မွန်မြတ်လှသော အလှူတော်အပေါ် သာဓုခေါ်နိုင်ကြပါစေ ။ အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို အထူးပင်ကျေးဇူးတင်ရှိပါတယ် ။