Lifestyle

မသန်မစွမ်းသားဖြစ်သူကို သွားတဲ့နေရာတိုင်းအမြဲခေါ်ဆောင်ကာ ရေခဲခြစ်ရောင်းစားနေရပြီးအပြုံးမပျက်တဲ့ ဦးလေးကြီးအဖြစ်

လူတိုင်းကတော့ ကိုယ့်ရဲ့ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်ကြပေမဲ့လည်း သားသမီးရှိလာပြီဆိုရင်တော့ ကိုယ့်ရဲ့သားသမီးအတွက် ငဲ့ညာပေးကြရမှာ သဘာဝပါပဲလေ ။

ထို့အတူပါပဲ ဒီတစ်ခေါက်ဖော်ပြမဲ့ အန်ကယ် Dam ဆိုတဲ့ ဦးလေးကြီးဟာလည်း သူရောင်းနေတဲ့ ရေခဲခြစ်ဟာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာဆိုလျှင် အတော်လေးလူကြိုက်များနေလျက်ရှိတဲ့အပြင် သူ၏ဘဝ နောက်ခံအကြောင်းအရာမှာလည်း အတော်လေးကိုဝမ်းနည်ကြေကွဲဖို့ကောင်းတဲ့အပြင် ခွန်အားများလည်းရစေပါတယ် ။

အန်ကယ် Dam ရဲ့သားဖြစ်သူဟာ 8လသားအရွယ်ရောက်မှ မသန်မစွမ်းကလေးငယ်တစ်ယောက်ဖြစ်နေခဲ့တာကို သိရှိခဲ့ရပြီးနောက် ဇနီးဖြစ်သူဟာ အန်ကယ် Dam နှင့် သားဖြစ်သူတို့ကို စွန့်ပစ်ခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ကြောင့် အန်ကယ်Dam ဟာ ယူကျုံးမရ၊ ဝမ်းနည်ကြေကွဲခဲ့ရပြီး ကိုယ့်ကိုအဆုံးစီရင်လိုက်ဖို့အထိတောင် ဖြစ်ပျက်ခဲ့ရပါတယ် ။

သို့ပေမဲ့လည်း အန်ကယ် Dam ဟာ ကိုယ့်ကိုပြန်ထိန်းပြီး သားဖြစ်သူရဲ့ဆေးဝါးကုသစရိတ်အတွက် ကိုယ်ပိုင်စီးပွားရေးစပြီလုပ်ကိုင်ခဲ့ပါတယ် ။

” ကျွန်တော်က လက်ရှိအချိန်ကိုသာ အာရုံစိုက်ပြီး ဘဝကိုဖြတ်သန်းပါတယ် ၊ ပြီးတော့ ကိုယ့်ရဲ့အကြောင်းပြချက်တွေနဲ့ပဲ ပျော်ရွှင်အောင်နေတယ် ၊အတိတ်က အတိတ်မှာကျန်ရစ်ခဲ့ပြီ ၊ ကျွန်တော်တို့ လက်ရှိအချိန်မှာ အပျော်ရွှင်ဆုံးရှိနေသင့်တယ် ၊

အနာဂတ်ကလည် ကြိုပြီးခန့်မှန်းလို့မရဘူး ၊ အဲ့ကြောင့်လည်း အဲ့အတွက် အများကြီးစိုးရိမ်မနေပါဘူး ” ဆိုပြီး သူ့ဘဝရပ်တည်နေခဲ့တဲ့ပုံစံကို ပြောပြခဲ့ပါတယ် ။

အန်ကယ်Dam ဟာ ဘန်ကောက်မြို့ထဲမှာနေထိုင်သူမဟုတ်ဘဲ မြို့အစွန်ဖက်မှာနေထိုင်သူဖြစ်သောကြောင့် လက်ရှိမှာတော့ စျေးရောင်းချမည့်နေရာသို့ သားဖြစ်သူကိုလည်း ခေါ်ဆောင်လာကာ အမြဲ 6km ခန့် လမ်းလျှောက်နေခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ အန်ကယ် Dam ဟာ Rat Burana နေရာမှာ ရေခဲခြစ်ရောင်းနေလျက်ရှိပါတယ် ။

အန်ကယ် Dam ရဲ့ရေခဲခြစ်ဟာ အတော်လေးကို အရသာကောင်းလွန်းပြီး ၊ အရသာမျိုးစုံလည်းရရှိကာ နာမည်ကြီး လူကြိုက်များလျက်ရှိကြောင်းသိရှိရပါတယ် ။

အစပိုင်းမှာတော့ သားရဲ့ဆေးကုသစရိတ်အတွက် ရေခဲခြစ်တစ်ခွက်ကို 15 Baht နဲ့ ရောင်းချခဲ့ပေမဲ့လည်း စျေးဝယ်များက စျေးကြီးလွန်းကြောင်း ပြောဆိုခဲ့ကြ၍ ယခုချိန်မှာတော့ ရေခဲခြစ်တစ်ခွက်ကို 10 Baht နှင့်သာ ရောင်းချနေလျက်ရှိကြောင်း သိရှိရပါတယ် ။

သားဖြစ်သူရဲ့ ဆေးကုသစရိတ်အတွက် ပိတ်ရက်မရှိဘဲ အမြဲရောင်းချနေသောကြောင့် စျေးဝယ်များအခိုင်အမာရရှိထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Unicode

မသန်မစွမ်းသားဖြစ်သူကို သွားတဲ့နေရာတိုင်းအမြဲခေါ်ဆောင်ကာ ရေခဲခြစ်ရောင်းစားနေရပြီးအပြုံးမပျက်တဲ့ ဦးလေးကြီးအဖြစ်

လူတိုင်းကတော့ ကိုယ့်ရဲ့ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်ကြပေမဲ့လည်း သားသမီးရှိလာပြီဆိုရင်တော့ ကိုယ့်ရဲ့သားသမီးအတွက် ငဲ့ညာပေးကြရမှာ သဘာဝပါပဲလေ ။

ထို့အတူပါပဲ ဒီတစ်ခေါက်ဖော်ပြမဲ့ အန်ကယ် Dam ဆိုတဲ့ ဦးလေးကြီးဟာလည်း သူရောင်းနေတဲ့ ရေခဲခြစ်ဟာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာဆိုလျှင် အတော်လေးလူကြိုက်များနေလျက်ရှိတဲ့အပြင် သူ၏ဘဝ နောက်ခံအကြောင်းအရာမှာလည်း အတော်လေးကိုဝမ်းနည်ကြေကွဲဖို့ကောင်းတဲ့အပြင် ခွန်အားများလည်းရစေပါတယ် ။

အန်ကယ် Dam ရဲ့သားဖြစ်သူဟာ 8လသားအရွယ်ရောက်မှ မသန်မစွမ်းကလေးငယ်တစ်ယောက်ဖြစ်နေခဲ့တာကို သိရှိခဲ့ရပြီးနောက် ဇနီးဖြစ်သူဟာ အန်ကယ် Dam နှင့် သားဖြစ်သူတို့ကို စွန့်ပစ်ခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ကြောင့် အန်ကယ်Dam ဟာ ယူကျုံးမရ၊ ဝမ်းနည်ကြေကွဲခဲ့ရပြီး ကိုယ့်ကိုအဆုံးစီရင်လိုက်ဖို့အထိတောင် ဖြစ်ပျက်ခဲ့ရပါတယ် ။

သို့ပေမဲ့လည်း အန်ကယ် Dam ဟာ ကိုယ့်ကိုပြန်ထိန်းပြီး သားဖြစ်သူရဲ့ဆေးဝါးကုသစရိတ်အတွက် ကိုယ်ပိုင်စီးပွားရေးစပြီလုပ်ကိုင်ခဲ့ပါတယ် ။

” ကျွန်တော်က လက်ရှိအချိန်ကိုသာ အာရုံစိုက်ပြီး ဘဝကိုဖြတ်သန်းပါတယ် ၊ ပြီးတော့ ကိုယ့်ရဲ့အကြောင်းပြချက်တွေနဲ့ပဲ ပျော်ရွှင်အောင်နေတယ် ၊အတိတ်က အတိတ်မှာကျန်ရစ်ခဲ့ပြီ ၊ ကျွန်တော်တို့ လက်ရှိအချိန်မှာ အပျော်ရွှင်ဆုံးရှိနေသင့်တယ် ၊

အနာဂတ်ကလည် ကြိုပြီးခန့်မှန်းလို့မရဘူး ၊ အဲ့ကြောင့်လည်း အဲ့အတွက် အများကြီးစိုးရိမ်မနေပါဘူး ” ဆိုပြီး သူ့ဘဝရပ်တည်နေခဲ့တဲ့ပုံစံကို ပြောပြခဲ့ပါတယ် ။

အန်ကယ်Dam ဟာ ဘန်ကောက်မြို့ထဲမှာနေထိုင်သူမဟုတ်ဘဲ မြို့အစွန်ဖက်မှာနေထိုင်သူဖြစ်သောကြောင့် လက်ရှိမှာတော့ ဈေးရောင်းချမည့်နေရာသို့ သားဖြစ်သူကိုလည်း ခေါ်ဆောင်လာကာ အမြဲ 6km ခန့် လမ်းလျှောက်နေခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ အန်ကယ် Dam ဟာ Rat Burana နေရာမှာ ရေခဲခြစ်ရောင်းနေလျက်ရှိပါတယ် ။

အန်ကယ် Dam ရဲ့ရေခဲခြစ်ဟာ အတော်လေးကို အရသာကောင်းလွန်းပြီး ၊ အရသာမျိုးစုံလည်းရရှိကာ နာမည်ကြီး လူကြိုက်များလျက်ရှိကြောင်းသိရှိရပါတယ် ။

အစပိုင်းမှာတော့ သားရဲ့ဆေးကုသစရိတ်အတွက် ရေခဲခြစ်တစ်ခွက်ကို 15 Baht နဲ့ ရောင်းချခဲ့ပေမဲ့လည်း ဈေးဝယ်များက ဈေးကြီးလွန်းကြောင်း ပြောဆိုခဲ့ကြ၍ ယခုချိန်မှာတော့ ရေခဲခြစ်တစ်ခွက်ကို 10 Baht နှင့်သာ ရောင်းချနေလျက်ရှိကြောင်း သိရှိရပါတယ် ။

သားဖြစ်သူရဲ့ ဆေးကုသစရိတ်အတွက် ပိတ်ရက်မရှိဘဲ အမြဲရောင်းချနေသောကြောင့် ဈေးဝယ်များအခိုင်အမာရရှိထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

#credits