Celebrities

လိုအပ်နေတဲ့သူတွေကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ ကြည်နူးပီတိတွေကိုပြောပြလာတဲ့ ပိုင်ဖြိုးသု

မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ ချစ်စရာကောင်းသလို စိတ်ထားကောင်းတဲ့မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ သုသုလို့လည်း ချစ်စနိုးခေါ်တဲ့မင်းသမီးလေးကတော့ သရုပ်ဆောင်ရာမှာပီပြင်ပိုင်နိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာကိုလည်းရရှိထားတာပါ။

သုသုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “လိုအပ်နေတဲ့ အချိန်၊ အမှန်တကယ်လိုအပ်နေတဲ့သူတွေ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းရတာက တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သုသုက တော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့အိမ် ထောင်စု တွေကို နက်စ်လေမြန်မာရဲ့ ထုတ်ကုန် တွေ လဲလှယ်နိုင်မယ့်ကူပွန်တွေ ကို We Love Yangon အဖွဲ့ သားတွေနဲ့ အတူ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အခုလို တထောင့်တစ်နေရာကနေ ကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အတွက် နက်စ်လေမြန်မာကို အားလုံးရဲ့ ကိုယ်စားကျေးဇူးတင်ပါတယ်။ လက်ခံရရှိတဲ့ မိသားစုတွေ ရဲ့ အပြုံး တွေကို ကြည့်ပြီး ရင်ထဲ မှာ တကယ်ကို ဝမ်းသာကြည်နူးမိပါတယ်။ သုသုရဲ့ Vitamin Ts လေးတွေလည်း ပုံလေးတွေ ကြည့်ပြီး ပျော်ရအောင်မျှဝေလိုက်ရပါတယ်နော်။” ဆိုပြီးတော့ လိုအပ်တဲ့နေရာတွေကို သွားရောက်လှူဒါန်းရတဲ့ပီတိလေးတွေကို ပြောပြလာပါတယ်။

သုသုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ နေ့စဉ်လှုပ်ရှားမှုတွေကို မကြာခဏမျှဝေပေးလေ့ရှိသလို ပရိသတ်တွေကိုလည်း အလေးထားတဲ့သူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့အမာခံပရိသတ်လေးဖြစ်တဲ့ Vitamin Ts လေးတွေကိုလည်း မမေ့မလျော့ပဲ သူ့ရဲ့အလှူလေးအကြောင်းကို ပြန်လည်မျှဝေသွားပေးတာပါ။
Source : PaingPhyoThu

#credir cele gabar